စုစုပေါင်း ဒေါ်လာ ၁၆ သန်းနီးပါး ရခဲ့တာပါ
Nyein Min Wai

၂၀၁၈ ဟာ Apple အတွက် iPhone ရောင်းအားကျခဲ့တဲ့ နှစ်ဆိုပေမယ့် အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်အတွက်ကတော့ ၂၀၁၇ ကထက်တောင် ဆုကြေးအပြတ်အသတ်ပို ရခဲ့တဲ့နှစ် ဖြစ်ခဲ့ပါတယ်။

Photo: thenewsminute


         Apple ဟာ ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ကို ၂၀၁၈ ထဲမှာ ဘောနပ်စ်နှုန်းထားကို ၂၂% တိုးပေးခဲ့တာပါ။ ဒီ့အရင်နှစ်မှာ တင်မ်ကွတ်ဟာ ဘောနပ်စ်အဖြစ် ဒေါ်လာ ၉၃၂၇၀၀၀ ရခဲ့ပြီး ၂၀၁၆ မှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၈၇၄၇၇၁၉ ရခဲ့တယ်လို့ဆိုပါတယ်။

         ၂၀၁၈ မှာ တင်မ်ကွတ်ဟာ ဘောနပ်စ်အဖြစ် ဒေါ်လာ ၁၂ သန်း ၊ ကိုယ်ရေးကိုယ်တာခရီးစရိတ်နဲ့လုံခြုံရေး အသုံးစရိတ်တွေအတွက် နစ်နာကြေးအဖြစ် ဒေါ်လာ ၆ သိန်း ၈ သောင်း ရခဲ့တာပါ။ တစ်နှစ်လုံး တင်မ်ကွတ်ရဲ့ လစာကတော့ ဒေါ်လာ ၃ သန်းပဲ ရှိခဲ့တာဖြစ်လို့၂၀၁၈ ခုနှစ်ထဲမှာ စုစုပေါင်း ဒေါ်လာ ၁၅.၇ သန်းခန့် ဝင်ခဲ့တာ ဖြစ်ပါတယ်။

         ဒီနှစ် ဆုကြေး တိုးပေးရာမှာ ကုမ္ပဏီရဲ့ ရောင်းအားကောင်းမှုပေါ်ကြည့်ပြီး ပေးခဲ့တာလို့Apple ရဲ့ ဆုကြေးပေးရေး ကော်မတီက ဆိုပါတယ်။

         "၂၀၁၈ ထဲမှာ ကျွန်တော်တို့အသားတင်ရောင်းအား ဒေါ်လာ ၂၆၅.၆ ဘီလျံ ရှိပြီး လုပ်ငန်းလည်ပတ်မှု ဝင်ငွေကတော့ ဒေါ်လာ ၇၀.၉ ဘီလျံ ရှိခဲ့ပါတယ်။ နှစ်အလိုက် လုပ်ငန်းတိုးတက်မှုပိုင်းမှာ ၁၆%စီ ရှိခဲ့ပြီး ဒီနှစ်ခုမှာ ၂၀၁၈ အမြင့်ဆုံး နှစ်စဉ်ဆုကြေးပေးဖို့မှန်းထားတာထက် ကျော်သွားခဲ့ပါတယ်။"လို့ဖော်ပြထားပါတယ်။

         ၂၀၁၆ ထဲမှာ တင်မ်ကွတ်အပါအဝင် Apple အမှုဆောင်များဟာ လျာထား ဆုကြေးရဲ့ ၈၉.၅% ပဲ ပြည့်မီခဲ့တာကြောင့် ဆုကြေးရရှိမှု အနိမ့်ဆုံး ဖြစ်ခဲ့ပြီး ၂၀၁၇ မှာ စွမ်းရည်အလိုက် ဆုကြေးလျာထားချက်ရဲ့ ၁၅၅.၅% ထိ မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ပထမဆုံး ဒေါ်လာ ထရီလီယံတန် ကုမ္ပဏီဖြစ်လာတဲ့ ဒီနှစ်ထဲမှာ Apple ဟာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေကို နှစ်စဉ် အခြေခံလစာရဲ့ ၄၀၀% ထိ ဆုကြေပေးခဲ့တာ ဖြစ်ပါတယ်။

Photo: Business Insider

         တင်မ်ကွတ်ခ် လို့အားလုံးခေါ်နေကြတဲ့ တင်မိုသီ ဒေါ်နယ်ကွတ်ခ်ဟာ ၁၉၉၈ ကနေ ဒီနေ့အချိန်အထိ Apple မှာ အလုပ်အမှုဆောင် ဒုဥက္ကဌရာထူးနဲ့အလုပ်ဝင်ခဲ့ပြီး ၂၀၁၁ ကနေ ဒီနေ့အချိန်အထိ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူနေတဲ့ ကမ္ဘာ့ထိပ်တန်း CEO တစ်ယောက်လည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က