နိုဝင်ဘာ ၁ ရက်နေ့မှာ တီဗွီစီးရီး ၉ ခုနဲ့စတင် မိတ်ဆက်သွားမှာပါ
Nyein Min Wai

Apple TV+ ဝန်ဆောင်မှုသစ်ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ အခပေးဝန်ဆောင်မှု သုံးသူ ၁၃၆ သန်းအထိ ရှိလာမယ်လို့အမေရိကန်နိုင်ငံစုံရင်းနှီးမြှပ်နှံမှုဘဏ် Morgan Stanley က ခန့်မှန်းပါတယ်။

တစ်လ ၄.၉၉ ဒေါ်လာ နှုန်းနဲ့အသုံးပြုနိုင်မယ့် ဒီဝန်ဆောင်မှုကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်သွားတော့မှာပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ မိတ်ဆက်သွားမယ့် Apple TV+ ဟာ တီဗွီရှိုးပွဲများ ၊ ရုပ်ရှင်များ ကြည့်ရှုနိုင်မယ့် ပလက်ဖောင်းဖြစ်ပြီး iPhone နဲ့iPad သစ်တို့ဝယ်ချိန်မှာ တစ်နှစ်စာ free ဝန်ဆောင်မှုအဖြစ် ထည့်ပေးသွားမယ်လို့ဆိုပါတယ်။


Photo: wccftech

Morgan Stanley ဘဏ် ဈေးကွက်ကျွမ်းကျင်သူ ကတ်တီဟူဘာတီကတော့ Apple TV+ ဟာ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ Apple သုံးစွဲသူ ၁၀ ယောက်မှာ ၁ ယောက်ဟာ ဒီဝန်ဆောင်မှုကို အသုံးပြုလာမယ်လို့ခန့်မှန်းထားပါတယ်။

" ၂၀၂၅ မှာ Apple TV+ အခပေး subsciber ပေါင်း ၁၃၆ သန်းရှိလာတဲ့ ဒေါ်လာ ၉ ဘီလှံ ဝင်တဲ့ စီးပွားရေးတစ်ခု ဖြစ်လာမယ်လို့ကျွန်မတို့ခန့်မှန်းထားပါတယ်။" လို့ဟူဘာတီက ဆိုပါတယ်။

TV ရုပ်သံ streaming ဈေးကွက်ထဲ အသစ်ဝင်ရောက်လာတဲ့ Apple ဟာ ဒီလောကထဲက နာမည်ကြီး ထိပ်တန်းကုမ္ပဏီတွေ ဖြစ်တဲ့ Amazon ၊ Netflix ၊ Hulu စတဲ့ ပလက်ဖောင်းတွေနဲ့ယှဉ်ပြိုင်တော့မှာပါ။ ကမ္ဘာကျော် Disney ရုပ်သံဟာလည်း လာမယ့်နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကိုယ်ပိုင် streaming service ဖြစ်တဲ့ Disney+ ကို မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

ကနေဒါ ၊ အမေရိကန် နဲ့နယ်သာလန်တို့မှာ မိတ်ဆက်သွားမယ့် Disney+ ဝန်ဆောင်မှုဟာ တစ်လကို ၆.၉၉ ဒေါ်လာနှုန်း သတ်မှတ်ထားပါတယ်။ NBC Universal ဟာလည်း လာမယ့်နှစ် ဧပြီလထဲမှာ Peacock နာမည်နဲ့ကိုယ်ပိုင် streaming ဝန်ဆောင်မှုတစ်ခု မိတ်ဆက်ဖို့ပြင်နေသလို Warners Bros နဲ့HBO စတဲ့ ရုပ်သံဖျော်ဖြေရေးတွေကို ပိုင်တဲ့ AT&T ကလည်း HBO အမှတ်တံဆိပ်အောက်ကနေ သီးသန့်services တစ်ခု လုပ်ဆောင်တော့မှာပါ။

Photo: idownloadblog

streaming service မှာ အကြီးဆုံးဖြစ်တဲ့ Netflix ကတော့ လက်ရှိမှာ ကမ္ဘာအရပ်ရပ်က subscriber ပေါင်း ၁၅၈ သန်းကျော် ရှိထားပါတယ်။ Apple ကတော့ ကုမ္ပဏီရဲ့ အခပေး TV streaming ဝန်ဆောင်မှုကို အိန္ဒိယမှာ ၉၉ ရူပီး ( ၁.၃၈ ဒေါ်လာခန့်) ကနေ ယူကေဈေးကွက်မှာ ပေါင်စတာလင် ၄.၉၉ ( ၆.၁၅ ဒေါ်လာခန့်) ဈေးများ သတ်မှတ်ထားပါတယ။်

Apple ဝန်ဆောင်မှု ဖြစ်ပေမယ့် ပြိုင်ဘက်တွေ ဖြစ်တဲ့ Samsung ၊ LG ၊ Sony စတဲ့ စမတ်တီဗွီတွေနဲ့Amazon Fire TV တွေနဲ့Roku TV တို့မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple TV+ ဝန်ဆောင်မှုကို နာမည်ကျော်မင်းသား ဂျေဆင်မွန်မိုရာ ပါဝင်တဲ့ See နဲ့ဂျနီဖာ အန်နစ္စတန် ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ The Morning Show အပါအဝင် တီဗွီစီးရီး ၉ ခုနဲ့စတင် မိတ်ဆက်သွားမှာပါ။


က္က