Samsung ကလည်း Galaxy XCover 4s‌ ‌တွေ လှူခဲ့ပါတယ်

Facebook ဟာ ယူကေမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဌာနများအတွက် အမျိုးသားကျန်းမာ‌ရေး ဝန်ဆောင်မှု NHS မှတစ်ဆင့် Portal စမတ် display ပေါင်း ၂၀၅၀ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ပံ့ပိုးမှုတစ်ခုအနေနဲ့ Facebook ဟာ ယူကေ ဆေးရုံများ ၊ ကျန်းမာရေးစောင့်ရှောက်မှု ဂေဟာများ နဲ့ တစ်ခြား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာတွေအတွက် ပေးအပ်လှူဒါန်းလိုက်တာ ဖြစ်တယ်လို့ Engadget က ဖော်ပြထားပါတယ်။ Facebook မှ လှူဒါန်းလိုက်တဲ့ Portal ရုပ်သံခေါ်ဆိုရေး display တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိသားစုနဲ့ ခွဲထားပြီး ကုသမှု ခံယူနေရတဲ့ လူနာများအနေနဲ့ မိတ်ဆွေနဲ့ မိသားစုဝင်များကို ဆက်သွယ်ဖို့ အကူအညီပေးသွားမှာပါ။



Photo: wired

" နည်းပညာကုမ္ပဏီကြီးတွေနဲ့ ကုမ္ပဏီငယ်တွေဟာ မကြုံစဖူးတဲ့ဒီလို ကာလမျိုးမှာ NHS နဲ့ လူမှုစောင့်ရှောက်ရေးစနစ်တွေကို ထောက်ပံ့ဖို့ သူတို့ရဲ့ အရင်းအမြစ်နဲ့ ကျွမ်းကျင်မှုတွေ ထောက်ပံ့ပေးလာနေပါတယ်။" လို့ NHSX ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု ဒါရိုက်တာ လိန်း အိုနေးလ်က ပြောပါတယ်။

Portals တွေဟာ Video Chat စကားပြောဆိုမှုကို ပိုကောင်းစေဖို့ နည်းပညာ သုံးပြီး ဖုန်းခေါ်သူရဲ့ အခန်းတွင်း လှုပ်ရှားမှုကို လိုက်ကြည့်နိုင်အောင် လုပ်ထားတာပါ။ လေးထောင့်စပ်စပ် တက်ဘလက်ဒီဇိုင်းနဲ့ ထုတ်ထားပြီး mini ဗားရှင်း မျက်နှာပြင် ၈ လက်မ ၊ ၁၀ လက်မနဲ့ ၁၅.၇၆ လက်မဆိုပြီး သုံးမျိုး ထွက်ထားပါတယ်။

Portals အလုံးရေ ၅၀ ခန့်ကို ဆာရေးမြို့မှာ စတင် အသုံးပြုနေပြီး မကြာခင်မှာ လန်ဒန် ၊ အက်ဆက် ၊ မန်ချက်စတာ နဲ့ နယူးကာဆယ် မြို့တွေမှာ သုံးတော့မယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Samsung ကလည်း နိုက်တင်ဂေးလ်ဆေးရုံများမှ ဝန်ထမ်းများ အသုံးပြုဖို့ NHS ကို စမတ်ဖုန်းပေါင်း ၂၀၀၀ လှူဒါန်းထားပါတယ်။

လက်အိတ်ဝတ်ရင်းနဲ့ သုံးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အကြမ်းခံ Galaxy XCover 4s ဖုန်းတွေ လှူခဲ့တာ ဖြစ်ပါတယ်။ Samsung ဟာ အင်္ဂလန် NHS ဆေးရုံမှ မှာထားတဲ့ ဖုန်းနဲ့ တက်ဘလက်ပေါင်း ၂၀၀၀၀ ကိုလည်း အမြတ်မယူဘဲ အရင်းဈေးနဲ့ ရောင်းချခဲ့တယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က