စမတ်ဖုန်းမှာ အရံသင့်ပါဝင်လာတဲ့ App Platform တွေက အရေးပါလာပါတယ်။

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဟာ လူအများစုရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်အရေးပါလာတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ စမတ်ဖုန်းတစ်လုံးဟာသူ့ချည်းပဲသပ်သပ်ဆိုရင် လူတွေရဲ့နေ့စဉ်ဘဝလိုအပ်ချက်တွေဖြစ်တဲ့ ဖျော်ဖြေရေး၊ ဆက်သွယ်ရေး၊ စျေးဝယ်ခြင်း၊ သယ်ယူပို့ဆောင်ရေးအစရှိတဲ့ အလုပ်တွေကို အကူအညီသိပ်မပေးနိုင်ဘဲ သက်ဆိုင်ရာ Appication တွေထည့်ထားမှသာ အဲဒီအလုပ်တွေကို ထိထိရောက်ရောက်လုပ်လို့ရမှာပါ။

စမတ်ဖုန်းတွေရဲ့ storage ပိုင်းကလည်းအကန့်အသတ်ရှိတာကြောင့် အသုံးပြုသူတွေဟာ မြင်မြင်ရာ App တွေကို ဖုန်းထဲထည့်နေလို့မရဘဲ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီမယ့်၊ ကိုယ့်အတွက်အသုံးဝင်မယ့် App တွေကိုရွေးချယ်ထည့် သွင်းကြရပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်လို App တွေကိုရွေးချယ်ထည့်သွင်းမလဲဆိုတာနဲ့ ကိုယ်ဝယ်တဲ့ စမတ်ဖုန်းမှာ အရံသင့်ပါဝင်လာတဲ့ App Platform တွေက အရေးပါလာပါတယ်။

ဒီအတွက် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Huawei ကနေပြီး အသုံးပြုသူများထံသို့ အကောင်းဆုံးသော အတွေ့အကြုံများကိုသာ ယူဆောင်လာမည် ဆိုပြီးအကြိမ်ကြိမ်ကတိကဝတ်ပြုထားတဲ့အတိုင်း အသုံးပြုသူတွေအတွက် third-party app တွေကို စုံစုံလင်လင်နှင့် တစ်စုတစ်စည်း တည်းဒေါင်းလုတ်ရယူ အသုံးပြုနိုင်မယ့် HUAWEI App Gallery နဲ့ ဖုန်းပြောင်းလဲရာမှာ ဒေတာရွှေ့ပြောင်းတာကို ပိုမိုလွယ်ကူ လျင်မြန်စွာပြုလုပ်နိုင်မယ့် Phone Clone နည်းပညာတို့ကို အဆင့်မြှင့်တင်ပေးလိုက်ပါတယ်။

ဒီနေ့ခေတ်မှာ စမတ်ဖုန်းအသုံးပြုသူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဖုန်းအပြောင်းအလဲလုပ်တဲ့အကြိမ်ရေ များပြားလာတာနဲ့အမျှ ဖုန်းအသစ်ထဲကို Data တွေပြောင်းထည့်ရတာ၊ App တွေပြန်ဒေါင်းပြီး ထည့်ရတာတွေဟာ အချိန်ပေးပြီးလုပ်နေရတဲ့ စိတ်ရှုပ်စရာအလုပ်တစ်ခုဖြစ်လာပါတယ်။

Huawei ရဲ့ Phone Clone နည်းပညာ ကဒီအခက်အခဲတွေကို လွယ်ကူအဆင်ပြေစေမယ့်နည်းပညာတစ်ခုပါ။ ဖုန်းအဟာင်းနဲ့ အသစ်လဲကိုင်မယ့် ဖုန်းအသစ် နှစ်လုံးစလုံးမှာ Phone Clone Software ကိုဖွင့်ပြီး QR code နဲ့ Scan ဖတ်ကာ ဖုန်းအသစ်နှင့် အဟောင်းကို ချိတ်ဆက်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင် ဖုန်းအဟောင်းမှ App Data များ၊ ဓာတ်ပုံနှင့် Contacts များကို အလွယ်တကူ ဖုန်းအသစ်ထဲကို ပြောင်းထည့်လို့ရသွားပါပြီ။

Phone Clone ဟာရှေ့မှာအသုံးပြုထားတဲ့ဘယ် OS ကနေမဆို Data တွေကို လွှဲပြောင်းကူးယူပေးနိုင်ပါတယ်။ Data တွေ ရွေ့ပြောင်းပြီးတဲ့နောက်မျာလည်း နာမည်ကျော်ကြားပြီး ဒေသတွင်းမှာ အသုံးတွင်ကျယ်တဲ့ App တွေ  ဖုန်းအသစ်ထဲမှာ မရှိသေးရင် Download ရယူနိုင်ဖို့ အကြံပြုပေးသေးတာကြောင့် တကူးတကလိုက်ရှာနေဖို့ မလိုတော့ပါဘူး။

အဲဒီလိုအကြံပြုပေးထားတဲ့ Apps အားလုံးကိုလည်း HUAWEI AppGallery ကနေ အလွယ်တကူ ဒေါင်းလုပ်ဆွဲနိုင်မှာပါ ။ ဒါ့အပြင် Phone Clone ဟာ ဖုန်းတစ်ခုလုံးကိုကူးယူလိုက်သည်မျိုးမဟုတ်ဘဲ အသုံးပြုသူ လိုအပ်တဲ့ Data နဲ့ Apps တွေကိုသာ ကိုယ်တိုင်ရွေးချယ်၍ ကူးယူလို့လည်းရပါတယ်။

