မေလနောက်ဆုံးအပတ်မှာ စတင်သွားမှာပါ

Galaxy Challenge နာမည်နဲ့ကမ္ဘာ့အဆင့်မီ PUBG Mobile ဂိမ်းပြိုင်ပွဲတစ်ရပ်ကို Samsung Myanmar နဲ့Claw Esports တို့ပူးပေါင်း ကျင်းပသွားမယ်လို့သိရပါတယ်။

         ပြိုင်ပွဲဝင်အသင်းပေါင်း ၅၀၀ အထိ လက်ခံသွားမယ့် ဒီပြိုင်ပွဲကို မေလ နောက်ဆုံးအပတ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ဇူလိုင်လ ၂၁ နဲ့၂၂ ရက်တို့မှာ Offline အနေနဲ့ ဖိုင်နယ်ပွဲစဉ်များ ကျင်းပသွားမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုကို Claw Esports ရဲ့ Facebook စာမျက်နှာမှာ စာရင်းပေးသွင်းနိုင်မှာပါ။



Photo: Claw Esports

         အွန်လိုင်း အုပ်စုအဆင့်မှာ အုပ်စု ၂၀ ပါဝင်ပြီး ၂ ပွဲစီကစားရမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့် Group တစ်ခုမှာ အသင်းပေါင်း ၂၅ သင်း ပါဝင်ပြီး အမှတ်အများဆုံး ၅ သင်းဟာ Semi Final တက်နိုင်မှာပါ။ ဆီမီးဖိုင်နယ် Online အဆင့်မှာ အသင်း ၁၀၀ ပါပြီး အုပ်စုတစ်စုကို အသင်း ၂၀ နှုန်းနဲ့အုပ်စု ၅ စု ပါဝင်မှာပါ။ ဒီအဆင့်မှာ ၄ ပွဲစီ ကစားရပြီး အုပ်စုတစ်စုမှာ အမှတ်အများဆုံး ၄ သင်းဟာ Final အဆင့် ရောက်မှာ ဖြစ်ပါတယ်။

         Offline အနေနဲ့ဖိုင်နယ်အဆင့်မှာ အသင်း ၂၀ တက်မှာ ဖြစ်ပြီး တစ်ရက် ၄ ပွဲနှုန်းနဲ့ဇူလိုင် ၂၁ ၊ ၂၂ နှစ်ရက်မှာ ၈ ပွဲစီ ကစားရမှာပါ။ ဒီအဆင့်မှာ အမှတ်အများဆံ့ုး ရတဲ့ အသင်း ၄ သင်းကို စုစုပေါင်း ကျပ်သိန်း ၁၀၀ ပေးသွားမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲတစ်လျှောက် Kills နိုင်ဆုံး အသင်းနဲ့ပလေယာတို့ကိုလည်း ကျပ် ၁ သိန်းစီ ပေးသွားမှာ ဖြစ်ပြီး ပရိတ်သတ်အကြိုက် ပလေယာတွေအတွက် Galaxy Special Prizeအပြင် ဆီမီးတက်လာတဲ့ အသင်း ၁၀၀ မှ Qualifier တွေကို Galaxy ဂျာစီနဲ့Gift pack များ ပေးသွားမှာပါ။

Photo: BGR India

         Samsung ဟာ ပြီးခဲ့တဲ့နှစ်ကလည်း PUBG Mobile နဲ့ပေါင်းပြီး နိုင်ငံနဲ့တိုက်ကြီး ၆ ခုမှ PUBG ပလေယာတွေ ပါဝင်တဲ့ PUBG Mobile Star Challenge 2018 ဂိမ်းပြိုင်ပွဲကြီး ကျင်းပပေးခဲ့ပါတယ။် ဒီပွဲရဲ့ နောက်ဆုံးအဆင့်မှာ အာရှမှ ထိုင်း ၊ ဂျပန် ၊ တရုတ် ၊ အိန္ဒိယ ၊ ဗီယက်နမ် ၊ တောင်ကိုရီးယား ၊ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့မှ လက်ရွေးစင် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ကိုယ်စားပြု RRQ Athena အသင်းဟာ စုစုပေါင်း ၃၃၆၅ မှတ်နဲ့ဆုကြေး ဒေါ်လာ ၂ သိန်း ရခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က