အိန္ဒိယမှာ စတင်နေတဲ့ အစီအစဉ်ပါ

Xiaomi ကတော့ ငွေထည့်လိုက်တာနဲ့သူ့အလိုလို ဖုန်းရောင်းပေးမယ့် စက်တွေကို အိန္ဒိယမှာ ထားတော့မှာပါ။

         အိန္ဒိယဖုန်းဈေးကွက်မှာ ထူးခြားတဲ့ ဈေးကွက်ဗျူဟာအနေနဲ့Xiaomi ဟာ Mi Express Kiosks ဆိုတဲ့ စက်တွေကို သုံးပြီး ရောင်းချတော့မယ်လို့ကြေညာထားပါတယ်။ Gizmochina သတင်းမှာတော့ Mi Express Kiosks စက်တွေထဲမှာ Redmi နဲ့Poco စီးရီး စမတ်ဖုန်းတွေ ထည့်သွင်းရောင်းချသွားမယ်လို့ဖော်ပြထားပါတယ်။



Photo: thenewsminute

         အရင်ကတော့ Xiaomi ဟာ အွန်လိုင်းစတိုးတွေကနေ ရောင်းချမှုကို အားပြုခဲ့ပြီး နောက်ပိုင်းမှာ လက်လီအပြင်ဆိုင်များမှာပါ Xiaomi ဖုန်းတွေ ရောင်းချခဲ့တာပါ။ ဒီတစ်ခါမှာတော့ Touch Screen ပါပြီး ကိုယ်ဝယ်လိုတဲ့ ဖုန်းအမျိုးအစားတွေကို ကြည့်ရှုနိုင်မယ့် Mi Express Kiosks စက်တွေကို သုံးပြီး ရောင်းချတော့မှာ ဖြစ်ပါတယ်။

         ဒီအရောင်းစက်တွေဟာ ရောင်းချသူ မလိုဘဲ Credit/Debit Card နဲ့ငွေသားသုံးပြီး ဖုန်းဝယ်လို့ရမှာပါ။ ဝယ်ယူချင်တဲ့ ပစ္စည်းတွေရဲ့ Specs နဲ့ကာလာအမျိုးမျိုးကိုလည်း ဒီစက်ပေါ်က screen မှာ ရှာဖွေစစ်ဆေးပြီး ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။ Mi Express Kiosks စက်ဟာ Mijia Smart Camera တစ်ခု ပါပြီး ဝယ်သူရဲ့ မျက်နှာကို ဖမ်းယူနိုင်မှာပါ။

Photo: gsmarena

         Xiaomi ရဲ့ ပထမဆုံး Mi Express Kiosk စက်ကို ဘင်္ဂလာရူမှ Manyata Tech Park ထဲမှာ တပ်ဆင်ထားပြီး မကြာခင်မှာ အလားတူ စက်တွေကို တိုးပြီး တပ်ဆင်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဘယ်မြို့တွေမှာ ဒီလိုစက်တွေ တပ်ဆင်သွားမလဲဆိုတာ မသိရသေးပေမယ့် ရထားဘူတာ ၊ လေဆိပ်နဲ့ရှော့ပင်းမောလ်တို့လို နေရာတွေမှာ ထားသွားဖို့ရှိပါတယ်။

         အိန္ဒိယဟာ စမတ်ဖုန်းဝယ်ရာမှာ အရောင်းဆိုင်တွေဆီသွားပြီး ဝယ်တာကို ပိုသဘောကျတဲ့ ဈေးကွက်ဖြစ်တာကြောင့် Mi Express Kiosk ဖုန်းရောင်းစက်တွေ အသုံးတွင်ကျယ်မလားဆိုတာ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က