ခွဲပေးမယ့် ငွေပမာဏမသိရသေးပါဘူး။

ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပေမယ့် Huawei ကတော့ သူ့ဝန်ထမ်းတွေကို ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ဆုကြေးငွေ ပေးသွားတော့မှာပါ။

         5G ကွန်ရက်ထိုးဖောက်ဖို့ပိတ်ပင်ခံရမှုတွေ ရှိထားသလို အမေရိကန်အစိုးရနဲ့နိုင်ငံတစ်ချို့ဘက်မှ စွပ်စွဲချက်တွေ ရှိထားပေမယ့် ၂၀၁၈ ခုနှစ်အတွင်း Huawei ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၀၈.၅ ဘီလျံ အထိ စံချိန်တင် မြှင့်တက်ခဲ့တာကြောင့် အရင်နှစ်ကထက် ၂၁% ရောင်းအားပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိ တယ်လီကွန်းလောကမှာ အမေရိကန်အစိုးရရဲ့ ကန့်ကွက်ပိတ်ပင်မှုများနဲ့ကြုံတွေ့နေချိန်မှာ Huawei ကုမ္ပဏီဟာ ဝန်ထမ်းများ စိတ်ခွန်အားရှိစေဖို့အစီအစဉ်တစ်ခု လုပ်ခဲ့တာပါ။

Photo: Duwun Tech



         ဒီအစီအစဉ်အရ ဝန်ထမ်းရှယ်ယာရှင်တွေကို ၃% ခွဲဝေပြီး ဆုပေးသွားမှာ ဖြစ်လို့ဒေါ်လာ ဘီလျံပေါင်းများစွာ ပြန်ခွဲပေးမယ့် အစီအစဉ်လို့ဆိုနိုင်ပါတယ်။ အခုလို ငွေတစ်လုံးတစ်ခဲတည်း ပေးမယ့် အစီအစဉ်ဟာ ကုမ္ပဏီအနေနဲ့အမြတ်ငွေညွှန်းကိန်း တက်လာခြင်းကို ဖော်ပြရာ ရောက်သလို တရုတ်အစိုးရအတွက် စပိုင်လုပ်ပေးနေတယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ စွပ်စွဲမှုတွေကို ရင်ဆိုင်နိုင်ကြောင်း သက်သေပြတဲ့ သဘောလည်း ဖြစ်ဖို့ရှိပါတယ်။

         Huawei ဟာ ဝန်ထမ်းတွေကို လစာအမြင့်တွေ ပေးပြီး သူတို့ရဲ့ လုပ်အားနဲ့ဝါယမစိုက်မှုကို တောင်းဆိုတဲ့ ဝံပုလွေယဉ်ကျေးမှုလို့ခေါ်တဲ့ အဖွဲ့အစည်း စိတ်ဓါတ်ကို တည်ဆောက်ထားတာပါ။ လက်ရှိ Huawei Technologies မှာ ရှိတဲ့ ဝန်ထမ်းပေါင်း ၁၈၀၀၀၀ ကျော်ထဲက ဝန်ထမ်း ၈၀၀၀၀ ခန့်ဟာ ကုမ္ပဏီမှာ ရှယ်ယာပိုင်သူတွေ ဖြစ်နေပါတယ်။ ၂၀၁၈ အတွက် ရှယ်ယာတစ်စုကို ငွေတန်ကြေး ၁.၀၂ ယွမ်ကနေ ၁.၀၅ ယွမ်မြင့်တက်ပြီး ခွဲပေးသွားဖို့ရှိတယ်လို့Huawei ရဲ့ ရှယ်ယာရှင် ဝန်ထမ်း ၆ ဦးက Reuters ကို ပြောပါတယ်။

Photo: Duwun Tech

         ၂၀၁၈ မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီနေရာကို ရောက်လာတဲ့ Huawei ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ငွေခွဲပေးမယ့် မူကို အပြီးသတ်ချမပြရသေးဘူးလို့ဆိုပါတယ်။ Huawei ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး 5G တယ်လီကွန်း provider ဖြစ်သလို cloud ဝန်ဆောင်မှုနဲ့ပါတနာပေါင်း ၁၄၀ ကျော် ရှိထားတယ်လို့လည်း သိရပါတယ်။

         ၂၀၁၉ မှာ Huawei ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ 5G ဝန်ဆောင်မှု ပေးဖို့အတွက် ခြေလှမ်းပြင်နေပြီး ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း ဒေသတွင်းမှာ 5G ကို commercial use အနေနဲ့ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ဝန်ဆောင်မှုပေးဖို့မျှော်လင့်ထားသလို ၅ နှစ်အတွင်း ဆိုက်ဘာလုံခြုံရေးအတွက် ဒေါ်လာ ၂ ဘီလျံကျော် သုံးစွဲသွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က