အကောင့်သစ် sign up လုပ်ချိန်မှာ ရယူခဲ့တာပါ
Nyein Min Wai

privacy ဟာ Facebook သုံးစွဲသူတွေကို ခြိမ်းခြောက်လာနေတဲ့ ပြဿနာတစ်ခုပါ။

Photo: businessinsider

         ပြီးခဲ့တဲ့ ၃ နှစ်အတွင်း Facebook ဟာ သုံးစွဲသူ ၁.၅ သန်း ဝန်းကျင်ရဲ့ email contacts တွေကို ရယူပြီး friend သစ်တွေ လာ add စေဖို့လုပ်ဆောင်ခဲ့တယ်လို့ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ အတည်ပြုခဲ့ပါတယ်။ Mike Edward Moras ဆိုသူရဲ့ Twitter သုံးသူတစ်ဦးဟာ Facebook အကောင့်သစ် Sign Up လုပ်ချိန်မှာ သုံးစွဲသူတစ်ချို့ကို email စကားဝှက်တောင်းတဲ့အပေါ် မေးခွန်းထုတ်ခဲ့တဲ့အကြောင်းကို Business Insider မှာ ဖော်ပြခဲ့ပြီးနောက် Facebook ဘက်မှ အခုလို ဝန်ခံခဲ့တာပါ။

         Business Insider ရဲ့ ဖော်ပြချက်အရ email စကားဝှက်ကို ထည့်လိုက်တာနဲ့user ဆီက ခွင့်ပြုချက် မတောင်းဘဲ ကိုယ့်ရဲ့ contacts တွေကို import လုပ်နေတယ်ဆိုတဲ့ စာတက်လာတယ်လို့ဆိုပါတယ်။ Facebook ဟာ ၂၀၁၆ မေလက စတင်ပြီး အကောင့်သစ်တွေ Sign up လုပ်တိုင်း permission မတောင်းဘဲ email လိပ်စာတွေကို upload လုပ်ခဲ့တယ်လို့ဝန်ခံထားပါတယ်။

Photo: CNBC

         Facebook အနေနဲ့ဒီ contacts တွေကို ဘယ်သူနဲ့မှ sharing လုပ်ခြင်း မရှိဘဲ ပြန်ပြီး deleting လုပ်နေတယ်လို့ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ CNBC ကို ပြောကြားထားပါတယ်။

         "ဒီပြဿနာကို ကျွန်တော်တို့ရှင်းပြီး ဖြစ်သလို import လုပ်ခံရတဲ့ သူတွေကိုလည်း အသိပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့သူတို့ရဲ့ Facebook Settings ထဲမှာ ဘယ် contact တွေနဲ့share ထားတယ်ဆိုတာကို ပြန်ပြီး review လုပ်နိုင်သလို စိတ်ကြိုက် စီမံနိုင်မှာ ဖြစ်ပါတယ်။" လို့ယင်းပုဂ္ဂိုလ်က ဆိုပါတယ်။

         Facebook ဟာ သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်များ မလျော်မကန် ရယူခံရတဲ့ Cambridge Analytica ဖြစ်ရပ်ကစတင်ပြီး privacy မူပေါ် ဝေဖန်ခံနေရပါတယ်။ ယခုနှစ် ဧပြီလဆန်းပိုင်းမှာ Facebook နဲ့Google တို့လို နည်းပညာကုမ္ပဏီကြီးတွေဟာ လူမှုကွန်ရက်ပေါ်ကနေ လူဖြူလူမျိုးကြီးဝါဒပျံ့နှံ့စေမှုနဲ့အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များရှေ့မှာ ကြားနာစစ်ဆေးမှု ခံယူခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က