Y မျိုးဆက်တွေရဲ့ အားကစားနည်းသစ်ပါ

အီလက်ထရောနစ်ဂိမ်းတွေဟာ ဈေးကွက်တစ်ခု ဖြစ်လာပြီး eSports ကစားပြီး အသက်မွေးတဲ့ အသိုင်းအဝိုင်းကလည်း ကြီးသထက် ကြီးလာနေပြီ ဖြစ်ပါတယ်။

လက်ရှိထိပ်တန်း eSports ပလေယာတွေဟာ လူငယ်ပိုင်းတွေ Y မျိုးဆက်တွေပါ။ eSports ဟာ အခုချိန်မှာ ဘောလုံးကစားနည်းလို ၊ ဘက်စကတ်ဘောလို တရားဝင် အားကစားနည်းဖြစ်လာပြီး လူငယ် eSports အသင်းတွေဟာလည်း တစ်ဟုန်ထိုး များပြားလာပါတယ်။ ဒီထဲကမှ လက်ရှိ ဝင်ငွေနဲ့ဆုကြေး အမြင့်ဆုံး eSports အသင်း ၁၀ သင်းအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။



(၁) Team Liquid

Photo: The Rift Herald

ဂိမ်းကစားသူအချင်းချင်း ချိတ်ဆက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုကနေ စတင်ခဲ့တဲ့ Team Liquid ဟာ ဒီနေ့အချိန်အထိ ပွဲပေါင်း ၁၄၃၀ ကစားခဲ့ပြီး စုစုပေါင်း ဆုကြေး ဒေါ်လာ ၂၄၄၄၈၈၄၇ ရရှိထားပါတယ်။ ဒီထဲမှာ Dota ပွဲတွေကနေ ဆုကြေး ဒေါ်လာ ၁၇၃၃၆၀၉၉ ၊ Counter-Strike ကနေ ၁၇၇၂၁၇၅ ဒေါ်လာနဲ့StarCraft ကနေ ၁၃၆၁၄၉၀ ဒေါ်လာ ဝင်ထားတာပါ။

StarCraft II: Wings of Liberty ကို ၂၀၁၀ မှာ စတင် ကစားချိန်က စပြီး ပရိုပလေယာတွေအဖြစ် မှတ်ပုံတင်ခဲ့တာပါ။ အသင်းရဲ့ ထိပ်တန်း ပလေယာတွေကတော့ Kuro Takhasomi (KuroKy) ( ဝင်ငွေ ၃၄၄၉၆၇၂ ဒေါ်လာ) ၊ Ivan Ivanov (MinD_ContRoL) ( ဝင်ငွေ ၃၄၃၃၁၇၂ ဒေါ်လာ) နဲ့Lasse Urpalainen (Matumbaman) ( ဝင်ငွေ ၃၄၂၈၆၇၂) တို့ပဲ ဖြစ်ပါတယ်။

ဂိမ်းပွဲပေါင်းများစွာ ကစားခဲ့တဲ့ Team Liquid ရဲ့ အပြောင်မြောက်ဆုံး အောင်ပွဲကတော့ The International 2017 ( TI17) ပွဲ ဖြစ်ပြီး ဆုကြေး ၁၀၈၆၂၆၈၃ ဒေါ်လာ ရခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

(၂) Evil Geniuses

Photo: EGameTube

မြောက်အမေရိက eSports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာ အခြေစိုက်တဲ့ Evil Geniuses ကို EG လို့လည်း အတိုကောက် ခေါ်ကြပါတယ်။ ၁၉၉၉ မှာ ကနေဒါ Counter-Strike အသင်းအဖြစ် အလက်ဇန်းဒါးဂါးဖီးလ်က တည်ထောင်ခဲ့တဲ့ အသင်းပါ။ ဒီအသင်းရဲ့ နာမည်အကြီးဆုံး ပလေယာတွေကတော့ ပါကစ္စတန်သား Sumail Hassan (SumaiL) ( ဝင်ငွေ ၃၂၆၅၉၁၄ ဒေါ်လာ) ၊ Saahil Arora (UNiVeRsE) ( ဝင်ငွေ ၂၉၁၉၂၃၁ ဒေါ်လာ) နဲ့Peter Dager (ppd) (ဝင်ငွေ ၂၅၉၉၅၄ ဒေါ်လာ) တို့ဖြစ်ပါတယ်။

