နယူးဇီလန်အစ္စလာမ်အသိုင်းအဝိုင်းကလည်း ထောက်ခံထားပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ နယူးဇီလန် အကြမ်းဖက်မှု ဗွီဒီယိုဖိုင်ကိစ္စဟာ အခုဆို Social Media ကြီးတစ်ချို့တရားရင်ဆိုင်ရမယ့် ပြဿနာ ဖြစ်လာပါတယ်။

         မတ်လ ၁၅ ရက် သောကြာနေ့က နယူးဇီလန်ဗလီနှစ်ခုမှာ လူပေါင်း၅၀ ကို သတ်ဖြတ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Christchurch တိုက်ခိုက်မှုလို့လူသိများတဲ့ ဒီလူသတ်မှုကို ကျူးလွန်ခဲ့သူဟာ သူ့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို Facebook ပေါ်မှာ တိုက်ရိုက် Live လွှင့်သွားခဲ့တာ ဖြစ်ပြီး ဒီ Livestream ဟာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်။






         လက်ယာစွန်းရောက် လူဖြူလူမျိုးကြီး ဝါဒီ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ရဲ့ Live လွှင့်ပြီး လူသတ်မှုကို Facebook ဟာ ၁၂ မိနစ်ကြာမှ ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပေမယ့် လူမှုကွန်ရက်သုံးစွဲသူ သန်းပေါင်းများစွာအကြားမှာတော့ ထိန်းမရအောင် ပျံ့နှံ့သွားခဲ့တာပါ။ ဒီအကြမ်းဖက်သတ်ဖြတ်မှု ရုပ်သံတွေဟာ Facebook နဲ့YouTube တို့အပေါ်မှာ တက်ခဲ့တာကြောင့် ပြင်သစ်မှ မွတ်စလင်ယုံကြည်ရေးရာကောင်စီ CFCM ဟာ ဒီလူမှုကွန်ရက်နှစ်ခုကို တရားစွဲသွားမယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။



         တရားစွဲတဲ့အကြောင်းရင်းကို ဖော်ပြရာမှာ အကြမ်းဖက်မှု အားပေးတဲ့ အကြောင်းအရာ တင်ဆက်ထုတ်လွှင့်မှု ၊ လူ့ဂုဏ်သိက္ခာကို အလေးအနက် ချိုးဖောက်စေမှုနဲ့တာဝန်ယူမှုအတွက် တရားစွဲတာဖြစ်တယ်လို့လည်း ပြင်သစ်မှ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ CFCM အနေနဲ့Facebook နဲ့YouTube တို့ကို တရားစွဲမယ့်အပေါ် နယူးဇီလန်အစ္စလာမ်အဖွဲ့အစည်းဖြစ်တဲ့ FIANZ မှလည်း ထောက်ခံခဲ့ပါတယ်။

Photo: AfroTech

         Facebook အနေနဲ့ဒီအကြမ်းဖက်မှုဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်ကနေ ပြန်မ share ဖို့အတွက် ပိတ်ပင်တားမြစ်တွေလုပ်ဆောင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ ၁၇ ရက် ရက်စွဲနဲ့Facebook Newsroom ကနေ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ Facebook ဟာ တစ်ကမ္ဘာလုံးကနေ ဒီဖြစ်ရပ်အကြောင်း တင်တဲ့ ဗွီဒီယိုပေါင်း ၁.၅ သန်းကို ၂၄ နာရီအတွင်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။

         သို့သော်လည်း ဒီ Video ရုပ်သံဟာ Facebook ၊ Twitter နဲ့Google ရဲ့ မိခင်ကုမ္ပဏီ Alphabet Inc အောက်မှ YouTube ပေါ်မှာ နာရီအတော်ကြာအောင် ရှာဖွေတွေ့ရှိနိုင်ခဲ့သလို Facebook ပိုင် လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ WhatsApp တို့မှာလည်း မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က