4G ထက် ၁၀ ဆကျော်ပဲ မြန်လာပါတယ်။

လန်ဒန် ၊ အီဒင်ဘာ့ဂ် ၊ ကာဒစ်ဖ် ၊ ဘဲလ်ဖတ်စ် ၊ ဘာမင်ဟမ် နဲ့မန်ချက်စတာ စတဲ့ အင်္ဂလန်က မြို့တွေမှာ 5G ကွန်ရက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


         ယူကေရဲ့ တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ EE ကနေ 5G ကို ပထမဆုံးမိတ်ဆက်လိုက်တာပါ။ လောလောဆယ်မှာ EE ရဲ့ 5G ကို ဒီမြို့တွေရဲ့နေရာတိုင်းမှာ ဖြန့်ကျက်နိုင်ခြင်း မရှိသေးသလို ဖုန်းအနည်းငယ်မှာပဲ သုံးနိုင်သေးတယ်လို့Independent သတင်းမှာ ဖော်ပြထားပါတယ်။ EE ကုမ္ပဏီကတော့ နိုင်ငံအတွင်း 5G ကွန်ရက် အလျင်အမြန်တိုးချဲ့ဖို့ကတိပြုထားပါတယ်။



5G ရတဲ့ OnePlus 7 Pro 5G နဲ့4G ရတဲ့ iPhone X ( Photo: Daily Mail)


         EE ဟာ 5G ကနဦး ဖြန့်ကျက်မှုကို နာမည်ကျော် ခရီးသွားများ လည်ပတ်ရာ London Bridge ၊ Covent Garden နဲ့St.Pauls တို့လို နေရာတွေမှာ ဖြန့်ချိထားတာပါ။ EE ရဲ့ 5G ကွန်ရက်တွေဟာ 5G speed အပြည့်အဝ မရသေးဘဲ သုံးနေကျ 4G ထက် ၁၀ ဆကျော်ပဲ လိုင်းဆွဲအား ပိုကောင်းလာတာ ဖြစ်ပါတယ်။ The Verge ရဲ့ သတင်းမှာတော့ EE ရဲ့ 5G ကို OnePlus 7 Pro 5G နဲ့စမ်းသပ်ကြည့်ရာမှာ အမြင့်ဆုံး 980Mbps အထိပဲ internet speed ရထားတာပါ။

         5G မိုဘိုင်းကွန်ရက်ဟာ 4G ကွန်ရက်ကိုမှ အဆင့်မြှင့်တင်ထားတာ ဖြစ်ပြီး မြန်နှုန်းမှာတော့ 4G ကွန်ရက်ထက် အဆပေါင်းများစွာ သာနေပါတယ်။ ပြီးခဲ့တဲ့အပတ်က EE ကနေ ထုတ်ပြန်တဲ့ 5G သတင်းထုတ်ပြန်ချက်မှာ ကုမ္ပဏီရဲ့ CEO မာ့စ်အလီရာက သုံးစွဲသူ ရေရှည်လုံခြုံရေးအတွက် ယုံကြည်လောက်တဲ့ သတင်းအချက်အလက် ရတဲ့အထိ Huawei ရဲ့ 5G ဖုန်းတွေကို ရောင်းချမှု ရပ်ထားဖို့ဆုံးဖြတ်ထားကြောင်းပြောထားပါတယ်။

         လက်ရှိဈေးကွက်ထဲမှာ 5G ရတဲ့ ဖုန်းတွေအနေနဲ့Samsung Galaxy S10 5G ၊ OnePlu 7 Pro ၊ OPPO Reno 10x 5G ၊ LG V50 ThinQ ၊ Xiaomi Mi Mix 3 5G နဲ့ZTE Axon 10 Pro 5G တို့ထွက်ထားပြီး Apple ကတော့ လာမယ့်နှစ်အထိ 5G ဖုန်းရဖို့အလားအလာအားနည်းနေပါတယ်။ EE ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ယူကေမှ ဘရစ္စတိုး ၊ ကိုဗင်ထရီ ၊ ဂလတ်စကို ၊ ဟူးလ် ၊ လိဒ်စ် ၊ လိုင်စက်စတာ ၊ လီဗာပူး ၊ နယူးကာဆယ် ၊ နော်တင်ဟမ် နဲ့ရှက်ဖီးလ်တို့ရဲ့ လူအထူထပ်ဆုံး အပိုင်းတွေ အပါအဝင် 5G နေရာပေါင်း ၁၅၀၀ ဆိုက်အထိ ဖြန့်ကျက်သွားဖို့စီစဉ်နေပါတယ်။

Photo: The Verge

         EE ရဲ့ 5G data ဈေးနှုန်းဟာ တစ်လ 10GB data အတွက် ၅၄ ယူရိုနဲ့တစ်လ ဒေတာ 120GB အတွက် ၇၄ ယူရို ဈေးများ သတ်မှတ်ထားပါတယ်။ ယူကေမှ တယ်လီကွန်းအောပ်ရေတာ တစ်ခု ဖြစ်တဲ့ Vodafone ကတော့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ 5G ကွန်ရက် ဖြန့်ကျက်သွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က