အမေရိကန်ကို ပြောင်းလာတဲ့ Sumali ၂၀၁၅ ဇန်နဝါရီမှာ EG ကို ရောက်လာခဲ့ပြီးနောက် တစ်လအကြာမှာ ဒီအသင်းဟာ Dota Asia Championships မှာ ဗိုလ်စွဲခဲ့ပါတယ်။ EG ရဲ့ ဆုကြေး အများဆုံး ရခဲ့တဲ့ ဂိမ်းတွေကတော့ Dota 2X ( ဆုကြေး ၁၇၈၇၀၇၄၂ ဒေါ်လာ ) ၊ StarCraft ( ဆုကြေး ၇၉၈၅၄၈ ဒေါ်လာ) နဲ့Call of Duty ( ဆုကြေး ၇၈၁၉၅၀) တို့ပဲ ဖြစ်ပါတယ်။

Evil Geniuses ဟာ Amazon Twitch ကနေ ပိုင်တဲ့ GoodGame Agency ရဲ့ အခွဲတစ်ခုလည်း ဖြစ်ပါတယ်။ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာတော့ ပြိုင်ပွဲပေါင်း ၇၃၇ ပွဲ ပြိုင်ခဲ့ပြီး ဆုကြေး စုစုပေါင်း ၂၀၇၅၁၁၇၂ ဒေါ်လာ ရရှိခဲ့ပါတယ်။

(၃) Team OG

Photo: LiquidDota

ဥရောပအခြေစိုက် Team OG ဟာ Monkey Business နာမည်နဲ့စတင်ဖွဲ့စည်းခဲ့တဲ့ အသင်းဖြစ်ပြီး ၂၀၁၅ အောက်တိုဘာမှ နာမည်ပြောင်းခဲ့တာပါ။ Dota 2 specialist တွေအဖြစ် နာမည်ကျော်ပြီး Frankfurt Major 2015 ပွဲမှာ နာမည်ကျော် Evil Geniuses ၊ CDEC Gaming နဲ့Team Secret တို့ကို အနိုင်ယူခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Team OGဟာ ၂၀၁၆ Manila Major ပွဲမှာလည်း အနိုင်ရခဲ့ပြီး Dota 2 သမိုင်းမှာ မေဂျာပွဲကြီး နှစ်ပွဲနိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ Team OG အနေနဲ့စပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲ ၁၀ ပွဲမှာ ၅ ပွဲနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပွဲပေါင်း ၅၀ ကစားထားပြီး ဆုကြေး ၁၇၅၆၃၀၂၈ ဒေါ်လာ ရရှိထားပါတယ်။ ဒီဆုကြေးထဲမှာ Dota 2 အနေနဲ့ရတဲ့ ဆုကြေးကိုက ၁၇၅၆၂၀၆၇ ဒေါ်လာဖြစ်ပြီး Super Smash Bros ဂိမ်းကနေ ဒေါ်လာ ၉၆၀ ဝင်ခဲ့ပါတယ်။

အသင်းရဲ့ ထိပ်တန်း ကစားသမား ၃ ဦးကတော့ Johan SundsteinX (N0tail) ( ဝင်ငွေ ၃၅၀၇၄၂၉ ဒေါ်လာ) ၊ Jesse Vainikka (JerAx) ( ဝင်ငွေ ၂၉၀၅၄၂၄ ဒေါ်လာ) နဲ့Anathan Pham (ana) ( ဝင်ငွေ ၂၈၂၅၇၄ ဒေါ်လာ) တို့ပဲ ဖြစ်ပါတယ်။

