SIM Card ဝယ်မယ့်သူများအတွက် အရေးကြီးပါတယ်

SIM Card အသုံးပြုသူများ လိုက်နာရန် အသိပေးချက်တစ်ရပ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် motc.gov.mm ရဲ့ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ပြီးဖြစ်တဲ့ SIM Card ဝယ်ယူသည့်နေ့မှ စတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ဖုန်းခေါ်ဆိုခြင်း (သို့) SMS စာတိုပေးပို့ခြင်း (သို့)ငွေဖြည့်ခြင်း မလုပ်သူတွေဟာ SIM Card ဆက်လက်အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။


Photo: Duwun Tech

ရက်ပေါင်း ၁၈၀ အတွင်း သုံးစွဲခြင်း မရှိတဲ့ ဖုန်းနံပါတ်တွေကိုတော့ သက်ဆိုင်ရာအော်ပရေတာတွေဟာ သုံးစွဲသူအသစ်ကို ချပေးနိုင်မယ်လို့လည်း အသိပေးထားပါတယ်။ ဒ့ါအပြင် အသုံးပြုနိုင်ပြီဖြစ်တဲ့ SIM Card ကို ရက်ပေါင်း ၆၀ အတွင်း ငွေဖြည့်သွင်းမှု လုပ်မှသာ ဆက်လက်အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

ရက် ၆၀ အတွင်း ငွေဖြည့်သွင်းခြင်းမရှိတဲ့ SIM Card တွေအတွက် အဆင့်ဆင့် ဖြတ်တောက် ပိတ်ပင်သွားမှာပါ။ One Way Block အဆင့်မှာ အသုံးပြုနိုင်ပြီး SIM card များ ရက် ၆၀ အတွင်း ဖုန်းငွေမဖြည့်သွင်းပါက အဝင်ဖုန်းခေါ်ဆိုမှုနဲ့ SMS လက်ခံမှုပဲ ရနိုင်မှာ ဖြစ်ပြီး ဖုန်းခေါ်ဆိုခြင်း ၊ SMS ပို့ခြင်း ၊ အင်တာနက်သုံးခြင်းနဲ့ တစ်ခြား ဝန်ဆောင်မှုတွေ သုံးနိုင်မှာ မဟုတ်ဘူးလို့လည်း အကြောင်းကြားထားပါတယ်။

Two Way Block အဆင့်အဖြစ် ပိတ်ပင်ရာမှာ SIM Card ကို ဆက်လက် အသုံးပြုနိုင်ဖို့အတွက် ရက် ၃၀ အတွင်း ငွေဖြည့်သွင်းခြင်း မရှိပါက အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုပဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး ကျန်တဲ့ ဝန်ဆောင်မှုတွေ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Two Way Block ဖြစ်နေတဲ့ SIM Card များ အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် ရက် ၆၀ အတွင်း ငွေဖြည့်သွင်းရမှာဖြစ်ပြီး ဖုန်းဘေလ်မဖြည့်ပါက SIM Card ပိတ်သွားမှာပါ။

ငွေဖြည့်သွင်းခြင်း မလုပ်ဘဲ Two Way Block အဆင့်ရောက်နေတဲ့ SIM Card တွေဟာ ရက် ၆၀ ကျော်တာနဲ့ မိုဘိုင်းအော်ပရေတာတွေကနေ ယင်း SIM card နံပါတ်တွေကို တစ်ခြားသုံးစွဲသူတစ်ဦးကို ‌သတ်မှတ်ပေးသွားမယ်လို့လည်း သတိပေးအကြောင်းကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က