၂၀၁၇ ဇွန်လထဲမှာ 4G ဝန်ဆောင်မှုတွေ စပြီး ပေးလာတာပါ

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး 4G/LTE ဝန်ဆောင်မှု ပေးလာတဲ့ တယ်လီနောအနေနဲ့လက်ရှိမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြို့နယ်အားလုံးရဲ့ ၉၀% ကို 4G/LTE ဝန်ဆောင်မှု ပေးနိုင်ပြီလို့ဆိုပါတယ်။

         တယ်လီနောဟာ ၂၀၁၈ အကုန်ပိုင်းမှာ မြို့နယ် ၃၀၀ ခန့်ကို 4G/LTE ကွန်ရက်လွှမ်းခြုံနိုင်မယ်လို့ကြေငြာထားပြီး ရည်မှန်းကာလထက် ရက်သတ္တပတ် ၂ ပတ် စောပြီး အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ လက်ရှိမှာ တယ်လီနော 4G/LTE တာဝါတိုင်အရေအတွက်ဟာ ၅၀၀၀ ကျော် ရှိလာခဲ့ပြီး လာမယ့်နှစ်မှာ တာဝါတိုင်ပေါင်း ၆၀၀၀ အထိ တိုးချဲ့တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

         လက်ရှိမှာ တယ်လီနောကွန်ရက် သုံးစွဲသူဦးရေဟာ ၁၈ သန်းခန့်ရှိပြီး တယ်လီနောအနေနဲ့2G/3G နဲ့4G ကွန်ယက်ဝန်ဆောင်မှုတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ ပေးအပ်နေတာပါ။



က္က