HUAWEI AppGallery ဟာ Huawei ဖုန်းတိုင်းမှာ အဆင်သင့် ပါဝင်လာတဲ့ Traditional App Store အမျိုးအစားဖြစ်ပါတယ်။ AppGallery မှာ လူမှုဆက်သွယ်ရေး (Social networking) Messaging apps များ၊ Telecom Operators များ၏ App များ၊ Online Shopping Apps များ၊ ၊ Mobile Payment apps များ၊ ဓာတ်ပုံ၊ ဗီဒီယိုများ ပြုပြင်နိုင်သည့် Apps များ၊ ဖျော်ဖြေရေး App များဖြစ်တဲ့ Game, Music, Video အစရှိသည့် Apps များကို စုံလင်စွာ Download ဆွဲ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် AppGallery ဟာ App Store တစ်ခုအနေနဲ့သာ မကဘဲ App အတွက် Update များ စဉ်ဆက်မပြတ်ပေးခြင်း၊ Installation Package များကို စစ်ဆေးထိန်းချုပ်ပေးနိုင်ခြင်း၊ App Data များကို ထိန်းသိမ်းပေးထားခြင်း၊ Storage ပိုင်းအတွက် မလိုအပ်သောဖိုင်များကို ရှင်းလင်းပေးခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ လုပ်ဆောင်ပေးတဲ့ App Manager တစ်ခုလည်း လုပ်ဆောင်ပေးပါသေးတယ်။

App တွေကို ဖြန့်ဖြူးပေးနိုင်တဲ့ အဓိက digital distribution platform တစ်ခုအနေနဲ့  အရေးကြီးဆုံး အချက်တစ်ခုဖြစ်တဲ့ App တွေကို တင်းကျပ်စွာ စိစစ်နိုင်တဲ့ Review Mechanism ကို HUAWEI App Gallery တွင်အသုံးပြုထားတာကိုလည်းတွေ့ရပါတယ် ။ အဆိုပါ နည်းစနစ်ပိုင်းမှာ အဓိကအားဖြင့် အချက် ၄ ချက်ဖြင့် စိစစ်ထားတာပါ။ App Gallery မှာရှိတဲ့ App တွေမှာရည်ရွယ်ချက်ရှိရှိနဲ့ တစ်ကိုယ်ရည် လုံခြုံရေး အချက်အလက်တွေကို ချိုးဖောက်ခြင်း၊ အသုံးပြုသူများအတွက် အန္တရာယ်ရှိနိုင်စေတဲ့ အပြုအမူ များ ရှိမရှိကိုစစ်ဆေးပေးခြင်း၊ App မှာအားနည်းချက်များ ရှိမရှိစစ်ဆေးခြင်း နဲ့ App Developer ရဲ့ အချက်အလက်များနှင့် အထောက်အထားများကို စစ်ဆေးခြင်းစတဲ့ အချက်တွေကို စိစစ်တာဖြစ်ပါတယ်။

App Gallery မှာရှိတဲ့ App များအားလုံးကို အပေါ်မှာဖော်ပြခဲ့တဲ့ အဆင့်တွေအတိုင်း စိစစ်ပြီးမှသာ အသုံးပြုသူ တွေအတွက် Download ရယူနိုင်ဖို့စီစဉ်ပေးတာကြောင့် HAUWEI App Gallery ဟာ အသုံးပြုသူ များရဲ့တစ်ကိုယ်ရည်အချက်အလက်လုံခြုံမှုအတွက် ရာနှုန်းပြည့်အာမခံနိုင်တာဖြစ်ပါတယ်။

ဒါကြောင့်ပဲ HUAWEI စမတ်ဖုန်းတွေမှာ ကိုယ်လိုချင်တဲ့ App တွေကို အခက်အခဲမရှိ Download ရယူအသုံးပြုနိုင်မယ့်အပြင်၊ ဖုန်းအသစ်လဲလှယ်တဲ့ အချိန်မှာလည်း ယခင်ဖုန်းအဟောင်းမှ မိမိအသုံးပြုနေကျ App များ၊ Data များကို HUAWEI ဖုန်းအသစ်သို့ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းနိုင်မှာလည်း ဖြစ်ပါတယ်။

HUAWEI ဟာ အသုံးပြုသူတွေအတွက်  အတွေ့အကြုံအသစ်တွေ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲ ကောင်းမွန်လာအောင် လုပ်ဆောင်လာတာကြောင့်လည်း အသုံးပြုသူတွေဟာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို HUAWEI စမတ်ဖုန်းတွေကနေ ရရှိနေတာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ၂၀၂၀ ခုနှစ်အတွင်း App Gallery ဟာ HUAWEI စမတ်ဖုန်း အသုံးပြုသူများအတွက် App များ Download ရယူအသုံးပြုရာတွင် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများကို ယူဆောင် လာမယ့် ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတော့တယ်။


(ဒီဆောင်းပါးကို Huawei မှပံ့ပိုးကူညီထားပါတယ်)



က္က