(၄) Newbee

Photo: Engadget

ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး eSports အသင်းတွေထဲမှာ နံပါတ် ၄ နေရာက လိုက်နေတာကတော့ တရုတ် eSports အသင်းတစ်ခု ဖြစ်တဲ့ Newbee ပဲ ဖြစ်ပါတယ်။ ဂိမ်းပွဲမျိုးစုံမှာ ဝင်ရောက်ယှဉ်ပြိင်တဲ့ ဒီအသင်းဟာ Dota 2 ၊ Hearthstone နဲ့League of Legends တို့မှာ ထူးချွန်ပါတယ်။ The International 2014 ( TI14) မှာ အနိုင်ရတုန်းက ဆုကြေး ဒေါ်လာ ၅ သန်း ရခဲ့ပြီး အဲဒီအချိန်က ဆုကြေးအများဆုံး ရတဲ့ အသင်းအဖြစ် ဂင်းနစ် စံချိန် တင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၁၃၀ ကစားထားပြီး ဆုကြေးအနေနဲ့စုစုပေါင်း ၁၂၈၂၀၁၉၅ ဒေါ်လာ ရခဲ့ပါတယ်။ Newbee ရဲ့ ထိပ်တန်း ပလေယာတွေကတော့ Zhi Hu (KaKa) ( ဝင်ငွေ ၁၃၅၂၂၄၀ ဒေါ်လာ) ၊ Damien ChokX (kpii) ( ဝင်ငွေ ၁၃၅၁၆၆၅ ဒေါ်လာ) နဲ့Zhang, Pan (Mu) ( ဝင်ငွေ ၁၃၁၉၆၂၄ ဒေါ်လာ) တို့ပဲ ဖြစ်ပါတယ်။

(၅) Fnatic

Photo: Snowball Esports

Fnatic ကတော့ လန်ဒန်အခြေစိုက် အသင်းဖြစ်ပြီး ဆွီဒင်ကစားသမားတွေ အများဆုံးကစားပါတယ်။ ဒီအသင်းဟာ Newbee လိုပဲ Dota 2 ၊ Hearthstone နဲ့LOL အပါအဝင် ဂိမ်းမျိုးစုံ ကစားပါတယ်။ ၂၀၀၄ ခုနှစ်က ဆမ်နဲ့သူ့အမေအန်နီမေးသရူးစ်တို့က တည်ထောင်ခဲ့တာပါ။

ဒီသားအမိဟာ တစ်ချိန်မှာ eSports ထွန်းကားလာမယ့်အရေးကို မျှော်ပြီး ကမ္ဘာအရပ်ရပ်က တော်တယ်ဆိုတဲ့ ပလေယာတွေနဲ့အသင်းတစ်သင်း ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၁ မှာ ပထမဆုံး League of Legends World Championship ပွဲမှာ အနိုင်ရခဲ့ပြီး EU LCS မှာ LoL Championship Seriesမှာ titles အများဆုံး ရတဲ့ အသင်းအဖြစ် မှတ်တမ်း ဝင်ထားပါတယ်။

ဒီအသင်းမှာ အတော်ဆုံး ထိပ်တန်း ပလေယာ ၃ ဦးကတော့ Robin Rönnquist (flusha) ( ဝင်ငွေ ၆၈၇၈၆၄ ဒေါ်လာ) ၊ Jesper Wecksell (JW) ( ဝင်ငွေ ၆၇၉၁၈၈ ဒေါ်လာ) နဲ့Freddy Johansson (KRiMZ) ( ဝင်ငွေ ၆၆၁၄၈၀ ဒေါ်လာ)တို့ပဲ ဖြစ်ပါတယ်။

Fnatic ရဲ့ နောက်ထပ်ထူးခြားချက်က Counter-Strike ဂိမ်းမှာ အကောင်းဆုံး အသင်းအဖြစ် အသိအမှတ်ပြုခံရတာပဲ ဖြစ်ပါတယ်။ Fnatic ဟာ CS:GO Majors ပွဲကြီး ၃ ပွဲမှာ ချန်ပီယံဖြစ်ထားတဲ့ အသင်း ဖြစ်ပြီး CS:GO ဂိမ်းနဲ့တင် ဆုကြေး ၃၅၃၁၆၂၇ ဒေါ်လာ ရခဲ့ပါတယ်။ အသင်း သက်တမ်းတစ်လျှောက် ပြိုင်ပွဲစုံ ၇၈၈ ပွဲကစားထားပြီး ဆုကြေးပေါင်း ၁၁၉၀၈၃၃၂ ဒေါ်လာ ဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က