အပြည့်အဝ လှုပ်ရှားနိုင်တဲ့ အဆင့် မရောက်သေးပါဘူး။

Rossiya 24 ဆိုတဲ့ ရုရှားအစိုးရ သတင်းချန်နယ်တစ်ခုမှာ Alex ဆိုတဲ့ စက်ရုပ်သတင်းကြေညာသူကို ပထမဆုံးအကြိမ် စတင်အသုံးပြုပြီးနောက် နိုင်ငံရေးဝါဒဖြန့်ရာမှာ သုံးတယ်ဆိုနေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

Photo: BBC



         Alex ဟာ Promobot လို့ခေါ်တဲ့ စက်ရုပ်ကုမ္ပဏီကနေ ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ရဲ့ ဆီလီကွန်ဦးခေါင်းဟာလည်း ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ အလက်ဇီယူဇာကော့ဗ်ရဲ့ မျက်နှာပုံစံအတိုင်း ပုံလောင်းထားတာပါ။ လောလောဆယ်မှာ ခေါင်းလှည့်တာနဲ့မျက်နှာအမူအယာတွေပဲ လုပ်နိုင်ပေမယ့် မကြာခင်မှာ အပြည့်အဝလှုပ်ရှားနိုင်တဲ့ စက်ရုပ်ဖြစ်လာမယ်လို့ဆိုပါတယ်။

ဒီစက်ရုပ်သတင်းကြေညာမှုကို ကြည့်ရှုထားသူတွေကတော့ သူ ရဲ့ ပုံပန်းသဏ္ဍာနဲ့တင်ဆက်မှုကို အားမလိုအားမရ ဖြစ်နေပြီး တစ်ချို့ကတော့ နိုင်ငံရေးဝါဒဖြန့်တဲ့ အကြောင်းတွေပဲ ပြောတယ်လို့ဝေဖန်ပြစ်တင်နေကြပါတယ်။

         ဒီစက်ရုပ်ကို ၂၀၁၇ ခုနှစ်က စတင် ထုတ်လုပ်ထားတာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်မှု အပြီးသတ်ပြီးစီးမှာ ဖြစ်တယ်လို့Promobot ကုမ္ပဏီက ပြောကြားထားပါတယ်။ BBC သတင်းမှာတော့ Alex ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ရူဘယ်လ် ၁ သန်း ( ပေါင် ၁၂၀၀၀) ရှိပြီး လက်ရှိမှာ နောက်ထပ် လူတူ စက်ရုပ် Humanoids ပေါင်း ၁၂ ခု ကျော် အမှာစာ လက်ခံရရှိထားတယ်လို့လည်း ဆိုပါတယ်။

Photo: Mirror

         Alex ဟာ နျူကလီးယားနည်းပညာ ၊ အသေးစား ငွေကြေးလုပ်ငန်းနဲ့စိုက်ပျိုးရေးအကြောင်းအပါအဝင် သတင်းအကြောင်းအရာ မျိုးစုံကို ပြောနိုင်တဲ့ စက်ရုပ်လည်း ဖြစ်ပါတယ်။ Artificial Intelligence နည်းပညာပါတဲ့ ဉာဏ်ရည်မြင့်စက်ရုပ်ဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အီယာ ယာရှင်အကြောင်း အငြင်းပွားဖွယ် တင်ဆက်မှုကြောင့်လည်း ဝေဖန်ခံထားရပါတယ်။

         တရုတ်နိုင်ငံမှာလည်း ၂၀၁၈ နိုဝင်ဘာလထဲမှာ သတင်းကြေညာတဲ့ စက်ရုပ်တစ်မျိုးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနမှာ သုံးတဲ့ စက်ရုပ်မှာလည်း နောက်ဆုံးပေါ် AI နည်းပညာများ ပါရှိပြီး သတင်းဝက်ဘ်ဆိုက်နဲ့Social Media တွေပေါ်မှာ ၂၄ နာရီလုံး အလုပ်လုပ်နိုင်တယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က