ကျွမ်းကျင်သူတစ်ချို့ကတော့ စိတ်ပူမှု ရှိကြပါတယ်

RuNet ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည်တွင်းသုံး intranet တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။

ရုရှားအစိုးရဟာ ကမ္ဘာသုံး အင်တာနက်စနစ်နဲ့ ချိတ်ဆက်စရာမလိုတဲ့ ကိုယ်ပိုင် အင်တာနက်နည်းပညာတစ်ခု စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု ရခဲ့တယ်လို့ တနင်္လာနေ့က ကြေညာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး ရက်ပေါင်းများစွာ စမ်းသပ်မှု လုပ်ဆောင်ခဲ့ရာကနေ အခုလို အောင်မြင်မှု ရခဲ့တာ ဖြစ်တယ်လို့ ZDNet မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းသုံး အင်တာနက်စနစ် စမ်းသပ်ရေးမှာ ရုရှားအစိုးရအေဂျင်စီများ ၊ ဒေသတွင်း အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ လုပ်နေတဲ့ ISP များ နဲ့ ရုရှားအင်တာနက်ကုမ္ပဏီများလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ RuNet လို့ နာမည်ပေးထားတဲ့ ဒီအင်တာနက်စနစ်ဟာ ရုရှားပြည်တွင်းအတွက် တည်ဆောက်လိုက်တဲ့ အမျိုးသား အင်တာနက် အခြေခံအဆောက်အဦ ဖြစ်ပြီး ကမ္ဘာ့ ဒိုမိန်းနာမည်ပေးစနစ် DNS နဲ့ ပြင်ပက အင်တာနက်တွေနဲ့ ချိတ်ဆက်မှု မရှိဘဲ လုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။


Photo: NewsWeek

အင်တာနက် လမ်းကြောင်းဟာ လူဦးရေ ၁၄၅ သန်း ခန့်ရှိတဲ့ ရုရှားနိုင်ငံအတွင်းမှာပဲ လှည့်လည်နေမှာ ဖြစ်လို့ RuNet ဟာ ကမ္ဘာ့အကြီးဆုံး ပြည်တွင်းသုံး intranet တစ်ခုလည်း ဖြစ်လာဖို့ ရှိပါတယ်။ RuNet ရဲ့ စမ်းသပ်ချက်နဲ့ ပတ်သက်လို့ အစိုးရပိုင်းအနေနဲ့ နည်းပညာအချက်အလက် အသေးစိတ် ထုတ်ပြန်တာမျိုး မရှိပါဘူး။

ရုရှားအစိုးရဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခု အသွင်ဆောင်ပြီး တိုက်ခိုက်သယောင်အခြေအနေမျိုးအပါအဝင် ချိတ်ဆက်မှု ဖြတ်တောက်တဲ့ အစီအမံအများအပြားပါ ထည့်သွင်း စမ်းသပ်ခဲ့တယ်လို့ပဲ ပြောကြားထားပါတယ်။ စမ်းသပ်မှု ရလဒ်တွေကို သမ္မတ ဗလာဒီမာ ပူတင်ထံ အစီရင်ခံထားတယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း နည်းပညာကျွမ်းကျင်သူတစ်ချို့ဟာ အင်တာနက်ကို လိုသလို ဖြတ်တောက်နိုင်တဲ့အပေါ် စိုးရိမ်မှု ရှိနေပါတယ်။ ဆာရေးတက္ကသိုလ်က ပါမောက္ခအလန်ဝုဒ်ဝါ့ဒ်ကတော့ ရုရှားအင်တာနက် သုံးသူတွေအနေနဲ့ တကယ့်အင်တာနက် စစ်စစ် သုံးနိုင်ဖို့ အလွန်ခက်သွားနိုင်တယ်လို့ မြင်ပါတယ်။


Photo: Syri.net

“ အခု ရုရှားမှာ လုပ်နေတဲ့ ပုံစံက အီရန်နဲ့ တရုတ်မှာ လုပ်နေသလိုမျိုးပဲ” လို့ သူက ဆိုပါတယ်။ “ကမ္ဘာ့တစ်ခြား အစိတ်အပိုင်းတွေနဲ့ အပြန်အလှန်ချိတ်ဆက်နေတဲ့ အင်တာနက်ကို ထိန်းချုပ်ခြင်း ၊ ဝက်ဘ်အတွက် ဖုန်းစာအုပ် (DNS ကို ဆိုလိုသည်) ကို ထိထိရောက်ရောက် ချုပ်ကိုင်ထားခြင်းအားဖြင့် ရုရှားကို ပြင်ပ sites တွေကနေ ထိရောက်စွာ ဖြတ်တောက်နိုင်မှာပါ”

ကိုယ်ပိုင် အင်တာနက် စနစ် တစ်ခုဖြစ်ဖို့အတွက် ရုရှားအစိုးရဟာ နှစ်ပေါင်းများစွာ စီမံထားခဲ့တာ ဖြစ်ပြီး ဥပဒေရေးဆွဲခြင်းနဲ့ ပြည်တွင်းအင်တာနက် အခြေခံအဆောက်အဦပိုင်းကို ပြုပြင်မှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ယခုစမ်းသပ်မှုကို ကနဦးက ၂၀၁၉ ဧပြီလထဲမှာ လုပ်ဆောင်ဖို့ အချိန်သတ်မှတ်ခဲ့ပေမယ့် ကရင်မလင်မှ ဥပဒေထုတ်ပြန်ဖို့ အချိန်စောင့်ရတဲ့အတွက် ကြန့်ကြာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က