အရင်နှစ်ကတည်းက ဖိအားပေးမှုတွေ ရှိနေပါတယ်။

လာမယ့် အင်္ဂါနေ့မှာ Facebook အနေနဲ့နှစ်ပတ်လည် အထွေထွေအစည်းအဝေးတစ်ခု ကျင်းပသွားဖို့ရှိပြီး ဒီအစည်းအဝေးမှာ ကုမ္ပဏီရဲ့ သဘာပတိနေရာအတွက်ပါ မဲခွဲဆုံးဖြတ်သွားဖို့ရှိပါတယ်။


         Facebook ကုမ္ပဏီကို တည်ထောင်ခဲ့သူ မတ်ခ်ဇူကာဘတ်ခ်ဟာ လက်ရှိမှာ ကုမ္ပဏီရဲ့ CEO နဲ့ဘုတ်အဖွဲ့ဒါရိုက်တာများ သဘာပတိအဖြစ် နှစ်နေရာစလုံးမှာ တာဝန်ယူထားတာပါ။ Facebook ရဲ့ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှာ သဘာပတိနေရာအတွက် မဲခွဲဆုံးဖြတ်တာဟာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ သြဇာကို ရှယ်ယာရှင်တွေအနေနဲ့ကန့်သတ်ဖို့ကြိုးစားလာတာလည်း ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ရာထူးကြီး ၂ ခုကို ကိုင်ထားခြင်းကြောင့် အလုပ်ဝန်ပိမှုကို လျှော့ချပြီး ကုမ္ပဏီကို ထိထိရောက်ရောက် ဦးစီးဦးဆောင်ပြုနိုင်ဖို့ဖြစ်ပါတယ်။


 

Photo: Mashable

        နှစ်ပတ်လည်အစည်းအဝေးမှာ ဇူကာဘတ်ခ်ရဲ့ ပါဝါကို စိစစ်ဖို့ရှယ်ယာရှင်တွေရဲ့ အဆိုပြုချက် ၄ ခု ထွက်ထားပြီး ဒီထဲမှာ ရှယ်ယာရှင်တွေကို လုပ်ပိုင်ခွင့် ပိုပေးဖို့၊ ဇူကာဘတ်ခ်မပါဘဲ လွတ်လပ်တဲ့ ဘုတ်အဖွဲ့တစ်ခု ခေါ်ဖို့၊ ဘုတ်ဒါရိုက်တာအကြီးအကဲနေရာအတွက် ရွေးကောက်တင်မြောက်မှု လုပ်ဖို့နဲ့Facebook ကို သီးခြားကုမ္ပဏီတွေအဖြစ် ခွဲထားမှုအပါအဝင် ဗျူဟာမြောက်နည်းလမ်းတွေ ဖော်ထုတ်ဖို့အဆိုပြုချက်များ ပါဝင်နေတယ်လို့Mashable သတင်းမှာ ဖော်ပြထားပါတယ်။

         မတ်ခ်ဇူကာဘတ်ခ်ဟာ Facebook မှာ ရှယ်ယာအများဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး မဲစုစုပေါင်းရဲ့ ၆၀% ကို ကိုင်ထားတာ ဖြစ်လို့သူ့ကို မဲနဲ့ဖယ်ရှားဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ပြောစရာရှိတာက သူ့ကို ဆန့်ကျင်မဲပေးတဲ့ ရှယ်ယာရှင်ပမာဏကို ကြည့်ပြီး ကုမ္ပဏီအတွင်း မတ်ခ်ရဲ့ ခေါင်းဆောင်မှုအပေါ် ဘယ်လိုမြင်နေကြသလဲဆိုတာ သိသာနိုင်မှာပါ။ ဥပမာ- Facebook မှာ ဒေါ်လာ ၇ သန်းဖိုး ရှယ်ယာထည့်ထားပြီး တစ်ခြားလုပ်ငန်းတွေမှာ စုစုပေါင်း ရှယ်ယာတန်ဖိုး ဒေါ်လာသန်းရာပေါင်းများစွာ ပိုင်ဆိုင်ထားတဲံ Trillium Asset Management ကုမ္ပဏီဟာ မတ်ခ်ကို ရာထူးက ဆင်းဖို့တောင်းဆိုထားတဲ့ ရှယ်ယာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။

Photo: Business Insider

         "သူ့အနေနဲ့Alphabet က လယ်ရီပေ့ချ်တို့Microsoft က ဘီလ်ဂိတ်စ်တို့ကို နမူနာယူသင့်ပါတယ်။ သူတို့လည်း ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့သူတွေပဲ။ ဒါပေမယ့် ဘုတ်အဖွဲ့ဥက္ကဌရာထူးမှာ နေလို့မရဘူးလေ" လို့Trillium ရဲ့ အကြီးတန်း ဒုဥက္ကဌ ဂျိုးနပ်စ် ကရွန်က BBC ကို ပြောကြားခဲ့ပါတယ်။ယခုနှစ် မေလအတွင်းမှာပဲFacebook ရဲ့ လုံခြုံရေးအမှုဆောင် အဲလက် စတန်းမော့စ်ဟာ မတ်ဇူကာဘတ်ခ်ကို CEO ရာထူးက ဆင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။

                  ၂၀၁၈ နှစ်ဆန်းပိုင်းကစပြီး Facebook ရဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဇူကာဘတ်ခ်ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုမှုတွေလုပ်ပြီး ဖိအားပေးခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဇူကာဘတ်ခ်ကတော့ ရာထူးက ဆင်းပေးဖို့အစီအစဉ်မရှိဘူးလို့ပြောကြားခဲ့ပါတယ်။ မတ်ခ်ဇူကာဘတ်ဟာ အသက် ၁၉ နှစ်အရွယ် ဟားဗတ်တက္ကသိုလ်ကျောင်းသားဘဝ ၂၀၀၄ ခုနှစ်ကတည်းက Facebook ကို စတင်မိတ်ဆက်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့လူဦးရေ ၄ ပုံ ၁ ပုံကျော် သုံးတဲ့ လူမှုကွန်ရက်ကြိး ဖြစ်စေခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က