၂၀၂၀ မှာ မြို့ပေါင်း ၂၀ ကို တိုးချဲ့ သွားမှာပါ

ယူကေတယ်လီကွန်းအော်ပရေတာတွေဟာ 5G ဝန်ဆောင်မှုပေးဖို့အတွက် အပြိုင်အဆိုင် စီစဉ်နေကြပါတယ်။

မကြာသေးမီကပဲ Vodafone နဲ့EE တို့ဟာ 5G ဝန်ဆောင်မှုတွေကို မြို့တစ်ချို့မှာ ပေးအပ်ခဲ့ပြီး Three ကတော့ နောက်လထဲမှာ 5G ပေးသွားမယ်လို့ကြေညာထားပါတယ်။ နောက်ထပ် နာမည်ကြီး ယူကေတယ်လီကွန်းတစ်ခု ဖြစ်တဲ့ O2 ကလည်း 5G ကို မြို့ ၆ မြို့မှာ လာမယ့် အောက်တိုဘာကစပြီး မိတ်ဆက်တော့မယ်လို့GSMArena သတင်းက ဆိုပါတယ်။



Photo: IT Pro

O2 ဟာ ယူကေတယ်လီကွန်းအော်ပရေတာတွေထဲမှာ နောက်ဆုံးမှ 5G မိတ်ဆက်ဖို့ပြင်လာတဲ့ အော်ပရေတာ ဖြစ်ပြီး ဘဲလ်ဖတ်စ် ၊ ကာဒစ်ဖ် ၊ အီဒင်ဘာ့ဂ် ၊ လန်ဒန် ၊ ဆလော့ဂ် နဲ့လိဒ်စ်တို့မှာ စတင် ဖြန့်ချိသွားမှာပါ။ ၂၀၂၀ နွေဦးပိုင်းမှာ စုစုပေါင်း မြို့ကြီး မြို့ငယ် ၅၀ အထိ တိုးချဲ့ သွားမယ်လို့ဆိုပါတယ်။ O2 ဟာ တရုတ်တယ်လီကွန်းအစိတ်အပိုင်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ရဲ့ ကွန်ရက်ပစ္စည်းတွေ မသုံးတဲ့ တစ်ခုတည်းသော ယူကေတယ်လီကွန်းလည်း ဖြစ်ပါတယ်။

စပိန်နိုင်ငံ Telefonica မှ ပိုင်ဆိုင်ထားတဲ့ O2 ဟာ ကုမ္ပဏီရဲ့ တစ်ချို့ကွန်ရက်တွေမှာ Huawei infrasturcture ကို သုံးခဲ့ပါတယ်။ O2 တယ်လီကွန်းဟာ လက်ရှိ 4G ကွန်ရက်တွေမှာ Huawei ရဲ့ ပြိုင်ဘက် vendors နှစ်ခုဆီက ပစ္စည်းတွေ သုံးနေတာတာ ဖြစ်ပြီး 5G အတွက် Huawei ရဲ့ ပြိုင်ဘက် vendors နှစ်ခုဆီက ပစ္စည်းတွေ ဝယ်ဖို့မဆုံးဖြတ်ခင် ယူကေက ဆယ်လူလာ တာဝါတွေမှာ Huawei ရဲ့ 5G Radio Access Network တစ်ချို့စမ်းသပ်အသုံးပြုခဲ့ပါတယ်။

" ကျွန်တော်တို့အနေနဲ့အော်ပရေတာ ၃ ခုလုံးကို လေးစားပါတယ်။ သူတို့လည်း သူတို့သဘောတူညီချက်နဲ့သူတို့သွားနေကြတာပါ။" လို့O2 ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ် အီဗန်စ် က BBC ကို ပြောပါတယ်။ "ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လက်ရှိပါတနာတွေ ဖြစ်တဲ့ Ericsson နဲ့Nokia တို့ကို ရွေးတာ အကောင်းဆုံးလို့ယုံကြည်ထားပါတယ်။ "

Photo: theweek

ယူကေအစိုးရအနေနဲ့Huawei ကို နိုင်ငံရဲ့ 5G ကွန်ရက်တွေမှာ သုံးမလား ၊ ပိတ်ပင်ရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ယတိပြတ်မချရသေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဝန်ကြီးချုပ်ဟောင်း ထရီဆာမေမှ Huawei ကွန်ရက်ပစ္စည်းတွေကြောင့် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်နိုင်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ယူကေမှ ကော်မတီနှစ်ခုမှလည်း Huawei ပစ္စည်းကို မသုံးဖို့နည်းပညာပိုင်းအရ ပြောစရာမရှိဘူးလို့သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

O2 တယ်လီကွန်းအနေနဲ့လာမယ့် သြဂုတ်လထဲမှာာ 5G စမတ်ဖုန်းတွေ ဖြစ်တဲ့ Samsung Galaxy S10 5G နဲ့Xiaomi Mi Mix 3 5G တို့ကို ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က