software update သစ်တွေ အများဆုံး မြင်ရမှာပါ

     လာမယ့် ဇွန်လ ပထမအပတ်မှာ Apple ဟာ တစ်နှစ်တာရဲ့ အကြီးဆုံး Developer Show ကြီးတစ်ခု ကျင်းပသွားတော့မှာပါ။


         WWDC 2019 ဟာ developer တွေအတွက် အရေးပါတဲ့ ပွဲကြီးတစ်ခု ဖြစ်သလို iOS users တွေအတွက်ပါ ရင်ခုန်ရမယ့် ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီနှစ် WWDC 2019 ကို ဇွန်လ ၃ ရက်ကနေ ၇ ရက်အထိ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးက San Jose McEnery ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပသွားမှာပါ။ ဒီပွဲမှာ Apple ဘာတွေ မိတ်ဆက်သွားမလဲ။




(၁) iOS 13

Photo: 9to5Mac


         WWDC ပွဲတိုင်းမှာ နောက်ဆုံးပေါ် iOS သစ်တွေကို ကြေညာလာတာပါ။ ဒီနှစ်ထဲမှာ ထွက်လာမယ့် iOS 13 ဟာ အရင် ထုတ်ကုန်အဟောင်းတွေမှာပါ update run နိုင်အောင် အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်။ 9to5 Mac သတင်းမှာတော့ iOS 13 မှာ အရေးပါတဲ့ အပြောင်းအလဲ တစ်ခုအနေနဲ့Interface ပိုင်းမှာ System-Wide Dark Mode ပါလာမယ်လို့ဆိုပါတယ်။

         Dark Mode ဟာ UI နောက်ခံကို အနက်ပြောင်းပြီး OLED screen ဘက်ထရီသုံးစွဲမှုကို လျှော့ပေးမှာပါ။ နောက်ထပ်လည်း app updats တွေအဖြစ် Mail ၊ Messages ၊ Health နဲ့Reminders တွေကို အသစ်ပြောင်းသွားဖို့ရှိပါတယ်။ နောက်တစ်ခုက Find My iPhone နဲ့Find My Friend တွေကို Find My ဆိုတဲ့ app တစ်ခုတည်းမှာ ထည့်သွင်းသွားဖို့ရှိပါတယ်။


(၂) macOS 10.15

Photo: TechCrunch

         ကောလာဟာလတွေအနေနဲ့Apple ဟာ developers တွေ app တစ်ခုတည်းနဲ့ထုတ်ကုန်အမျိုးမျိုးမှာ သုံးနိုင်ဖို့ iOS နဲ့macOS တွေကို ပေါင်းဖို့စီစဉ်နေတယ်လို့ကြားထားပါတယ်။ ကုမ္ပဏီအနေနဲ့UIKit framework ဗားရှင်းသစ်မှာ iOS app ကနေ Macs တွေကို အလွယ်တကူပြောင်းလို့ရအောင် ထုတ်ဖို့လည်း စကားပြောထားတာ ရှိပါတယ်။ ဒီတော့ WWDC မှာ macOS 10.15 ကို ကြေညာချိန်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ကြားရဖို့ရှိပါတယ်။


(၃) Mac Pro နဲ့6K Pro display

Photo: CNet


         Hardware ထုတ်ကုန်တွေဟာ WWDC မှာ မြင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း Apple ဟာ WWDC စင်မြင့်ပေါ်မှာ ထုတ်ကုန်သစ်တွေကို အသားပေးညွှန်းသွားတာ ရှိပါတယ်။ ၂၀၁၃ လောက်ကတည်းက စလင်ဒါပုံစံ Mac Pro ကို မိတ်ဆက်ခဲ့ပေမယ့် အောင်မြင်တဲ့ ထုတ်ကုန် ဖြစ်မလာခဲ့ပါဘူး။ high-end desktop တွေအတွက် Mac Pro ကို ပြန်ထုတ်လာမလားဆိုတာ မသိရသေးပါဘူး။

         နောက်တစ်ခုက Apple ဟာ ၃၁.၆ လက်မ 6K Pro display ကိုလည်း ကြော်ငြာသွားမယ်လို့လည်း သတင်းထွက်ထားပြီး ဈေးနှုန်းအနေနဲ့တော့ အတော်ကြီးကို မြောက်ဖို့ရှိပါတယ်။


(၄) WatchOS 6 vs TVOS 13

Photo: TechCrunch


         Apple ဟာ စမတ် TV ဦးစားပေး ပွဲတွေကို ဒီနှစ်ထဲ အာရုံပိုစိုက်လာသလို Apple TV app တစ်ခုလည်း မိတ်ဆက်ထားပါတယ်။ TVOS13 မှာ အသစ်ထွက်လာမယ့် TV Plus service အတွက် ဝန်ဆောင်မှုနဲ့ဈေးနှုန်းတွေအကြောင်း သိရဖို့ရှိပါတယ်။ WatchOS သစ်မှာတော့ ကျန်းမာရေး app တွေကို updates ပေးသွားမယ့်အကြောင်း သိရဖို့ရှိပါတယ်။ ဒါတင်မဟုတ်ဘဲ ဆေးသောက်ရမယ့် အချိန်ကို သတိပေးမယ့် Dose feature သစ် ၊ အသံနဲ့နုတ်စ် ထုတ်နိုင်တဲ့ Voice Memo app တို့လည်း ပါလာဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က