iOS တွေမှာ အရင် ဖြန့်ချိသွားမှာပါ
Nyein Min Wai

Twitter မှာ အသံနဲ့ Tweet လို့ ရပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဖြန့်ချိလိုက်တဲ့ Audio Record feature ဟာ iOS သုံးစွဲသူတွေအတွက် အရင်ဆုံး မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Tweet တွေကို စာနဲ့မဟုတ်ဘဲ အသံနဲ့ ပေးပို့နိုင်မယ့် စနစ်ဟာ စက္ကန့် ၁၄၀ အထိ ဖမ်းပေးမှာပါ။ လောလောဆယ် ဒီ feature ကို သုံးစွဲနိုင်မယ့်သူဦးရေကိုလည်း အရေအတွက် ကန့်သတ်ထားတယ်လို့ The Verge သတင်းက ဆိုပါတယ်။ 



“တစ်ခါတစ်လေမှာ စာလုံးရေ ၂၈၀ နဲ့ မလောက်တာတွေ ရှိပါတယ်။ တစ်ချို့စကားပြောပုံစံ နည်းနည်းလောက်ကွဲတာကလည်း ဘာသာပြန်လို့ မရတာ ဖြစ်ကြပါတယ်။ ဒီနေ့က စပြီး Twitter သုံးသူတွေကို ကိုယ့်အသံနဲ့ကိုယ် ပိုပြီး လူသားဆန်ဆန် ထိတွေ့နိုင်စေမယ့် feature သစ်တစ်ခု စမ်းသပ်နေပါတယ်။

” လို့ Twitter ရဲ့ ဘလော့ဂ်မှာ ထုတ်ပြန်ပါတယ်။

Audio Tweet သုံးနိုင်မယ့် user တွေဟာ Tweet တင်တဲ့အခါ ကင်မရာဘေးနားက လှိုင်းပုံစံ Icon လေးကို နှိပ်ပြီး ပြီး ကိုယ်ပြောချင်တဲ့ သတင်းစကားကို အသံဖမ်းပြီး Tweet အဖြစ် တင်နိုင်မှာ ဖြစ်ပါတယ်။ စက္ကန့် ၁၄၀ အထိ ကြာအောင် Voice Tweet ဖမ်းပေးနိုင်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန် ပြည့်သွားတာနဲ့ နောက်ထပ် Voice Tweet သစ်ကို အလိုအလျောက် ဖန်တီးနိုင်အောင် လုပ်ပေးသွားမှာပါ။

ထူးခြားတာက Audio Clip သုံးတိုင်း ကိုယ့်ရဲ့ Profile Picture နဲ့ ချိတ်ပေးထားမှာ ဖြစ်ပါတယ်။ နောက်ပြီး မူရင်း Tweet တွေမှာပဲ အသံထည့်ပေးနိုင်မယ်လို့ ဆိုပါတယ်။ Twitter ရဲ့ ဒီ feature ကို IOS Users အားလုံး သုံးနိုင်အောင် နောက်ထပ် ရက်သတ္တပတ်တွေမှာ ဆက်လက်ဖြန့်ချိန်သွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က