ဝါဒဖြန့်ခြင်းနဲ့ သတင်းမှားတွေ ဖော်ပြတာကြောင့် ပိတ်ခဲ့တာပါ

Twitter ဟာ အစိုးရကျောထောက်နောက်ခံ ဝါဒဖြန့်ချိ‌‌ရေးနဲ့ သတင်းမှားတွေ တင်ဆက်နေတဲ့ အကောင့်ပေါင်း ၃ သောင်း ၂ ထောင်ကျော်ကို ပိတ်သိမ်းခဲ့ပါတယ်။

တရုတ် ၊ ရုရှား နဲ့ တူရကီတို့မှာ ရှိတဲ့ အစိုးရနောက်ခံ အကောင့်ပေါင်း ၃၂၂၂၄၂ ခုကို Twitter ရဲ့ ပလက်ဖောင်းပေါ် ကြီးစိုးခြယ်လှယ်မှု မူဝါဒကို ချိုးဖောက်တာကြောင့် အပြီးတိုင် ဖယ်ရှားလိုက်တယ်လို့ CNET သတင်းက ဆိုပါတယ်။ ပိတ်သိမ်းလိုက်တဲ့ အကောင့်တွေထဲက အကောင့်ပေါင်း ၂၃၇၅၀ ဟာ တရုတ်နိုင်ငံက လုပ်တဲ့ ကမ်ပိန်းအောက်က ပင်မကွန်ရက်ကြီးတစ်ခုနဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။



Photo: ABC


Twitter ဟာ core အကောင့်တွေပေါ်မှာ လူများအောင် လုပ်ထားတဲ့ လူခေါ်အကောင့်ပေါင်း ၁၅၀၀၀၀ လည်း တွေ့ထားတယ်လို့ ဆိုပါတယ်။ ဒီအကောင့်တွေမှာတော့ follower နည်းလွန်းတာနဲ့ မရှိတာများလို့ ဖယ်ရှားမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ပါတယ်။ Twitter ဟာ အမေရိကန်အခြေစိုက် စတန်းဖို့ဒ် အင်တာနက် စောင့်ကြည့်မှုနဲ့ ဩစတြေးလျ ဗျူဟာမြောက် မူဝါဒ‌ပိုင်းအင်စတီကျုဒ့် ASPI တို့နဲ့ အချက်အလက် မျှဝေခဲ့ပါတယ်။

"ဒီ အော်ပ‌ရေးရှင်းတွေနဲ့ ဆက်စပ်တဲ့ အကောင့်တိုင်းနဲ့ content အစိတ်အပိုင်းတွေကို ဝန်ဆောင်မှုကနေ အမြဲဖြုတ်ချထားမှာပါ" လို့ Twitter က ထုတ်ပြန်ထားပါတယ်။"ကွန်ရက်ကြီးတစ်ခုလုံးဟာ ပူးပေါင်းခြယ်လှယ်တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်နေပါတယ်။သူတို့ဟာ ဟောင်ကောင် နိုင်ငံရေးလှုပ်ရှားမှုအကြောင်း ဦးတည်ချက်မှားတဲ့ အကြောင်းအရာတွေ ဆက်တိုက်တင်နေပါတယ်။"

Photo: JustDial


Twitter ကနေ ပိတ်လိုက်တဲ့ အကောင့်တွေထဲက ၁၁၀၀ ခန့်ဟာ ရုရှားနောက်ခံပြုထားတဲ့ ကမ်ပိန်းတစ်ခုနဲ့ နိုင်ငံ‌ရေးဝါဒဖြန့်ချိနေတဲ့ အစိုးရအထောက်ပံ့ခံ ဝက်ဘ်ဆိုက်တစ်ခုနဲ့ ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ တူရကီနဲ့ ချိတ်ဆက်နေတဲ့ အကောင့်ပေါင်း၇၃၄၀ ဟာ AK Parti အတွက် နိုင်ငံ‌ရေးဝါဒဖြန့်ပေးနေပြီး သမ္မတအာဒိုဂန်ကိုလည်း အခိုင်အမာထောက်ခံကြောင်း ဖော်ပြထားသလို တစ်ချို့အကောင့်တွေကလည်း Cryptocurrency နဲ့ ဆက်နွှယ်နေတဲ့ အလိမ်အညာ spam ဖြန့်ဖို့ အသုံးပြုထားပါတယ်။

ကြာသာပတေးနေ့က Nikkei Asian Review သတင်းမှာ Twitter ဟာ တရုတ်ဝါဒဖြန့်ချိရေးနဲ့ ဆက်နွှယ်နေတဲ့ အကောင့်ပေါင်း ၁၇၀၀၀၀ ကျော်ကိုလည်း ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖယ်ရှားလိုက်တဲ့ အကောင့်ပေါင်း ၁ သိန်း ၇ သောင်းကျော်ထဲမှာ COVID-19 ကပ်ရောဂါ သတင်းမှားများ ဖြန့်တဲ့ အကောင့်တွေ နဲ့ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံ‌‌ရေးသတင်းမှားနဲ့ ဝါဒမှိုင်းတိုက်တဲ့ အကောင့်များ ပါဝင်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က