ပညာရေးနဲ့ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ပါဝင်ပါတယ်။

5G ကွန်ရက်ပိတ်ပင်မှု ရှိပေမယ့် Huawei နဲ့သြစတြေးလျအစိုးရတို့ဟာ နည်းပညာနဲ့ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

Photo: itwire



         သြစတြေးလျရဲ့ ထိပ်တန်း အစိုးရ သုတေသန ရန်ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ARC ဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း သြစတြေးလျတက္ကသိုလ်များနဲ့Huawei ကုမ္ပဏီတို့ပါဝင်တဲ့ သုတေသနပရောဂျက်တွေအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေထည့်ထားတယ်လို့ဆိုပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာတွေကနေ လမ်းပိုင်းအခြေခံအဆောက်အဦတွေအထိ စီမံကိန်းတွေ ပါဝင်တဲ့ ပရောဂျက်တွေအတွက် ရန်ပုံငွေပေးထားတာပါ။

         ဒီထဲမှာ တရုတ်နိုင်ငံက Huawei စက်ရုံတွေကို ကျောင်းသားတွေ လေ့လာရေးခရီးသွားတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။ သြစတြေးလျဟာ ဆိုက်ဘာလုံခြုံရေး စိုးရိမ်ချက်နဲ့Huawei ရဲ့ 5G ကွန်ရက်နည်းပညာ ဝင်ရောက်မှုကို ပိတ်ပင်ထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ 5G နဲ့ပတ်သက်ပြီး သြစတြေးလျမှာ ပိတ်ပင်ခံထားရပေမယ့် Huawei ဟာ သြစတြေးလျအစိုးရရဲ့ 5G အကြံပေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

Photo: FT

         Huawei ဟာ သြစတြေးလျအစိုးရ နိုင်ငံခြားနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ New Colombo Plan (NCP) စီမံကိန်းထဲက Seeds For the Future မှာလည်း ပါဝင်နေပါတယ်။ ဒီအစီအစဉ်မှာ သြစတြေးလျကျောင်းသားတွေအတွက် Huawei စက်ရုံများအပြင် တရုတ်ကို ယဉ်ကျေးမှုနဲ့ကွန်ပျူတာသိပ္ပံဆိုင်ရာ ဖလှယ်ရေးအဖြစ် လေ့လာရေး အစီအစဉ်များ ထည့်သွင်းထားပါတယ်။ NCP ရဲ့ Seeds for The Future ကနေ သြစတြေးလျအစိုးရဟာ ကျောင်းသားတွေကို အာရှမှာ ကျောင်းတက်ဖို့စကောလားရှစ်ပေးနေတာပါ။

         သြစတြေးလျနဲ့မိတ်ဘက်အဖြစ် လက်တွဲလုပ်ဆောင်နေမှုအပေါ် Huawei ရဲ့ ကော်ပိုရိတ်ရေးရာ ညွှန်ကြားရေးမှူး ဂျယ်ရယ်မီ မစ်ချဲလ်က ဂုဏ်ယူတယ်လို့ဆိုပါတယ်။" ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အတွေ့အကြုံနဲ့ကျွမ်းကျင်ဆန်းသစ်တီထွင်မှုတွေကို အစိုးရတွေ သုတေသနအဖွဲ့အစည်းတွေနဲ့မျှဝေခွင့်ရတာ ကြိုဆိုပါတယ်။ ဒီကနေ သြစတေးလျဟာ ပိုပြီး အကျိုးရှိတဲ့ အားကောင်းခိုင်မာလာစေမှာပါ" လို့ပြောပါတယ်။

         NCP အနေနဲ့Huawei နဲ့တိုက်ရိုက် partnership လုပ်ဆောင်ထားတာ မဟုတ်ဘဲ NCP ရဲ့ ရန်ပုံငွေရထားတဲ့ တက္ကသိုလ်တွေကနေ Huawei နဲ့လက်တွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း ၃ ပတ်ကြာ လေ့လာရေးအစီအစဉ်ကနေ ကျောင်းသား ၅၄ ဦးကို စေလွှတ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ



က္က