ထိပ်တန်း eSports အသင်း ၃၀ မှာ ၂၈ သင်းက Dota 2 ကစားပါတယ်။

eSports လို့ပြောရင် ဂုဏ်သိက္ခာအကြီးဆုံးနဲ့ဆုကြေး အများဆုံးက Dota 2 ဖြစ်ပြီး လက်ရှိ ဆုကြေး အများဆုံး ရထားတဲ့ eSports အသင်းတွေဟာလည်း Dota 2 ကစားတဲ့ အသင်းတွေ များပါတယ်။

ကမ္ဘာပေါ်က ဝင်ငွေအကြမ်းဆုံး ထိပ်တန်း eSports အသင်း ၃၀ မှာဆိုရင် Dota 2 ကစားတဲ့ အသင်းချည်း ၂၈ သင်း ရှိပြီး ကျန်တဲ့ ၂ သင်းကတော့ Fortnite ကစားတဲ့ အသင်းတွေ ဖြစ်နေပါတယ်။ ကမ္ဘာ့ဝင်ငွေအကြမ်းဆုံး eSports အသင်း ၁၀ သင်း ဒုတိယပိုင်းမှာတော့ Dota Specialist အပြင် LoL ၊ StarCraft တွေဘက်မှာ ထူးချွန်တဲ့ အသင်းတွေလည်း ပါဝင်ပါတယ်။



(၆) Virtus.pro

Photo: Metro


Virtus.pro ကတော့ ရုရှား eSports အသင်းတစ်ခု ဖြစ်ပြီး ၂၀၀၃ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။ အသင်းသက်တမ်းတစ်လျှောက် ပြိုင်ပွဲစုံ eSports ပွဲတွေမှာ ရွှေတံဆိပ် ၁၀၀ ၊ ငွေ ၁၇၀ နဲ့ကြေးတံဆိပ် ၂၂၀ ရခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။ Virtus.pro အသင်းမှာ ပလေယာ ၅၀ ကျော် ပါပြီး ၂၀၁၂ စက်တင်ဘာမှာ အမျိုးသမီးအသင်းဆိုပြီး ထည့်ထားပါတယ်။

အခုချိန်အထိ Virtus.pro အသင်း ဝင်ကစားထားတဲ့ ပွဲပေါင်း ၄၃၈ ခု ရှိပြီး ဆုကြေး စုစုပေါင်း ၁၁၇၄၅၁၉၅ ဒေါ်လာ ရထားပါတယ်။ အသင်းရဲ့ ထိပ်တန်း ကစားသမားတွေကတော့ Roman Kushnarev (RAMZES666) ( ဝင်ငွေ ၁၁၆၈၆၀၄ ဒေါ်လာ) ၊ Pavel Khvastunov (9pasha) (ဝင်ငွေ ၁၁၄၇၄၄၆ ဒေါ်လာ) နဲ့Vladimir Minenko (No[o]ne) (ဝင်ငွေ ၁၁၄၀၂၄၆ ဒေါ်လာ) တို့ဖြစ်ပြီး Dota 2 ၊ Counter-Strike တို့မှာ ဆုကြေးတွေ ရထားတာပါ။


(၇) Wings Gaming

Photo: Mashable


ဆုကြေးအရ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး eSports Team မှာ အဆင့် ၇ နေရာက ရှိထားတဲ့ Wings Gaming ဟာ တရုတ်နိုင်ငံသား လူငယ်တွေနဲ့စုစည်းထားတဲ့ ပရော်ဖက်ရှင်နယ် Dota 2 အသင်းဖြစ်ပြီး ၂၀၁၄ မှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ၂၀၁၅-၂၀၁၆ တစ်လျှောက် ပြိုင်ပွဲတွေမှာ ထိပ်သီးစာရင်းဝင်ဖြစ်ခဲ့ပြီး တရုတ်ရဲ့ ပရီမီယာတန်းဝင်အသင်းတစ်သင်းအဖြစ် ရောက်လာခဲ့ပါတယ်။

Wings Gaming ဟာ The International 2016 (TI16) မှာ ချန်ပီယံဖြစ်လာခဲ့ပြီး ဆုကြေး ဒေါ်လာ ၉.၁ သန်း ရခဲ့ပါတယ်။ နောက်ထပ် မှတ်တမ်းကောင်းတစ်ခုကတော့ အိုလံပစ်မဟုတ်တဲ့ အားကစားတွေထဲမှာ အကောင်းဆုံး ဆုတစ်ခုဖြစ်တဲ့ Chinese Top 10 Laureus Sport Award ကို ပထမဆုံးရတဲ့ eSports အသင်းလည်း ဖြစ်ပါတယ်။

ဆုကြေးတွေ လှိုင်အောင် ရခဲ့ပေမယ့် ငွေကြေးအရှုပ်အထွေးတွေ ဖြစ်သွားပြီး ပလေယာတွေဟာ Team Random ကို ပြောင်းသွားခဲ့ပါတယ်။ ပြိုင်ပွဲအနေနဲ့၂၂ ပွဲပဲ ကစားထားပြီး ဆုကြေး စုစုပေါင်း ၉၇၁၈၆၃၇ ဒေါ်လာ ရခဲ့ပါတယ်။ အသင်းရဲ့ Top players တွေကတော့ Zhang Ruida (Faith_bian) (ဝင်ငွေ ၁၉၄၂၅၆၂ ဒေါ်လာ) ၊ Zhou Yang (bLink) (ဝင်ငွေ ၁၉၄၂၄၆၂ ဒေါ်လာ) နဲ့Li Peng (iceice) (ဝင်ငွေ ၁၉၄၂၄၆၂ ဒေါ်လာ) တို့ ဖြစ်ပါတယ်။


