အသစ် app တစ်ခု ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
Nyein Min Wai

Facebook ရဲ့ ဈေးကွက်သုတေသန app အဖြစ် လူတွေကို တစ်လ ဒေါ်လာ ၂၀ ပေးပြီး အချက်အလက်တွေကို ဝင်ကြည့်ခဲ့တဲ့ app ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

         အသက် ၁၃ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး သူတို့ရဲ့ ဖုန်းသုံးစွဲမှုပုံစံကို လေ့လာဖို့အတွက် Facebook ဟာ Facebook Research ဆိုတဲ့ VPN App တစ်ခုကို ထုတ်ခဲ့တာပါ။ ဒီ app အရင် Facebook ဟာ Onavo Protect ဆိုပြီး အချက်အလက် နှိုက်ယူတဲ့ app တစ်ခု ဒီဇိုင်းဆွဲခဲ့ပြီး Onavo Protect ကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဖယ်ရှားခဲ့ပါတယ်။

         CNET သတင်းမှာ ဖော်ပြချက်အရ Facebook Research app ဟာ လူပေါင်း ၁၈၇၀၀၀ ခန့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို ရယူခဲ့တယ်လို့ဆိုပါတယ်။ မတ်လ ၁ ရက်နေ့ရက်စွဲနဲ့ကန်လွှတ်တော်အမတ် ရစ်ချတ် ဘလူမန်တယ် ၊ အက်ဒ် မာကေး နဲ့ဂျို့ရှ်စ် ဟောလေး တို့ကို ပေးပို့တဲံ Facebook ရဲ့ ပေးစာမှာ ဒီ app ဟာ အမေရိကန်မှ သုံးစွဲသူ ၃၁၀၀၀ ရဲ့ အချက်အလက်တွေ ရယူခဲ့ပြီး ဒီထဲက ၄၃၀၀ ဟာ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

         ကျန်တဲ့ users တွေကတော့ အိန္ဒိယမှ Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ဖြစ်တယ်လို့လည်း Tech Crunch မှာ ရေးသားထားပါတယ်။ Facebook ဟာ Facebook Research App ကို ဖုန်းမှာ ထည့်သွင်းတဲ့ အသက် ၁၃ နှစ်ကနေ ၃၅ နှစ်အရွယ် iOS နဲ့Android users တွေကို ၂၀၁၆ ခုနှစ်ကတည်းက သူတို့ရဲ့ privacy ကို ဝယ်တဲ့ အနေနဲ့တစ်လကို ဒေါ်လာ ၂၀ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo: Tech Crunch

         Facebook ဟာ ဒီ app ကနေ တစ်ဆင့် မက်ဆေ့ချ် ၊ ဓါတ်ပုံ ၊ ဗွီဒီယိုစတဲ့ contents တွေ အပြင် အီးမေးလ် ၊ ဝင်ကြည့်တဲ့ ဝက်ဘ်ဆိုက် ၊ install လုပ်ထားတဲ့ apps နဲ့သုံးစွဲတဲ့ အချိန် ၊ ရောက်ရှိနေတဲ့ နေရာ ၊ သုံးစွဲတဲ့ ဒေတာပမာဏ စတာတွေအကုန်ကို ရယူခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ Facebook ဟာ အိန္ဒိယနဲ့အမေရိကန်ဈေးကွက်က အသက် ၁၈ နှစ်အထက် စမတ်ဖုန်းသုံးစွဲသတွေရဲ့ ဖုန်းထဲက အချက်အလက်တွေကို ပိုက်ဆံပေးပြီး ခြေရာခံမယ့် Study From Facebook ဆိုတဲ့ app သစ်ကို ထုတ်ထားပါတယ်။

         ဒီ app ကိုတော့ Android ဖုန်းတွေအတွက်ပဲ ထုတ်ထားတာ ဖြစ်ပြီး ပေးမယ့် ငွေပမာဏကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က