အိန္ဒိယနဲ့အမေရိကန်မှာ မိတ်ဆက်သွားမှာပါ

     Facebook ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို တရားဝင် ငွေပေးပြီး ခြေရာခံဖို့app သစ်တစ်ခု ထုတ်လိုက်ပြီ ဖြစ်ပါတယ်။


         The Verge သတင်းမှာ ဖော်ပြချက်အရ Study From Facebook ဆိုတဲ့ app သစ်ကို သုံးပြီး Facebook ဟာ ဖုန်းကိုင်သူတွေရဲ့ ဖုန်းထဲက အချက်အလက်တွေကို ပိုက်ဆံပေးပြီး စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ ဒီ app ဟာ ဖုန်းထဲမှာ ဘယ်လို app တွေ install သွင်းထားလဲ ၊ ဒီ app တွေကို တစ်နေ့ဘယ်လောက်ကြာအောင် သုံးဖြစ်လဲ ၊ ဘယ်နိုင်ငံကနေ သုံးနေတာလဲနဲ့app data တွေကိုပါ ကြည့်နိုင်မှာပါ။ Facebook ကတော့ Study From Facebook app ဟာ ပို့ထားတဲ့ မက်ဆေ့ချ် ၊ စကားဝှက်တွေနဲ့ကိုယ်သွားကြည့်ခဲ့တဲ့ ဝက်ဘ်ဆိုက်တွေလိုမျိုး အကြောင်းအရာတွေကိုတော့ ကြည့်မှာ မဟုတ်ဘူးလို့ပြောပါတယ်။



Photo: The Verge

         Study From Facebook ကို အသက် ၁၈ နှစ်အထက် စမတ်ဖုန်းသုံးစွဲသူတွေမှာ ထည့်သွင်းနိုင်ပြီး Android ဖုန်းတွေမှာပဲ ရသေးတယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် user တစ်ယောက်ချင်းစီက ဖုန်းထဲက data access ကို ပေးနိုင်မယ့် OS စနစ်ကို Facebook ကနေ ထိုးဖောက်လာတဲ့ သဘောပါ။ Study From Facebook ဟာ ဘယ်လို data တွေကို app ကနေ ယူသွားမယ်လို့ဆိုတဲ့ အကြောင်းနဲ့ဒီအချက်အလက်တွေကို ဘယ်လို သုံးသွားမယ်ဆိုတာကို ပြောပြသွားမယ်လို့ဆိုပါတယ်။

         ဒီ app နဲ့ကိုယ့်အချက်အလက်ကို Facebook ကို ရောင်းမယ့်သူဟာ PayPal ငွေပေးငွေချေအကောင့်တစ်ခု ရှိထားရမှာပါ။ ပေးမယ့် ငွေပမာဏကိုတော့ Facebook ဘက်မှ မပြောသေးပါဘူး။ Study From Facebook app ကို လူတိုင်း sign up လုပ်နိုင်မှာ မဟုတ်ဘဲ Facebook ကနေ ads တစ်ခုနဲ့လာပို့တဲ့ သူမှသာ Study From Facebook app မှာ အချက်အလက် tracking အတွက် ပါဝင်ခွင့်ရမယ်လို့ဆိုပါတယ်။

         Facebook ရဲ့ ထုတ်ကုန်မန်နေဂျာ ဆာဂီးဘန် ဇက်အက်ဖ်ကတော့ Facebook ပေါ်က ads ကို click တာနဲ့Study From Facebook app ကို register လုပ်ဖို့အခွင့်အရေး ရလာမယ်လို့ပြောပါတယ်။ တကယ်လို့ Study From Facebook app အတွက် သတ်မှတ်တဲ့ အရည်အချင်းတွေနဲ့ပြည့်မီရင်တော့ Google Play Store ပေါ်ကနေ Study From Facebook app ကို download ဆွဲနိုင်မယ်လို့ဆိုပါတယ်။

Photo: NBC News


         "Study From Facebook app မှာ sign up လုပ်ပြီးတာနဲ့app ရဲ့ အလုပ်လုပ်ပုံ ၊ သတင်းအချက်အလက်ကို ဘယ်လို share တယ်ဆိုတာတွေ ပြောသွားမှာပါ။ ဒီအချက်တွေကို သဘောတူတယ်ဆိုရင် ဒီ app ကနေ အချက်အလက် မျှဝေမယ့်အကြောင်း အတည်ပြုရပါတယ်။ " လို့ဆာဂီးက ဆိုပါတယ်။ Study From Facebook app ကို အိန္ဒိယနဲ့အမေရိကန်ဈေးကွက်တွေမှာ ဖြန့်ချိသွားမှာပါ။

         Facebook ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ အသက် ၁၃ နှစ်ကနေ ၃၅ နှစ်အရွယ် Facebook users တွေကို တစ်လ ဒေါ်လာ ၂၀ ပေးပြီး Facebook Research ိုတဲ့ စပိုင် VPN app တစ်ခု သွင်းခဲ့တယ်လို့Tech Crunch က ဖော်ပြခဲ့ပါတယ်။ Facebook ဟာ ဒီ app ကနေ တစ်ဆင့် မက်ဆေ့ချ် ၊ ဓါတ်ပုံ ၊ ဗွီဒီယိုစတဲ့ contents တွေ အပြင် အီးမေးလ် ၊ ဝင်ကြည့်တဲ့ ဝက်ဘ်ဆိုက် ၊ install လုပ်ထားတဲ့ apps နဲ့သုံးစွဲတဲ့ အချိန် ၊ ရောက်ရှိနေတဲ့ နေရာ ၊ သုံးစွဲတဲ့ ဒေတာပမာဏ စတာတွေအကုန်ကို ရယူခဲ့တာပါ။ 

Share

Loading Next Article...
က္က