၂၀၁၅ ခုနှစ်ကလည်း FCC မှ ဒေါ်လာသန်း ၁၀၀ ဒဏ်ရိုက််ခဲ့ပါတယ်
Nyein Min Wai

အမေရိကန်ဆက်သွယ်ရေး အော်ပရေတာကြီးတစ်ခုဖြစ်တဲ့ AT&T ဟာ စိတ်ကြိုက်သုံး အင်တာနက် ဒေတာ Plan တွေမှာ အလိမ်အညာလုပ်ခဲ့တာကြောင့် ဒဏ်ကြေးဒေါ်လာ သန်း ၆၀ ပေးဆောင်ရတော့မှာပါ။

ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင် FTC ဟာ မိုဘိုင်းလ်ဒေတာ မြန်နှုန်းကို တမင်ရည်ရွယ်ချက်နဲ့ နှေးကွေးအောင် လုပ်ဆောင်မှုနဲ့ AT&T ကို ၂၀၁၄ ခုနှစ်က တရားစွဲခဲ့တာဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ FTC ရဲ့ ထုတ်ပြန်ချက်အရ AT&T ဟာ Download Speed ကို တမင်နှေးကွေးအောင် လုပ်ထားပြီး Unlimited Data Plan အနေနဲ့ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Photo: wired

AT&T အနေနဲ့ FTC သတ်မှတ်တဲ့ ဒဏ်ကြေးဒေါ်လာသန်း ၆၀ ပေးဆောင်ဖို့သဘောတူထားပါတယ်။ ဒီသဘောတူညီမှုထဲမှာ ၂၀၁၁ မတိုင်ခင်က Unlimited Data Plan ဝယ်ယူဖို့ စာရင်းသွင်းထားသူတွေကို တစ်စိတ်တစ်ပိုင်း ငွေပြန်အမ်းတဲ့ Refund အစီအစဉ်လည်း ပါရှိပါတယ်။ AT&T ဟာ ၂၀၁၁ ခုနှစ်ရောက်မှ အင်တာနက်ဒေတာ မြန်နှုန်းချတဲ့ မူဝါဒကို စတင်ခဲ့တာပါ။

ကုမ္ပဏီအနေနဲ့ အင်တာနက် ဒေတာ plans တစ်ခုချင်းစီမှာ ပါတဲ့ ကန့်သတ်ချက်တွေကို ရှင်းလင်းတင်ပြမှု မလုပ်ဘဲ Data ပမာဏနဲ့ မြန်နှုန်းအကြောင်း မားကတ်တင်းဆင်းလို့ ရမှာ မဟုတ်ပါဘူး။ " အသေးစိတ် ရှင်းလင်းချက်တွေက ထင်ရှားနေရပါမယ်။ hyperlinks တွေ နောက်မှာ ဝှက်ထားတာမျိုး မဖြစ်ရပါဘူး။" လို့ FTC က ဆိုပါတယ်။

Photo: KXXV

တကယ်လို့ AT&T ရဲ့ ဝက်ဘ်ဆိုက်မှာ Unlimited အဖြစ် Data Plan ကြော်ငြာမှု လုပ်ပြီး သတ်မှတ်ထားတဲ့ bandwidth cap ရောက်တာနဲ့ ဒေတာမြန်နှုန်းချမယ်ဆိုရင် AT&T အနေနဲ့ဒီလို စည်းမျဉ်းကန့်သတ်ထားတာတွေကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား ဖော်ြပရမယ်လို့ FTC က ဆိုပါတယ်။ အေဂျင်စီရဲ့ ဖော်ထုတ်ချက်အရ AT&T ရဲ့ ဒေတာမြန်နှုန်း တမင်ရည်ရွယ်ထိန်းချုပ်မှုဟာ ၂၀၁၄ ခုနှစ်အထိ ဖောက်သည်ပေါင်း ၃.၅ သန်းကျော် သက်ရောက်မှု ရှိခဲ့တယ်လို့ ပါရှိပါတယ်။

AT&T ဟာ အလားတူ Data Plan လိမ်ညာမှုလုပ်ပြီး ဈေးကွက်ရှာခဲ့တာကြောင့် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် FCC ဟာ ၂၀၁၅ ခုနှစ်က ကုမ္ပဏီကို ဒေါ်လာ သန်း ၁၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။


က္က