လစာထဲက ယွမ် ၅၀၀၀ (မြန်မာငွေ ၁၁ သိန်းကျော်) အဖြတ်ခံခဲ့ရပါတယ်။

၂၀၁၉ နှစ်သစ်ကူးမှာ ကုမ္ပဏီရဲ့ တရားဝင် Twitter အကောင့်ကနေ ဆုတောင်းစကားပြောခဲ့ရာမှာ iPhone အသုံးပြုခဲ့တဲ့ ဝန်ထမ်း ၂ ဦးကို Huawe မှ အပြစ်ပေးခဲ့ပါတယ်။






         ကုမ္ပဏီတွင်း မှတ်ချက်တစ်ခုမှာ ဒီအကြောင်းကို ဖော်ပြခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့က Happy #2019 အစချီထားတဲ့ နှစ်သစ်ကူး ဆုတောင်းမှာ via Twitter for iPhone လို့တက်လာခဲ့တာပါ။ ဒီ tweet ကို ချက်ချင်းပယ်ဖျက်ခဲ့ပေမယ့် screenshots ဖမ်းမိသူများက ပြန်ပြီး မျှဝေခဲ့ကြပါတယ်။

         လူမှုကွန်ရက် Weibo သုံးသူတစ်ဦးကတော့ "သစ္စာဖောက်တဲ့သူ ကိုယ်ထင်ပြသွားတာပဲ" လို့တင်ခဲ့ပြီး ဒီမှတ်ချက်ကို အကြိမ်ပေါင်း ၆၀၀ ကျော် like ပေးခဲ့ကြပါတယ်။ Huawei ရဲ့ အကြီးတန်းဒုဥက္ကဌနဲ့ဘုတ်ဒါရိုက်တာ ချန်လီဖန်းကတော့ ဒီဖြစ်ရပ်ကြောင့် Huawei brand ထိခိုက်သွားခဲ့တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ VPN ပြဿနာကြောင့်လည်း ဖြစ်ခဲ့တာလို့လည်း Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

         Twitter ဟာ တရုတ်မှာ ပိတ်ခံထားရတဲ့ နိုင်ငံခြားလူမှုကွန်ရက်ဖြစ်ပေမယ့် လူတော်တော်များများကတော့ Virtaul Private Networks တွေကနေ ကျော်သုံးနေကြတာပါ။ တရုတ်နိုင်ငံမှ Xinhua လို ထိပ်တန်း သတင်းအေဂျင်စီကလည်း သတင်းဆောင်းပါးတွေကို လူဖတ်များဖို့Twitter ကို အသုံးပြုထားပါတယ်။

         Twitter မှာ နှစ်သစ်ကူး ဆုတောင်းပို့စ်ကို iPhone နဲ့တင်မိခဲ့တဲ့ ဝန်ထမ်း ၂ ဦးကတော့ ရာထူးတစ်ဆင့်လျှော့ပြီး လစာထဲက ယွမ် ၅၀၀၀ အဖြတ်ခံရပါတယ်။ Huawei ရဲ့ ဒစ်ဂျစ်တယ်မားကတ်တင်း ဒါရိုက်တာကိုတော့ ၁၂ လအတွင်း ရာထူးတိုး ဆိုင်းငံ့ခံရတယ်လို့ဆိုပါတယ်။

         Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ရောက်လာတဲ့ Huawei ဟာ အမေရိကန်အစိုးရနဲ့ပြဿနာတက်နေတဲ့ တရုတ်နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီရဲ့ CFO ကို အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်နဲ့ကနေဒါမှာ ဖမ်းခံထားရပါတယ်။ Huawei တည်ထောင်သူ ရန်ဇီဖိန်းရဲ့ သမီး ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ဇောင်အဖမ်းခံရမှုနဲ့ဆက်စပ်ပြီး Huawei ရဲ့ supplier ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Menpad အပါအဝင် တရုတ် ကုမ္ပဏီတစ်ချို့ဟာ iPhone ကိုင်တဲ့ ဝန်ထမ်းတွေကို ဒဏ်ပေးတဲ့ မူကို ကျင့်သုံးနေပါတယ်။

Photo: channelnewsasia

         တစ်ဆက်တည်းမှာပဲ Huawei နဲ့ZTE ဖုန်းတွေ ဝယ်ကိုင်တဲ့ ဝန်ထမ်းတွေကို ဖုန်းတန်ဖိုးရဲ့ ၁၅% ပေးပြီး တရုတ်ထုတ်ကုန်တွေကို အမေရိကန်ဈေးကွက်မှာ ရောင်းနိုင်တဲ့ ဝန်ထမ်းတွေကို ကော်မရှင် ၂ ဆပေးမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က