ကုန်ကျစရိတ် သက်သာအောင်လို့ပါ

တောင်ကိုရီးယားအစိုးရဌာနတွေဟာ ကုန်ကျစရိတ်သက်သာစေဖို့နဲ့OS တစ်ခုတည်းပေါ် မှီခိုမှု လျှော့ချဖို့အတွက် Windows အစား Linux Operating System ကို အသုံးပြုသွားဖို့စီစဉ်နေပါတယ်။


Photo: Unixmen



         တောင်ကိုရီးယား ပြည်ထဲရေးနဲ့လုံခြုံရေးဌာနဟာ ဌာနဆိုင်ရာသုံး PC ကွန်ပျူတာတွေမှာ Linux ကို စတင် စမ်းသပ် အသုံးပြုနေပြီး လုံခြုံရေးပြဿနာ မရှိဘူးဆိုရင် Linux စနစ်ကို အစိုးရဌာနတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတော့မှာ ဖြစ်တယ်လို့Korea Herald သတင်းမှာ ဖော်ပြထားပါတယ်။ 

         Windows ကနေ Linux ပြောင်းသုံးဖို့စဉ်းစားတာဟာ Microsoft မှ Windows 7 အတွက် အခမဲ့ နည်းပညာပံ့ပိုးမှုပေးတာကို ၂၀၂၀ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အဆုံးသတ်တော့မယ့် အချက်နဲ့အတူ Windows အသုံးပြုမှုအတွက် ကုန်ကျစရိတ်ပေါ် စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

         "လုံခြုံရေး ပြဿနာ မဖြစ်စေဖို့သီးသန့်ကွန်ရက်သုံး ထုတ်ကုန်တွေမှာ Linux ကို စမ်းသပ်သွားမှာပါ။ Windows မှာ အလုပ်လုပ်နေတဲ့ လက်ရှိ ဝက်ဘ်ဆိုက်နဲ့software တွေမှာ သုံးလို့ရတယ်ဆိုရင် Linux ကို ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်" လို့ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

         တောင်ကိုရီးယားနိုင်ငံဟာ လာမယ့် ၂၀၂၃ အကုန်မှာ Windows သစ်တွေကို အဆင့်မြှင့်သွားရဖို့ရှိပြီး ဒီအတွက် ကုန်ကျစရိတ်လည်း ရှိလာမှာပါ။ ဒါကြောင့်ပဲ အစိုးရအနေနဲ့Windows 10 အစား Linux OS လို Open source ပလက်ဖောင်းကို စဉ်းစားနေတာ ဖြစ်ပါတယ်။

         Linux OS ပြောင်းသုံးခြင်းနဲ့ရုံးသုံးကွန်ပျူတာအသစ်တွေ ဝယ်ယူခြင်းဟာ တောင်ကိုရီးယားအစိုးရအတွက် ဝမ် ၇၈၀ ဘီလျံ (ဒေးလာ ၆၅၅ သန်း) ဖိုး ကုန်ကျနိုင်မယ်လို့လည်း တောင်ကိုရီးယား ပြည်ထဲရေးနဲ့လုံခြုံရေး ဝန်ကြီးဌာနက တွက်ချက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က