WiFi နဲ့အင်တာနက် သုံးသူတွေ များပါတယ်
Nyein Min Wai

ယူကေရဲ့ သတင်းအချက်အလက် စည်းမျဉ်းထိန်းချုပ်ရေးအဖွဲ့အစည်း Ofcom ဟာ ဖုန်းအကြာဆုံး ပြောတဲ့ မြို့၁၀ မြို့အကြောင်း ထုတ်ပြန်လိုက်ပါတယ်။

Ofcom ရဲ့ စစ်တမ်းအရ လီဗာပူးမြို့သားတွေဟာ ပျမ်းမျှအားဖြင့် ဖုန်းတစ်ခါပြောရင် ၆ မိနစ် ၅၁ စက္ကန့်ကြာတယ်လို့ဆိုပါတယ်။ လီဗာပူးမြို့က လူတွေရဲ့ ဖုန်းပြောမှု ကြာချိန်ဟာ ကျန်တဲ့ ဗြိတိန် မြို့ကြီး ၉ မြို့ထက် အပြတ်အသတ်များပါတယ်။


Photo: arstechnica

ပျမ်းမျှ ဖုန်းပြောမှုအရ လီဗာပူးမြို့သားတွေရဲ့ ဖုန်းပြောမှု ကြာချိန်ဟာ လန်ဒန်မြို့သားတွေထက် ၄၀% ကျော် ပိုများတယ်လို့Ofcom စစ်တမ်းကို ကိုးကားပြီး BBC သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်မြို့ကြီး ၁၀ မြို့ထဲမှာ ဖုန်းပြောမှု အနည်းဆုံးမြို့သားတွေကတော့ ဘရက်ဖို့ဒ်က လူတွေ ဖြစ်ပြီး ပျမ်းမျှ ၃ မိနစ် ၁၅ စက္ကန့်ပဲ ကြာတယ်လို့ဆိုပါတယ်။ Ofcom ဟာ ယခုစစ်တမ်းအတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၃၁ ရက်နေ့အတွင်း ဖုန်းပြောသူ ၁ သိန်းခွဲကျော်ဆီက အချက်အလက်တွေ ရယူခဲ့တာပါ။

Photo: BBC

ယခုစစ်တမ်းမှာ Skype ၊ WhatsApp နဲ့တစ်ခြား Calling apps တွေနဲ့ဖုန်းပြောမှုကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါဘူး။ ဒီသုတေသနမှာပဲ အွန်လိုင်းဝန်ဆောင်မှုကို ဖုန်းနဲ့သုံးစွဲတဲ့သူတွေဟာ WiFi ကိုပဲ အများဆုံး အသုံးပြုကြတယ်လို့ဆိုပါတယ်။

အင်တာနက်ဒေတာအသုံးပြုမှုအနေနဲ့စစ်တမ်းမှာ ဖြေဆိုခဲ့သူတွေရဲ့ ၆၀% ဟာ တစ်လကို ဒေတာ 1GB သုံးတယ်လို့လည်း Ofcom က ထုတ်ပြန်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း မိုဘိုင်းဖုန်းခေါ်ဆိုတဲ့ မိနစ်အရေအတွက်ဟာ စုစုပေါင်း ၁၃၂.၁ ဘီလျံကနေ ၁၄၈.၆ ဘီလျံအထိ တိုးလာခဲ့ပါတယ်။


က္က