ဝန်ထမ်းအင်အားရဲ့ ထက်ဝက်နီးပါးက သုတေသနပိုင်းမှာ ပါဝင်ကြပါတယ်။
Nyein Min Wai

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်လာဖို့ရည်မှန်းထားတဲ့ Huawei အတွက် အရေးကြီးဆုံးဖြစ်တဲ့ R&D ပိုင်းအတွက် ရင်းနှီးမြှပ်နှံမှုက အရင်နှစ်ကထက် ၂ ဆနီးပါး များလာပြီ ဖြစ်ပါတယ်။

9d884172-90ba-11e8-ad1d-4615aa6bc452_1280x720_185944.jpg

photo: South China Morning Post

 

ပြီးခဲ့တဲ့နှစ်က Huawei ဟာ သုတေသနနဲ့ဖွံ့ဖြိုးရေးပိုင်းအတွက် ကုမ္ပဏီဝင်ငွေရဲ့ ၁၄.၉% ဖြစ်တဲ့ ဒေါ်လာ ၁၃.၂၃ ဘီလျံထိ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး အိုင်တီကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Amazon နဲ့Google ရဲ့ မိခင်ကုမ္ပဏီ Alpablet တို့ပြီးရင် R&D အတွက် ရင်းနှီးမြှပ်နှံမှု အများဆုံးပမာဏလည်း ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး eCommerce လုပ်ငန်းကြီး ဖြစ်တဲ့ Amazon ဟာ ပြီးခဲ့တဲ့ နှစ်က သုတေသနမှာ ဒေါ်လာ ၂၂.၆ ဘီလျံ နဲ့ Alphabet ကတော့ ဒေါ်လာ ၁၆.၆ ဘီလျံ ရင်းနှီးမြှပ်နှံသွားခဲ့တာပါ။ Huawei ကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အားရဲ့ ၄၅% ဖြစ်တဲ့ ဝန်ထမ်းဦးရေ ၈၀၀၀ ခန့်ကို သုတေသနပိုင်းအတွက် အသုံးပြုထားတယ်လို့လည်း ဆိုပါတယ်။

ယခုနှစ်အတွက် R&D ပိုင်းမှာ Huawei ရဲ့ သုံးစွဲမှုပမာဏဟာ အနည်းဆုံး ၁၅ ဘီလျံနဲ့ဘီလျံ ၂၀ အကြားမှာ ရှိမှာပါ။ ဒီသုတေသနရန်ပုံငွေထဲက ၂၀% ကနေ ၃၀% အထိဟာ သိပ္ပံသုတေသနပိုင်းအတွက် သုံးစွဲသွားမှာလည်း ဖြစ်ပါတယ်။ 5G နည်းပညာပိုင်းမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ဖြစ်လာဖို့ရည်ရွယ်ထားတဲ့ Huawei ဟာ 5G ကွန်ရက်နည်းပညာအတွက် မရှိမဖြစ် လိုအပ်တဲ့ မူပိုင်ခွင့်တွေထဲက ၁၀% ကို ပိုင်ဆိုင်ထားပြီး လာမယ့် ၂၀၂၀ မှာ ဆက်ပြီး တိုးချဲ့ သွားဦးမှာ ဖြစ်ပါတယ်။။

Huawei ရဲ့ CEO အဲရစ်ရှုကတော့ 3GPP (တတိယမျိုးဆက် ပူးပေါင်းမှု ပရောဂျက်) ပရိုတိုကောလ် ခွင့်ပြုချက်အမှတ် ၁၆ အရ ကုမ္ပဏီအနေနဲ့၂၀၁၈ နှစ်ကုန်ပိုင်းမှာ 5G ကွန်ရက်ပေါ်က ချိတ်ဆက်မှု ကြီးမားတဲ့ ပြဿနာနဲ့ဒေတာအမြောက်အများကို ကြန့်ကြာမှုမရှိဘဲ အမြန်သယ်ပို့နိုင်မယ့် အခြေအနေကို အပြည့်အဝ ဖြေရှင်းနိုင်မယ်လို့ဆိုပါတယ်။ 5G ကွန်ရက်နည်းပညာနဲ့အတူ Huawei ဟာ ၂၀၁၉ ခုနှစ်ကစပြီး 5G ဖုန်းများ ထုတ်လုပ်သွားဖို့လည်း ရှိနေပါတယ်။

ဘေဂျင်းမှ သုတေသနစင်တာ (photo: unbox.ph)

 

လက်ရှိမှာ Huawei ဟာ 5G ဉာဏမူပိုင်ခွင့်အတွက် FRAND လို့ခေါ်တဲ့ မျှတပြီး အကျိုးအကြောင်း ဆီလျှော်တဲ့နှုန်းထားများအတိုင်း လိုင်စင်ဆောင်သွားဖို့ရှိပါတယ်။ အမေရိကန်နဲ့သြစတြေးလျနိုင်ငံများမှ အာဏာပိုင်များကတော့ Huawei ဟာ တရုတ်အစိုးရရဲ့ သူလျှိုကုမ္ပဏီအဖြစ် သံသယရှိထားပြီး Huawei ကတော့ ဒီအချက်ကို ဆက်တိုက်ငြင်းဆိုထားပါတယ်။


Author


က္က