(၈) Vici Gaming


Photo: egamersworld.com

၂၀၁၂ အောက်တိုဘာထဲမှာ Vici Gaming ဆိုပြီး စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး တရုတ် Dota လောကမှာ ထင်ရှားပါတယ်။ ဒီအသင်းဟာ original Dota ဂိမ်းတွေ အဓိက ကစားဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ Dota 2 ဘက်ပါ လှည့်လာပါတယ်။

The International 2014 မှာ ဒုတိယရခဲ့တဲ့ ဒီအသင်းဟာ တစ်ခြားဂိမ်းတွေ ဖြစ်တဲ့ League of Legends ၊ StarCraft II ၊ WarCraft III ၊ FIFA ၊ Hearthstone : Heroes of Warcraft နဲ့Counter-Strike: Global Offensive စတဲ့ ဂိမ်းတွေလည်း ကစားပါတယ်။

Vici Gaming ဟာ ပြိုင်ပွဲစုံ ၂၅၅ ပွဲကစားပြီး Dota 2နဲ့ဆုအများဆုံး ရထားပါတယ်။ စုစုပေါင်း ဆုကြေး ၉၃၉၁၀၅၇ ဒေါ်လာ ရခဲ့ပြီး အသင်းရဲ့ ထိပ်တန်း ကစားသမားတွေကတော့ Lu, Chao (Fenrir) (ဝင်ငွေ ၁၁၇၆၂၈၃ ဒေါ်လာ) ၊ Xu, Linsen (fy) (ဝင်ငွေ ၁၀၃၄၂၃၉ ဒေါ်လာ) နဲ့Xie, Junhao (Super) (ဝင်ငွေ ၈၉၄၃၀၉ ဒေါ်လာ) တို့ဖြစ်ပါတယ်။


(၉) LGD Gaming

Photo: EGameTube


ပြိုင်ပွဲစုံ ၁၂၂ ပွဲ ကစားပြီး ဆုကြေးငွေ ၈၇၂၁၅၇၉ ဒေါ်လာ ရထားတဲ့ LGD Gaming လည်း တရုတ်မှ multi-gaming team တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ ဟန်ကျိုးမှာ အခြေစိုက်ပါတယ်။ LGD Gaming မှာ Dota ကစားတဲ့ အသင်းနဲ့League of Legends ကစားတဲ့ အသင်းခွဲထားပြီး Dota ကစားတဲ့ For The Dream အသင်းဟာThe International 2012 မှာ တတိယရခဲ့ပါတယ်။

LGD Gaming ကနေ squad အသစ်တွေ ထပ်ထပ်ခွဲထားတာတွေ ရှိပြီး နောက်ပိုင်းမှာ CDEC Gaming လို့နာမည်ကြီးတဲ့ Dota အသင်းလည်း ပါခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ LGD ဟာ ပြင်သစ်ဘောလုံးအသင်း Paris Saint-Germain နဲ့လက်တွဲပြီး PSG.LGD လို့ခေါ်တဲ့ အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအသင်းမှာ နာမည်ကျော်တဲ့ ပလေယာတွေကတော့ Yao, Zhengzheng (Yao) (ဝင်ငွေ ၁၁၇၆၂၂၅ ဒေါ်လာ) ၊ Liang, Fa Ming (DDC) (ဝင်ငွေ ၈၃၉၈၈၄ ဒေါ်လာ) နဲ့Lei, Zengrong (MMY!) (ဝင်ငွေ ၇၅၁၅၆၃ ဒေါ်လာ)တို့ဖြစ်ပါတယ်။


(၁၀) SK Telecom T1

Photo: The Rift Herald

League of Legends ဂိမ်းနဲ့၂၀၁၃ ၊ ၂၀၁၅ နဲ့၂၀၁၆ သုံးကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းပါ။ SK Telecom T1 ဟာ တောင်ကိုရီးယား တယ်လီကွန်းကုမ္ပဏီကြီး ဖြစ်တဲ့ SK Telecom ပိုင် eSports အသင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီအသင်းမှာ LoL အပြင် StarCraft: Brood War နဲ့StarCraft II ပွဲတွေလည်း ကစားပါတယ်။ အသင်းရဲ့ ထိပ်တန်းကစားသမားတွေကတော့ Lee, Sang Hyeok (Faker) (ဝင်ငွေ ၁၁၇၅၀၆၈ ဒေါ်လာ) ၊ Lee, Jae Wan (Wolf) (ဝင်ငွေ ၉၀၈၉၄၉ ဒေါ်လာ) နဲ့Bae, Jun Sik (Bang) (ဝင်ငွေ ၉၀၇၂၆၉ ဒေါ်လာ) တို့ဖြစ်ပါတယ်။

LoL နဲ့StarCraft II ပြိုင်ပွဲတွေကနေ ဆုကြေး အများဆုံး ရခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲ ၂၁၂ ပွဲမှာ ဆုကြေး ၈၅၇၂၆၁၂ ဒေါ်လာ ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က