UAB ဘဏ်နဲ့ နာမည်ကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့ ပူးပေါင်းပြီး Sai Sai Pay အက်ပလီကေးရှင်းကို မိတ်ဆက်ကြောင်း ကြေညာထားပါတယ်။
" ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ UAB Bank ကနေပြီးတော့ Lotte Hotel မှာ တွေ့ဆုံပြီး ဆွေးနွေးပါတယ်။ ဒီအချိန်မှာ UAB ကနေ ပြီးတော့ Sai Sai Pay လုပ်ဖို့ အိုင်ဒီယာကမ်းလှမ်းခဲ့ပါတယ်။ " လို့ ဧပြီလ ၄ ရက်နေ့က UAB Bank နဲ့ လုပ်တဲ့ Talk Show မှာ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
Photo: Duwun
Sai Sai Pay app ဟာ မိုဘိုင်းငွေပေးငွေချေ လုပ်နိုင်မယ့်အပြင် စိုင်းစိုင်းခမ်းလှိုင်ပရိတ်သတ်အချင်းချင်းလည်း Fund Transfer လုပ်နိုင်မှာပါ။ Sai Sai Pay အက်ပလီကေးရှင်းဟာ CD player မရှိတဲ့ ပရိတ်သတ်တွေအတွက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသစ်ထွက်သီချင်းတွေပါ သီးသန့် ရောင်းချသွားမယ်လို့ ဆိုပါတယ်။
" ကိုစိုင်းစိုင်းကို ချစ်လို့ အခွေကို အမှတ်တရလာဝယ်တာပါတဲ့။ အိမ်မှာ CD Player မရှိပါဘူးလို့ ပြောကြပါတယ်။ သီချင်းကိုကျတော့ မိုဘိုင်းဖုန်းကနေ နားထောင်ကြတာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်စဉ်းစားတာက မိုဘိုင်းဖုန်းထဲကို သီချင်းတွေ ဘယ်လိုရောင်းမလဲ ။ ရောင်းရင်ရော ငွေပေးချေတာကို ဘယ်လိုပေးချေမလဲပေါ့။ ဒီအချိန်မှာ UAB က ကျွန်တော့်ကို Sai Sai Pay ဆိုပြီး ပူးပေါင်းလုပ်မယ်ဆိုတော့ ကျွန်တော့်ပရိတ်သတ်တွေက ငွေစက္ကူ cash ကို ပေးတဲ့စနစ်ကနေ အကုန်လုံးကို Sai Sai Pay ထဲကနေ ငွေပေးလို့ရမယ် ၊ ပစ္စည်းတွေ ဝယ်လို့ရမယ်" လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
Photo: UAB Bank / Facebook
Sai Sai Pay မှာ စိုင်းစိုင်းခမ်းလှိုင်အကြောင်း နောက်ဆုံးရသတင်းတွေပါ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် အိမ်ခန်းထဲကနေ ကျင်းပတင်ဆက်သွားမယ့် ဧပြီလ ၁၀ ရက်နေ့ စိုင်းစိုင်းရဲ့ Bed Room Show ကိုလည်း Sai Sai Pay ကနေ ကြည့်ရှုနိုင်အောင် စီစဉ်ထားတယ်လို့လည်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
လက်ရှိမှာ Sai Sai Pay app ဟာ Apple App Store မှာ ရောက်ရှိနေပြီး iOS 9.0 စနစ်နဲ့ နောက်ပိုင်း iPhone နဲ့ iPad တွေမှာ အခမဲ့ထည့်သွင်းနိုင်မှာပါ။ အန်းဒရိုက်ထုတ်ကုန်တွေအတွက်လည်း တစ်ရက်နှစ်ရက်အတွင်းမှာ Google Play Store ကနေတစ်ဆင့် ဒေါင်းလုပ်ဆွဲ ရယူနိုင်မယ်လို့ ဆိုပါတယ်။