PUBG Mobile Club Open 2019 အတွက် Vivo မှ Title Sponsor အဖြစ်ပါဝင်မှာပါ။

Vivo ဟာ ကမ္ဘာ့ထိပ်တန်း Mobile Game တစ်ခုဖြစ်တဲ့ Player Unknown’s Battlegrounds Mobile (PUBG Mobile) ကနေပြီး လတ်တလောကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး Mobile Game ပြိုင်ပွဲ PUBG Club Open 2019 မှာTitle sponsor အဖြစ် ပါဝင်မယ်လို့  တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။



အဆိုပါပြိုင်ပွဲအတွက် Vivo ကနေပြီး partnership အနေနဲ့ eSports industry မှာဆန်းသစ်တဲ့ Brand တစ်ခုအဖြစ်နေရာယူနိုင်ရန် Official Smartphones များကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ ဒေသ ၁၀ ခုမှ ကစားသမားတွေဟာ Prize Pool $2.0 Million USD အတွက် နွေဦး နဲ့ ဆောင်းရာသီမှာ ယှဉ်ပြိုင်ကြမှာပါ။

PUBG Mobile Club Open 2019 ရဲ့ အရည်အချင်းစမ်းသပ်ပွဲကို ၂၀၁၉၊ မတ်လ ၁၁ ရက်နေ့မှာစတင်ခဲ့ပြီး နွေဦးရာသီ Global Finals ပွဲကို ယခုနှစ် ဇူလိုင်လတွင်ကျင်းပမှာ ဖြစ်ကာ ဆောင်းရာသီ Global Finals ပွဲကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီ Global partnership မှာ Vivo ဟာအခြားဘယ်အရာနဲ့မှမတူညီတဲ့ True gaming experience ကို ရရှိစေဖို့အတွက် ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အတွေ့အကြုံမှတဆင့် ၎င်းရဲ့ Ultra-smooth gaming experience ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Vivo ဟာ ယခုလက်ရှိမှာ သုံးစွဲသူပေါင်း သန်း ၂၀၀ ကျော်ရှိပြီး ကမ္ဘာအနှံ့ရှိ လူငယ်တွေရဲ့ အလေးပေးရွေးချယ်ခြင်း ခံရတဲ့ အမှတ်တံဆိပ်တွေထဲမှ တစ်ခုဖြစ်ပါတယ်။

FIFA World CupTM ရဲ့ အဓိကစပွန်ဆာအဖြစ် တာဝန်ယူထားတဲ့ Vivo ဟာ Vivo ကမ္ဘာလုံးရှိ ဈေးကွက်ပေါင်း ၁၈ ခုမှာ ရပ်တည်လျက်ရှိပြီး မြို့ပေါင်း ၁၀၀၀ ကျော်မှာလည်း အရောင်းဆိုင်ပေါင်းများစွာရှိပါတယ်။

Vivo ရဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ စမတ်ဖုန်းတွေအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က