အပြန်အလှန်တရားစွဲခဲ့တာပါ

၂၀၁၆ ခုနှစ်က ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးနှစ်ခုအကြား တရားတဘောင်ဖြစ်ခဲ့တဲ့ ကိစ္စဟာ ၂ နှစ်ကျော် ကြာပြီးနောက် သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

         Samsung နဲ့Huawei တို့ဟာ ၂၀၁၆ ဒီဇင်ဘာလထဲမှာ နည်းပညာမူပိုင်ခွင့်တစ်ချို့ချိုးဖောက်မှုနဲ့တရုတ်နဲ့အမေရိကန်တရားရုံးတွေမှာ တရားစွဲဆိုမှုတွေ ဖြစ်ခဲ့တာပါ။ Huawei ကတောာ့ သူ့ရဲ့ ဆယ်လူလာဆက်သွယ်ရေး နည်းပညာကို အခွင့်မရှိဘဲ သုံးစွဲတယ်ဆိုပြီး Samsung ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ တရားစွဲမှုထဲမှာ လိုင်စင်သဘောတူညီချက်ယူဖို့သဘာဝမကျဘဲနဲ့နှောင့်နှေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။



Photo: Reuters

         Samsung ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ပြီး Huawei ဟာ လိုင်စင်ကြေးတွေ မတန်တဆတောင်းနေတယ်ဆိုပြီး အမေရိကန်တရားရုံးမှာ Huawei ကို ပြန်တရားစွဲခဲ့ပါတယ်။ FRAND လိုင်စင်စည်းကမ်းလို့ခေါ်တဲ့ မျှတ ၊ သင့်လျော်ပြီး ခွဲခြားမှုမရှိတဲ့ လိုင်စင်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ပြန်တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။

         ၂၀၁၆ မှာ Huawei ကနေ Samsung ကို 4G ၊ OS နဲ့UI နည်းပညာတရားမဝင် သုံးစွဲမှုနဲ့တရားစွဲခဲ့ပြီးနောက် တရုတ်တရားရုံးဟာ ၂၀၁၇ ခုနှစ်မှာ Samsung ဘက်မှ ယွမ် သန်း ၈၀ (ဒေါ်လာ ၁၁.၆ သန်းခန့်) ပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၁၈ ဇန်နဝါရီလထဲမှာ ရှန်ကျန့်တရားရုံးမှ Samsung ရဲ့ တရုတ်မိတ်ဖက် စမတ်ဖုန်းထုတ်လုပ်တဲ့ စက်ရုံတွေအနေနဲ့တရုတ်ပြည်တွင်းမှာ 4G LTE စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချခွင့် ပိတ်သိမ်းဖို့လည်း အမိန့်ချခဲ့ပါတယ်။

         အဲဒီနှစ်ထဲမှာပဲ ဧပြီလထဲက အမေရိကန်တရားရုံးဟာ ရှန်းကျန့်တရားရုံးရဲ့ ပိတ်ဆို့မှုကို Huawei ဘက်မှ မလိုက်နာစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ဘက်သဘောတူ ကြေညာချက်ထဲမှာတော့ လာမယ့် ရက်သတ္တပတ်တွေမှာ သဘောတူညီချက်ကို နောက်ဆုံးလက်စသတ်နိုင်မယ့် အဆင့်ကို ဖြေရှင်းပြီး ဖြစ်မယ်လို့မျှော်လင့်ထားကြောင်းနဲ့ရက် ၃၀ အတွင်း Huawei ကနေ ဒီအယူခံကို ပယ်ဖျက်ဖို့တင်သွင်းသွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။

         ၂၀၁၉ ဖေဖော်ဝါရီလကုန်ပိုင်းမှာ Huawei နဲ့Samsung အကြား အပြန်အလှန်တရားစွဲမှု ရုပ်သိမ်းရခြင်းအကြောင်းရင်းကိုတော့ နှစ်ဘက်ကုမ္ပဏီများမှ ကြေညာခြင်း မရှိခဲ့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က