သုံးစွဲသူအနည်းစုနဲ့ စမ်းသပ်နေတာပါ

Twitter ဟာ CES နည်းပညာပြပွဲမှာ ကနဦး မိတ်ဆက်သွားတဲ့ feature တစ်ခုကို စတင်စမ်းသပ်နေပြီလို့ ဆိုပါတယ်။

The Verge သတင်းမှာ Twitter ဟာ Tweet အောက်မှာ လူဘယ်လောက်ပဲ reply ပြန်နိုင်မယ်ဆိုတာကို ကန့်သတ်ဖို့ လုပ်နေတာပါ။ ဒီစမ်းသပ်မှုမှာ Tweet တစ်ခု ရေးပြီးတာနဲ့ အဲဒီ Tweet ကို လူအားလုံး ဒါမှမဟုတ် ကိုယ် follow လုပ်ထားတဲ့ လူတွေ ဒါမှမဟုတ် @ သင်္ကေတနဲ့ နာမည်ခေါ်ထားသူတွေပဲ စာပြန်လို့ ရမလားဆိုတာ ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။




Photo: Reporter.am

Tweet အောက်မှာ စာပြန်မှု ကန့်သတ်လိုက်မယ်ဆိုရင် လူတိုင်းဟာ Tweet ကို မြင်နိုင် ၊ like လုပ်နိုင် Retweet လုပ်နိုင်ပေမယ့် သူတို့ကို ပိတ်ထားရင် Reply လုပ်နိုင်မှာ မဟုတ်ပါဘူး။ Twitter ဟာ Reply ပြန်လို့ ရမရ သိစေဖို့ reply settings ကန့်သတ်ထားတဲ့ Tweets တွေကိုလည်း label တပ်ပေးသွားမှာပါ။ ဒီ feature ကို iOS ၊ Android နဲ့ web app ပေါ်က ကန့်သတ်ထားတဲ့ လူအနည်းစုလောက်ပဲ သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို Tweet စာပြန်မှု ကန့်သတ်လိုက်ခြင်းဟာ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က တလွဲအသုံးချမှုတွေ ၊ ရန်လိုတုန့်ပြန်မှုတွေကို ကာကွယ်နိုင်ဖို့ ရှိပါတယ်။ သီးသန့်လူအနည်းစုအတွက်ပဲ Reply ပြန်ခွင့်ပေးလိုက်ခြင်းကြောင့် စကားဝိုင်းကို ပိုပြီး အာရုံစိုက်နိုင်စေသလို ပိုပြီးလည်း တွေးခေါ်လာစေနိုင်မှာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း Twitter ဟာ လူမှုကွန်ရက်ပလက်ဖောင်းပေါ်က စကားပြောဆိုမှုတွေ ပိုပြီး ထိရောက်စေဖို့ feature သစ်တွေ အကောင်အထည်ဖော်ခဲ့ပါတယ်။

Twitter ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း COVID-19 အချက်အလက်အမှား ဖော်ပြတဲ့ Tweet တွေကို label အညွှန်းထိုး သတိပေးမှု လုပ်ဆောင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က