လက်ရှိ အမေရိကန်မှာ TikTok ဝန်ထမ်း ၁၄၀၀ ခန့် ရှိပါတယ်

တရုတ်လူမှုကွန်ရက်ကုမ္ပဏီ ByteDance ပိုင် TikTok ဟာ အမေရိကန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

TikTok ဟာ လာမယ့် ၃ နှစ်အတွင်း အမေရိကန်နိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၁ သောင်းခန့် ပေးဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ TikTok လူမှုကွန်ရက်ကုမ္ပဏီဟာ ဒီနှစ်ဇန်နဝါရီလအထိ အမေရိကန် နိုင်ငံမှာ ဝန်ထမ်းဦးရေ ၅၀၀ အောက်ပဲ ရှိခဲ့ရာကနေ လက်ရှိမှာ ဝန်ထမ်းအင်အား ၁၄၀၀ ခန့်အထိ တိုးခန့်ထားတယ်လို့ ဆိုပါတယ်။



Photo: nasdaq

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ TikTok ဟာ Disney ရဲ့ ဖောက်သည်စီးပွားရေးအကြီးအကဲဟောင်း ကက်ဗင်မေယာကို ကုမ္ပဏီရဲ့ CEO အဖြစ် ခန့်အပ်ခဲ့ပါတယ်။ TikTok ဟာ အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတဲ့ တရုတ်လူမှုကွန်ရက်ကုမ္ပဏီတစ်ခုလည်း ဖြစ်တာကြောင့် မေယာကို CEO ရာထူးခန့်လိုက်တဲ့ အကြောင်းရင်းတွေထဲမှာ အမေရိကန်နိုင်ငံရေးသမားတွေ စိုးရိမ်နေတဲ့ လုံခြုံရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်လည်း ပါနိုင်ပါတယ်။

TikTok ဟာ လူငယ်ထုအကြား အကြီးအကျယ် ရေပန်းစားနေတဲ့ လူမှုကွန်ရက် app တစ်ခု ဖြစ်ပြီး အိန္ဒိယ ၊ တရုတ်နဲ့ အမေရိကန်တို့ဟာ TikTok ဒေါင်းလုပ်ဆွဲမှု အများဆုံး လုပ်နေတဲ့ နိုင်ငံတွေ အဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၀ ပထမသုံးလပတ်အတွင်း TikTok ကို ဒေါင်းလုပ်ဆွဲမှုအရေအတွက်ဟာ ၃၁၅ သန်းအထိ စံချိန်သစ် တင်ခဲ့တယ်လို့ ဆိုပါတယ်။

Sensor Tower ရဲ့ အချက်အလက်တွေအရ TikTok ရုပ်သံမျှဝေရေး app ကို Google Play Store နဲ့ Apple App Store တို့ကနေ ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၂၀၀၀ ကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံဟာ TikTok ဒေါင်းလုပ်ဆွဲမှုအများဆုံး နိုင်ငံစာရင်းမှာ ပါနေပြီး ဒီ app ကို လူကြိုက်များခြင်းအပေါ် အမေရိကန်အစိုးရဟာ လုံခြုံရေးအရ စိုးရိမ်မှု ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က