မေလ ၁၈ ရက်နေ့က စတင်သွားမှာပါ

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း သုံးစွဲသူများ ဘေးကင်းစေဖို့ Uber ဟာ စည်းမျဉ်းသစ် ချသွားမယ်လို့ ဆိုပါတယ်။

‌မေလ ၁၈ ရက်နေ့က စပြီး Uber ယာဉ်မောင်းများ ၊ ပစ္စည်းပို့ဆောင်သူများနဲ့ ခရီးသည်တွေဟာ Uber ဝန်ဆောင်မှု မသုံးခင်မှာ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီရဲ့ ဘေးကင်းရေးအစီအစဉ်သစ်ကို အမေရိကန် ၊ မက္ကဆီကို ၊ ကနေဒါ ၊ အာရှ ၊ အိန္ဒိယ ၊ ဥရောပနိုင်ငံတွေနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ ရှိတဲ့ ကန်ထရိုက်တာတွေက လိုက်နာရမှာပါ။



Photo: Business Insider

ဒီနိုင်ငံတွေက Uber ဝန်ဆောင်မှု သုံးသူတွေဟာ မျက်နှာမှာ mask တပ်ထားကြောင်း သက်သေပြဖို့ ဆယ်လ်ဖီဆွဲရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ယာဉ်မောင်းများအပြင် ခရီးသည်များအပေါ်မှာလည်း သက်ရောက်မှာ ဖြစ်ပါတယ်။ Uber app ဟာ ဝန်ဆောင်မှုသုံးသူများကို mask တပ်ထားသလား ၊ လက်‌ဆေးထားသလားဆိုတာတွေပါ မေးမြန်းအတည်ပြုသွားမှာပါ။

"mask တပ်ရမယ့် မူဝါဒကို ထပ်တလဲလဲ ချိုးဖောက်တဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေဟာ Uber ဝန်ဆောင်မှု သုံးနိုင်မှာ မဟုတ်ပါဘူး" လို့ ကုမ္ပဏီက ပြောပါတယ်။

တကယ်လို့ ကျန်းမာရေးနဲ့ အညီ ကာကွယ်မှု မလုပ်ထားရင်တော့ ခရီးစဉ်ကို နှစ်ဦးနှစ်ဖက်မှ ပယ်ဖျက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမူဝါဒကို ဇွန်လအကုန်အထိ လုပ်‌ဆောင်ဖို့လည်း Uber က စီစဉ်နေပါတယ်။ ဒီအစီအစဉ်အပြင် UberX ယာဉ်မောင်းတွေဟာ အများဆုံး ခရီးသည် ၃ ဦးပဲ သယ်ပို့ဖို့ အကြံပြုထားပါတယ်။ ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ကန်ထရိုက်တာတွေကိုလည်း သန့်စင်ဆေးရည်နဲ့ ဘေးကင်းရေးပစ္စည်းအစိတ်အပိုင်းများ ဝယ်ဖို့ ဒေါ်လာ သန်း ၅၀ လျာထားတယ်လို့ ဆိုပါတယ်။

Photo: Entrepreneur

Uber ဟာ Face Mask ပေါင်း သန်း ၂၀ ကျော် ဝယ်ယူထားပြီး ဒီနေ့အချိန်အထိ mask ၅ သန်း ဖြန့်ဝေထားတယ်လို့ Uber ရဲ့ ထုတ်ကုန်စီမံဌာန အကြီးတန်း ညွန်ကြားရေးမှူး ဆာချင်ကန်ဆဲလ်က ပြောပါတယ်။ Uber လိုပဲ Ride-hailing ဝန်ဆောင်မှုပေးနေတဲ့ Lyft ဟာ ယာဉ်မောင်းနဲ့ ခရီးသည်များ Face Mask တပ်ဆင်ပြီးမှ စီးနင်းလိုက်ပါဖို့ ညွှန်ကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က