ဒီပြဿနာကို xiaomi ဆီ တင်ပြထားတယ်လို့ဆိုပါတယ်

     အဝေးထိန်းစနစ်နဲ့စီးနင်းသူကို သေကြောင်းကြံစည်နိုင်တဲ့ ဆိုက်ဘာယိုပေါက်တစ်ခု Xiaomi လျှပ်စစ် စကူတာတစ်မျိုးမှာ တွေ့ရှိထားတယ်လို့ဆိုက်ဘာကျွမ်းကျင်သူတစ်ဦးက ထုတ်ဖော်ပြောကြားထားပါတယ်။



         Xiaomi M365 စကူတာမှာ ဟက်ကာတွေကနေ ဘရိတ်နဲ့မြန်နှုန်းကို လိုသလို လှမ်းထိန်းချုပ်နိုင်မယ့် ပြဿနာ ရှိနေတယ်လို့Zimperium လုံခြုံရေးသုတေသနအဖွဲ့အစည်းက ဆိုပါတယ်။ စကူတာအငှားကုမ္ပဏီတွေမှာ အသုံးများတဲ့ Xiaomi M365 စကူတာမှာ တွေ့ထားတဲ့ ပြစ်ချက်အရ ဟက်ကာတွေဟာ ဒီစကူတာရဲ့ လုံခြုံရေးယိုပေါက်ကနေဝင်ပြီး ရုတ်တရပ် အရှိန်မြှင့်တာ၊ ဘရိတ်အုပ်တာတွေ လုပ်ဆောင်နိုင်မှာပါ။

         ဒီစကူတာဟာ Bluetooth နဲ့ချိတ်ဆက်နိုင်တဲ့ app ကနေ တစ်ဆင့် အဝေးထိန်းချုပ်ပြီး လော့ခ်ချနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဒီစနစ်ရဲ့ စကားဝှက်စနစ်မှာ ချို့ယွင်းချက်ရှိနေတာ ဖြစ်ပါတယ်။ Zimperium အဖွဲ့ဟာ ဒီပြဿနာကို video ဖိုင်နဲ ပါ သက်သေအဖြစ် တင်ခဲ့ပါတယ်။



         သရုပ်ပြချိန်မှာ Xiaomi M365 စကူတာကို စီးနေသူကို မီတာ ၁၀၀ အကွာအဝေးမှာ ထိုင်နေတဲ့ ဟက်ကာတစ်ဦးကနေ ထိန်းချုပ်ပြခဲ့တာပါ။ မီးစိမ်းတာကြောင့် လမ်းဖြတ်ကူးမယ့် စကူတာစီးသူဟာ ဟက်ကာရဲ့ ထိန်းချုပ်မှုကြောင့် လမ်းလယ်မှာ စကူတာ ရပ်သွားတာကို ကြုံခဲ့တာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် တကယ်လို့သာ လုပ်ကြံမယ်ဆိုရင် သေနိုင်လောက်အောင် အန္တရာယ်ရှိတဲ့ အဖြစ်လို့ဆိုနိုင်ပါတယ်။

         DDoS attack လို ဆက်တိုက်တိုက်ခိုက်မှုတွေ ကနေလည်း M365 စကူတာတိုင်းကို အဝေးကနေ လော့ချ်နိုင်ပါတယ်။ malware တိုက်ခိုက်မှုအနေနဲ့firmware သစ်တစ်ခု သွင်းထားပြီး ဒီစကူတာကိXiaomi electric scooter reportedly vulnerable to hijacking hackု အပြည့်အဝ ထိန်းချုပ်နိုင်တာကြောင့် ရုတ်တရက် အရှိန်တင်တာ ၊ ဘရိတ်အုပ်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

         Xiaomi M365 စကူတာတွေကို တရုတ်မှ Segway-Ninebot မှ ထုတ်လုပ်ထားပြီး လူကြိုက်အများဆုံး စကူတာထဲမှာ ပါဝင်နေပါတယ်။ Zimperium ဟာ ဒီပြဿနာကို Xiaomi ဆီ တင်ပြထားပေမယ့် လက်ရှိမှာ software update သစ် ထွက်မလာသေးဘူးလို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က