high-profile အကောင့်ပေါင်း ၁၃၀ ခန့် တိုက်ခိုက်ခံခဲ့ရတာပါ

ပြီးခဲ့တဲ့တစ်ပတ်က Twitter အကောင့်များ ထိန်းချုပ်ခံရမှုမှာ cryptocurrency exchange လုပ်ငန်းတစ်ခုဖြစ်တဲ့ Coinbase ရဲ့ အကောင့်လည်း ပါဝင်ခဲ့ပါတယ်။

Bitcoin scam လုပ်ပြီး နာမည်ကြီးပုဂ္ဂိုလ်နဲ့ ဘီလျံနာတွေပါဝင်တဲ့ အကောင့်ပေါင်း ၁၃၀ ခန့်ရဲ့ အကောင့်များ တိုက်ခိုက်ခံရမှုမှာဟာ Twitter ပေါ်က အကြီးမားဆုံး စောရမှုကြီးတစ်ခုအဖြစ် လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ Coinbase ၊ Bitcoin ၊ Ripple ၊ Coindesk နဲ့ Binance တို့လို cryptocurrency exchanges တွေရဲ့ Twitter အကောင့်လည်း ဟက်ကာတွေရဲ့ ထိန်းချုပ်မှု ခံလိုက်ရပါတယ်။




Photo: BBC

The Verge သတင်းအရ Coinbase ဟာ ဒီတိုက်ခိုက်မှုဖြစ်ပွားနေစဉ်အတွင်း ဖောက်သည်ပေါင်း ၁၁၀၀ ဝန်းကျင်ကို ဟက်ကာတွေဆီ bitcoin ပို့မှုကနေ ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Coinbase ဟာ ဟက်ကာတွေဆီ ပို့မယ့် BTC 30.4 (ဒေါ်လာ ၂ သိန်း ၈ သောင်းခန့်) ကို မလွှဲဖြစ်အောင် ဟန့်တားနိုင်ခဲ့တာ ဖြစ်ပါတယ်။

"အဲ့ဒီ scam ကို သတိပြုမိလိုက်ပါတယ်။ ကနဦးတက်လာတဲ့ scam posts တွေ တွေ့ရပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ဘက်ကနေ transactions အဝင်အထွက်တွေ စပြီး ပိတ်ပင်လိုက်ပါတယ်။" လို့ Coinbase ပြောရေးဆိုခွင့်ရှိသူက The Verge ကို ပြောပါတယ်။

Bitcoin scam လုပ်ပြီး လိမ်ညာသူတွေ ပို့လိုက်တဲ့ bitcoin address ကို ပိတ်ချခြင်း မလုပ်ခင်မှာ Coinbase သုံးသူ ၁၄ ဦးဟာ ဟက်ကာတွေဆီ ဒေါ်လာ ၃၀၀၀ ပေးပို့ခဲ့တယ်လို့လည်း Business Insider သတင်းမှာ ဖော်ပြထားပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က တိုက်ခိုက်မှုအတွင်း Twitter တိုက်ခိုက်သူတွေဟာ သုံးစွဲသူတွေဆီကနေ ဒေါ်လာ ၁၂၁၀၀၀ အထိ လိမ်ညာရယူသွားနိုင်ခဲ့ပါတယ်။


Photo: Forbes

Twitter တိုက်ခိုက်ခံရမှုအတွင်းမှာ သမ္မတ‌ဟောင်း ဘားရက်ခ်အိုဘားမား ၊ သမ္မတလောင်း ဂျိုးဘိုင်ဒင် ၊ ဝါရင်ဘတ်ဖတ် ၊ Tesla CEO အီလွန်မတ်စ် ၊ ကင်ယေးဝက်စ် ၊ ကင်မ်ကာဒါရှီယန်ဝက်စ် ၊ ဘီလ်ဂိတ်စ် ၊ ဂျက်ဖ်ဘီဇော့စ် ၊ Uber နဲ့ Apple ကုမ္ပဏီတို့ရဲ့ အကောင့်တွေလည်း ပါဝင်ခဲ့ပါတယ်။ Twitter ဟာ ဒီတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အခုထိတော့ လက်သည်တရားခံတွေကို မဖော်ထုတ်နိုင်သေးပါဘူး။

သောကြာနေ့က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ အကောင့်ပေါင်း ၁၃၀ ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး ဟက်ကာတွေဟာ password တွေ အသစ် reset ပြန်ချခဲ့သလို အကောင့်ထဲ ဝင်ရောက်ပြီး အကောင့်ပေါင်း ၄၅ ခုကနေ Tweet တွေ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီဟက်ကာတွေဟာ အတည်မပြုထားတဲ့ သုံးစွဲသူ ၈ ဦးနဲ့ ဆိုင်တဲ့ အကောင့်အချက်အလက်တွေပါ ဒေါင်းလုပ်ဆွဲနိုင်ခဲ့တယ်လို့လည်း Twitter က ဆိုပါတယ်။ 

Share

Loading Next Article...
က္က