e-Bike လည်း မိတ်ဆက်ထားပါတယ်။

မတ်ဖုန်း ၊ ကွန်ပျူတာနဲ့စမတ် Wearable ထုတ်ကုန်တွေနဲ့နာမည်ကြီးတဲ့ Xiaomi ဟာ ပထမဆုံးအကြိမ်အဖြစ် Xiaomi Redmi Car ကားကြေညာလိုက်ပြီ ဖြစ်ပါတယ်။



         Bestune T77 SUV ကို အသွင်ပြောင်းထားတဲ့ Xiaomi Redmi Card ဟာ Xaiomi နဲ့တရုတ်ကားကုမ္ပဏီ Bestune FAW Group တို့မိတ်ဘက်ပြုပူးပေါင်းပြီးနောက် Xiaomi brand အနေနဲ့ ပထမဆုံးကားအဖြစ် ထွက်လာတာဖြစ်တယ်လို့Xiaomi ရဲ့ Weibo လူမှုကွန်ရက် စာမျက်နျာမှာ ကြေညာထားပါတယ်။



         ဧပြီ ၃ ရက်နေ့က Xiaomi Redmi Car အဖြစ် မိတ်ဆက်လိုက်တဲ့ Bestune T77 SUV ဟာ 1.2L Turbocharged အင်ဂျင်နဲ့လာပြီး အမြင့်ဆုံးမြင်ကောင်ရေအား 143Ps ပါဝင်တယ်လို့ဆိုပါတယ်။ အမြင့်ဆုံးပါဝါအနေနဲ့105kW ထွက်တဲ့ ဒီကားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ Guangzhou Auto Show မှာ ပြသခဲ့ပါတယ်။

         Bestune T77 နာမည်အဖြစ် လက်ရှိထွက်ထားတဲ့ မော်ဒယ် ၆ မျိုး ရှိထားပြီး အနည်းဆုံး ၈၉၈၀၀ ယွမ် ( မြန်မာငွေ ၁၉၈ သိန်းကျပ်) ဈေးကနေ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Xiaomi ဟာ Himo T1 နာမည်နဲ့၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းတန်) e-Bike တစ်မျိုးလည်း မိတ်ဆက်ထားပါတယ်။

         ဒီ e-Bike ဟာ 14000 mAh Li-ion ဘက်ထရီနဲ့လာပြီး LED headlight တစ်ခု ပါရှိပြီး ဘက်ထရီရာခိုင်နှုန်း ၊ မြန်နှုန်း နဲ့အချိန် စတဲ့ သတင်းအချက်အလက်တွေကို ပြသပေးသွားမှာပါ။ Himo T1 ဟာ power voltage အနေနဲ့48V ထွက်ပြီး 14Ah နဲ့28Ah ပုံစံနှစ်မျိုးနဲ့လာမယ်လို့ဆိုပါတ်ယ။ 28Ah မော်ဒယ်ကတော့ ကီလိုမီတာ ၁၂၀ အထိ မောင်းနိုင်မှာ ဖြစ်ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က