loading...

loading...

loading...

၁၀ လုံးလုံး ထိပ်ဆုံးက ရှိခဲ့ပါတယ်

၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အတွင်း ဒေါင်းလုပ်ဆွဲမှု အများဆုံး စမတ်ဖုန်း app စာရင်းကို သုတေသနကုမ္ပဏီတစ်ခု App Annie က ထုတ်ဖော်တင်ပြလိုက်ပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်း ဒေါင်းလုပ်ဆွဲမှုအများဆုံး app အမျိုးအစားကတော့ social apps တွေ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ပလက်ဖောင်းကြီး ဖြစ်တဲ့ Facebook ကတော့ ဒေါင်းလုပ်ဆွဲမှုအများဆုံး app အဖြစ် ရပ်တည်နေပါတယ်။ နောက်ထပ်မှတ်တမ်း Facebook ပိုင် တစ်ခြား လူမှုကွန်ရက် app တွေ ဖြစ်တဲ့ Messenger ၊ WhatsApp နဲ့ Instagram တို့လည်း Most downloaded apps စာရင်းမှာ ထိပ်ဆုံး ၄ နေရာက ရှိထားတာပါ။

Photo: App annie

App Annie ကနေ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၁၀ ဆယ်စုနှစ်တွေအတွင်း ဒေါင်းလုပ်ဆွဲမှုအများဆုံး app ၁၀ မျိုးမှာ နံပါတ် ၅ နေရာက Snapchat ရှိနေပြီး ၁၀ ခုမြောက်ကတော့ Twitter ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ TikTok နဲ့ Likee တို့လို social video app တွေကို ‌ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ရေ မြှင့်တက်လာခဲ့ပါတယ်။

၁၀ စုနှစ်အတွင်း ‌ေဒါင်းလုပ်ဆွဲမှု အများဆုံး app တွေဟာ ၂၀၁၉ ခုနှစ်အတွင်း ‌ဒေါင်းလုပ်ဆွဲမှု အများဆုံး app စာရင်းထဲမှာလည်း ပါဝင်နေပါတယ်။ ထူးခြားတာက ၂၀၁၉ ခုနှစ်အတွင်း ‌ဒေါင်းလုပ်ဆွဲမှုအများဆုံး app ထဲမှာ TikTok ဟာ စတုတ္ထနေရာက ရပ်တည်လာတာ ဖြစ်ပါတယ်။ ဂိမ်းအနေနဲ့ ဒီနှစ်ထဲ့ ဒေါင်းလုပ်ဆွဲမှုအကြိမ်ရေ အများဆုံး ရထားတဲ့ app တွေကတော့ Free Fire ၊ PUBG Mobile ၊ Subway Surfers ၊ Color Bump နဲ့ Fun Race 3D တို့ ဖြစ်ပါတယ်။

နာမည်ကြီး Call of Duty: Mobile ဂိမ်းကတော့ ၁၀ ခုမြောက် ဒေါင်းလုပ်ဆွဲမှုအများဆုံး gaming app အဖြစ် ပါဝင်နေပါတယ်။ ဒီနှစ်ထဲမှာ Android နဲ့ iOS ထုတ်ကုန်တွေကနေ app ဒေါင်းလုပ်ဆွဲမှုဟာ စုစုပေါင်း အကြိမ်ရေ ဘီလျံ ၁၂၀ နဲ့ စံချိန်တင်ခဲ့ပြီး အရင်နှစ်ကထက် ၅% တိုးတက်လာခဲ့ပါတယ်။ app တွေမှာ ငွေသုံးစွဲလာမှုဟာလည်း ဒေါ်လာ ဘီလျံ ၉၀ အထိ ရှိခဲ့ပြီး ၂၀၁၈ ကထက် ၁၅% ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။


loading...

က္က