၈၃% ခန့်က Block list ထဲက တစ်ယောက်ပဲ Unblock ဖြစ်သွားတယ်လို့ဆိုပါတယ်။
Nyein Min Wai

နောက်ထပ် ဆော့ဖ်ဝဲလ် bug တစ်ခုကြောင့် သိန်းနဲ့ချီတဲ့ Facebook သုံးစွဲသူတွေဟာ ကသိကအောက် ဖြစ်ရပြန်ပါပြီ။

 

ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကနေ ဇွန်လ ၅ ရက်နေ့အထိ တစ်ပတ်ကျော်ကာလအတွင်း Facebook မှာ ကိုယ် block ထားတဲ့ လူတွေကို ပြန်တွေ့နေရ ၊ Messenger ကနေ စာပို့လို့ရတဲ့ အဖြစ်ကို လူပေါင်း ၈ သိန်းကျော် ကြုံတွေ့ခဲ့ပါတယ်။ Facebook ရဲ့ ကိုယ်ရေးကိုယ်တာပိုင်း ကိုင်တွယ်တဲ့ အမှုဆောင်အရာရှိချုပ် အာရင်အီဂန်ဟာ app ဆော့ဖ်ဝဲလ် bug ကြောင့် တောင်းပန်စာတဲ့ ဘလော့ဂ်ပို့စ်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

သူ့ပို့စ်မှာ "လူတစ်ယောက်ကို block နိုင်ခြင်းဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို ရှင်းလင်းသွားမှာ ဖြစ်သလို အခုကိစ္စအတွက်လည်း တောင်းပန်ချင်ပါတယ်။" လို့ဖော်ပြထားပါတယ်။

Facebook ဟာ လူမှုကွန်ရက်သုံးသူတိုင်း ကိုယ်မတွေ့မြင်ချင် ၊ မဆက်သွယ်ချင်သူကို လုံးလုံး အဆက်ဖြတ်ချင်သူတွေအတွက် Blocking စနစ်ကို ထည့်သွင်းထားပါတယ်။ Block လုပ်လိုက်ခြင်းကြောင့် Facebook သုံးသူချင်းအကြား အလိုအလျောက် friend အဖြစ်မှ ရပ်စဲကာ Messenger ကနေ ဆက်သွယ်စကားပြောမှုပါ လုံးဝ ပိတ်သွားမှာပါ။

ယခုဖြစ်ရပ်ကြုံခဲ့တဲ့ လူ ၈ သိန်းကျော်အနက် ၈၃% နီးပါးဟာ block ပြီးသား လူတွေထဲကနေ ယာယီ unblock ဖြစ်သွားတာ တစ်ယောက်စီပဲ ရှိထားကြပြီး ကျန် ၁၇% ကတော့ တစ်ယောက် မက ရှိတယ်လို့Facebook က ဆိုပါတယ်။ Facebookဟာ ဒီလူပေါင်း ၈ သိန်းကျော်ထံ Unblocking ဖြစ်နေတဲ့ bug ပြဿနာအကြောင်း သတိပေးစာ ပေးပို့ထားပြီး ဒီ ပြဿနာကိုလည်း ဖြေရှင်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။

 

Facebook ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကနေ ၂၇ ရက်အတွင်း bug error တစ်ခုကြောင့် လူပေါင်း ၁၄ သန်း ရဲ့ private post များ public မှာ ပေါက်ကြားခဲ့ပါတယ်။


Author


က္က