မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီနဲ့လူတစ်ချို့ကို တရားစွဲထားပါတယ်။

     ပဟေဠိ app တွေ သုံးပြီး Facebook သုံးသူတွေရဲ့ အချက်အလက်တွေရယူပြီး ကြော်ငြာတွေ ထည့်ခဲ့တဲ့ ယူကရိန်း developer နှစ်ဦးကို တရားစွဲထားပါတယ်။


         မတ်လ ၈ ရက် သောကြာနေ့က Facebook ဟာ ဂလတ်ဆလူချက်ဗ်စကီနဲ့အန်ဒရေဂေါ်ဘာချော့ဆိုတဲ့ ယူကရိန်းနိုင်ငံသားနှစ်ဦးကို တရားစွဲဆိုထားတယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ဒီ developers တွေဟာ ကိဗ်မြို့အခြေစိုက် Web Sun Group ဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး တရားရုံးမှာ တင်သွင်းတဲ့ အထောက်အထား စာရွက်စာတမ်းတွေအရ သူတို့နှစ်ဦးဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ပဟေဠိတွေ ပါဝင်တဲ့ web app အနည်းဆုံး ၄ ခု ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။
Photo: The Verge

        ၂၀၁၇ ကနေ ၂၀၁၈ အတွင်း ရုရှားနဲ့ယူကရိန်းက Facebook users တွေကို ပစ်မှတ်ထားပြီး Supertest ၊ FQuiz ၊ Megatest နဲ့Pechenka ဆိုတဲ့ web apps တွေ ဖန်တီးခဲ့တာပါ။ ဒီ app တွေဟာ "သင့်မှာ တော်ဝင်သွေး ရှိသလား" ၊ "နက္ခတ်လက္ခဏာအရ မင်းက ဘယ်လို ခွေးအမျိုးအစားလဲ" စတဲ့ လူစိတ်ဝင်စားစရာ မေခွန်းတွေနဲ့ဆွဲပြီး အချက်အလက်တွေ ဝင်ယူခဲ့တာ ဖြစ်ပါတယ်။



         ဒီမေးခွန်းတွေထဲ ဝင်ကြည့်ခဲ့တဲ့ သူတွေဟာ browser extension တွေ install သွင်းခဲ့တာ ဖြစ်ပြီး ဒီ extension မှာ ပါတဲ့ ကုဒ်တွေကနေ သုံးစွဲသူ profile ထဲက public နဲ့private အချက်အလက်တွေကို ရယူခဲ့တာပါ။ ဒီလိုရယူခဲ့ပြီးနောက်မှာတော့ အဲဒီ users ရဲ့ timeline ထဲကို ads တွေ ပို့လာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တိုက်ခိုက်မှုကို တစ်ခြား social networking sites တွေလည်း ထိခဲ့တယ်လို့ဆိုပါတယ်။

Photo: ZDNet

         browser plugin လုပ်ပြီး အချက်အလက်ရယူမှုမှာ Facebook users ပေါင်း ၆၃၀၀၀ ကျော်ဟာ ဒီထောင်ချောက်ထဲ ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ ကုမ္ပဏီဘက်မှလည်း ဒီလိုလုပ်ဖို့ဒေါ်လာ ၇၅၀၀၀ ကျော် သုံးစွဲခဲ့ဖွယ် ရှိတယ်လို့ယူဆထားပါတယ်။ Facebook ဟာ မတ်လဆန်းပိုင်းကလည်း တရုတ်နိုင်ငံမှ အကောင့်တုအရောင်းအဝယ် လုပ်နေတဲ့ ကုမ္ပဏီ ၄ ခုနဲ့လူ ၃ ယောက်ကို တရားစွဲထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က