နှစ်လယ်မှာ ဈေးကွက်ပြန်ကောင်းလာဖို့ရှိပါတယ်
Nyein Min Wai

Samsung Electronics ဟာ နှစ်နှစ်ကျော်အတွင်း အဆိုးဆုံး သုံးလပတ်ဝင်ငွေအနည်းဆုံးအနေအထားမှာ ရှိနေတယ်လို့ဆိုပါတယ်။

Photo: homeappliancesworld

         Samsung Newsroom ကနေ ၂၀၁၉ ပထမ သုံးလပတ်အတွက် ဝင်ငွေစာရင်းကို ကြေညာခဲ့ရမှာ ရောင်းအားအနေနဲ့ကိုရီးယားဝမ် ၅၂ ထရီလီယံခန့်ဝင်ခဲ့ပြီး လုပ်ငန်း လည်ပတ်ဖို့အမြတ်ငွေကတော့ ဝမ် ၆.၂ ထရီလံခန့်ဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူ ရောင်းအားနဲ့ယှဉ်မယ်ဆိုရင် လုပ်ငန်းအမြတ်ငွေ ရရှိမှုဟာ ၆၀% ကျဆင်းလာခဲ့တာ ဖြစ်ပြီး ၂၀၁၆ နောက်ပိုင်း အဆိုးဆုံးသုံးလပတ်ကာလကို ရောက်နေတာပါ။

         Samsung ဟာ memory chips များ ၊ cloud ကုမ္ပဏီများအတွက် ဆာဗာချပ်စ်များနဲ့စမတ်ဖုန်းများအတွက် screens တွေ ထုတ်လုပ်နေတာ ဖြစ်ပြီး semiconductor လုပ်ငန်းဟာ Samsung ရဲ့ အဓိက စီးပွားရေးလုပ်ငန်းထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၉ နှစ်လယ်တွင်း chips ဈေးနှုန်းများ ပြန်တက်လာဖို့ရှိတာကြောင့် Samsung ရဲ့ ရှယ်ယာကတော့ အတက်ပြနေပါတယ်။

         "ဒုတိယ ၆ လအတွင်း memory chips ဈေးနှုန်းတွေဟာ ပြန်ငြိမ်သွားဖို့ရှိပါတယ်။ ဈေးနှုန်းအကျနှေးလာမယ် iPhone သစ်တွေ ထွက်လာဦးမယ် ဒါတွေက Samsung ရဲ့ Display နဲ့chips တွေအတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်လာမှာပါ" လို့KTB Investment and Securities မှ ဈေးကွက်ကျွမ်းကျင်သူ ကင်မ် ရန်ဂျေးက ပြောပါတယ်။

Photo: pocket-lint

         ဇန်နဝါရီကနေ မတ် ၃ လတာအတွင်း Samsung ဟာ လုပ်ငန်းအမြတ်ငွေ ဝမ် ၆.၂ ထရီလီယံ ရခဲ့တာ ဖြစ်ပြီး အစောပိုင်းမျှော်မှန်းထားတာထက် ဝမ် ၆.၈ ထရီလီယံလျော့ပြီး ဝင်ခဲ့တာလည်း ဖြစ်တယ်လို့Refinitiv SmartEstimate မှ သုံးသပ်ထားပါတယ်။ ဝင်ငွေအနေနဲ့၂၀၁၈ ပထမသုံးလပတ်ကထက် ၁၄% လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ပထမ ၃ လပတ်အတွင်း ဝင်ငွေဝမ် ၆၀.၅၆ ထရီလီယံနဲ့လုပ်ငန်းအမြတ် ၁၅.၆၄ ထရီလီယံ ရခဲ့ပါတယ်။

         Samsung ရဲ့ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Galaxy စမတ်ဖုန်းတွေဟာလည်း လက်ရှိမှာ အမြတ်ရဖို့ရုန်းကန်နေရပြီး ပြိုင်ဘက်တရုတ်ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု မြင့်လာခြင်း ၊ နည်းပညာဆန်းသစ်မှုအတွက် ကုန်ကျစရိတ် နဲ့ဖုန်းသစ်တွေ အဝယ်မလိုက်မှုနဲ့လည်း ကြုံတွေ့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က