5G စာချုပ်ချုပ်ဆိုမှုမှာ Huawei က အများဆုံးပါ
Nyein Min Wai

5G ကွန်ရက်ပစ္စည်း အော်ဒါမှာယူမှု မြင့်တက်လာခြင်းနဲ့အတူ တရုတ်တယ်လီကွန်းလုပ်ငန်းစုကြီးတွေရဲ့ ကမ္ဘာ့ဈေးကွက်ရှယ်ယာလည်း အတက်ဘက်ကို ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက စပြီး Huawei Technologies ဟာ ဆွီဒင်မှ Ericsson ကို ကျော်ပြီ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်း တင်ပို့သူ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း အမေရိကန်နဲ့သြစတြေးလျနိုင်ငံတွေမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ တရားဝင် သုံးစွဲခွင့် ကန့်သတ်ခံထားရပေမယ့် Huawei ဟာ ဈေးကွက်ဝေစု ၂၈.၁% ရရှိထားတယ်လို့ Dell'Oro က ထုတ်ပြန်ပါတယ်။

Photo: ejinsight

ဈေးကွက်သုသေတနကုမ္ပဏီ Dell'Oro ရဲ့ ဖော်ပြချက်အရ Nokia နဲ့Ericsson တို့ဟာ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ဈေးကွက်မှာ ရှယ်ယာ ၁၅.၇% နဲ့၁၃.၁% စီ ရှိထားတယ်လို့ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက Nokia နဲ့Ericsson တို့ရထားတဲ့ ဈေးကွက်ဝေစု ၁၆.၈% နဲ့၁၃.၆% ကနေ ကျလာခဲ့တာပါ။

ရှန်းကျန့်အခြေစိုက် Huawei ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်အထိ ဈေးကွက်ဝေစု ၂၇% ခန့်ရှိရာကနေ ယခုနှစ် ဇွန်လကုန်ပိုင်းမှာ ၂၈.၁% အထိ တက်လာခဲ့တာ ဖြစ်တယ်လို့ကယ်လီဖိုးနီးယား အခြေစိုက် Dell'Oro က ဆိုပါတယ်။ တရုတ်မှ ZTE ဟာလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဈေးကွက်ဝေစု ၈% ရှိရာကနေ အခုချိန်မှာ ၉.၆% ထိ တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Photo: Nikkei Asian Review

Huawei ဟာ ၂၀၁၉ နှစ်ဝက်အတွင်းမှာ ဝင်ငွေ ယွမ် ၄၀၁.၃ ဘီလျံ ( ဒေါ်လာ ၅၆.၁ ဘီလျံ) ဝင်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကာလတူမှာတော့ Huawei ဟာ ယွမ် ၃၂၅.၇ ဘီလျံ ဝင်ခဲ့တာ ဖြစ်ပြီး အခုနှစ်မှာတော့ စမတ်ဖုန်းတင်ပို့မှု အားကောင်းလာခြင်းနဲ့5G ကွန်ရက်ပစ္စည်း ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် ဝင်ငွေ မြင့်တက်နေတာပါ။

ZTE ဟာလည်း ယခုနှစ် ဇွန်လကုန်ပိုင်းမှာ အသားတင် ယွမ် ၆၀၇ သန်း မြတ်ခဲ့ပြီး ဝင်ငွေအားဖြင့်လည်း ၁၈၈% ( ယွမ် ၂၂.၄ ဘီလျံ) ဝင်ခဲ့ပါတယ်။ 5G စာချုပ်အနေနဲ့Huawei ဟာ သဘောတူစာချုပ်ပေါင်း ၅၀ ချုပ်ဆိုထားပြီး Nokia မှ 5G contracts ပေါင်း ၄၃ ခု ၊ ZTE မှ ၂၅ ခုနဲ့ Ericsson မှ ၂၂ ခု ချုပ်ဆိုထားတယ်လို့သိရပါတယ်။


က္က