loading...

loading...

loading...

အရင်နှစ်ထက် ၂ ဆ ပိုများခဲ့ပါတယ်
Nyein Min Wai

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ၆ လအတွင်း အကောင့်တုပေါင်း ၁.၅ ဘီလျံ ဖယ်ရှားခဲ့ရတဲ့ Facebook ဟာ ယခုနှစ် ဧပြီကနေ စက်တင်ဘာ ၆ လအတွင်းမှာ နှစ်ဆကျော် ဖယ်ရှားနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီ-စက်တင်ဘာ ၆ လအတွင်း Facebook ပလက်ဖောင်းပေါ်ကနေ အကောင့်တုပေါင်း ၃.၂ ဘီလျံကျော် ဖြုတ်ချခဲ့ရတယ်လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် တစ်လျှောက်လုံး အကောင့်တုအရေအတွက် ပျမ်းမျှ ၃.၃ ဘီလျံ ဖယ်ရှားခဲ့ရတဲ့ Facebook ဟာ အခုနှစ်အတွင်း စုစုပေါင်း အကောင့်တု ၅.၄ ဘီလျံခန့် ဖယ်ရှားထားတယ်လို့လည်း Facebook က ထုတ်ပြန်ထားတဲ့ လူမှုကွန်ရက်စံနှုန်းလိုက်နာမှု အစီရင်ခံစာက ဆိုပါတယ်။

Photo: scmp



လစဉ်ပုံမှန် သုံးစွဲနေသူ သန်း၂၅၀၀ နီးပါးရဲ့ ၅ % အထိဟာ အကောင့်တုတွေ ဖြစ်ပြီး တစ်ခါတစ်လေမှာ အကောင့်တုတွေ ဖန်တီးပြီး မိနစ်ပိုင်းအတွင်း Facebook ရဲ့ အဆင့်မြင့် နည်းပညာတွေတွေက ထောက်လှမ်းဖယ်ရှားနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ Facebook ဟာ ကုမ္ပဏီရဲ့ ပလက်ဖောင်းပေါ်က အကောင့်တု ၊ သတင်းမှား ပျံ့နှံ့မှု နဲ့ အမုန်းစကား တိုက်ဖျက်ရေးမှာ ပိုပြီး အားစိုက်လာပေမယ့် တစ်ဖက်မှာလည်း လူမှုကွန်ရက်စံချိုးဖောက်မှုက မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ-စက်တင်ဘာ ၆ လအတွင်း Facebook ဟာ အမုန်းစကားနဲ့ဆိုင်တဲ့ အကြောင်းအရာပေါင်း ၁၁.၄ သန်း ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကာလတူ ဧပြီ- စက်တင်ဘာ ၆ လအတွင်း ဖယ်ရှားခဲ့ရတဲ့ ၅.၄ သန်းနဲ့ စာရင် နှစ်ဆကျော် တက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအစီရင်ခံစာထဲမှာ ပထမဆုံးအကြိမ်အဖြစ် Facebook ဟာ Instagram ပေါ်က လူမှုကွန်ရက်စံဆိုင်ရာ အရေးယူမှုတွေကိုလည်း ဖော်ပြလာပါတယ်။


Photo: dailymail


Instagram ပေါ်မှာ ကလေးငယ်များရဲ့မဖွယ်မရာပုံတွေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ထောက်လှမ်းသိရှိမှု တိုးတက်လာကြောင်း Facebook က ထုတ်ပြန်ထားပြီး ဧပြီ-စက်တင်ဘာ ၆ လတာ အတွင်း အလားတူအကြောင်းအရာပေါင်း ၁.၂ သန်းကျော် ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ အန္တရာယ်ရှိတဲ့ အကြောင်းအရာများစာရင်းမှာ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်းနဲ့ သတ်သေခြင်းအကြောင်းတွေကိုလည်း အသစ် ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

Facebook ဟာ ၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း သတင်းမှားနဲ့ ဦးတည်ချက်လွဲမှားစေတဲ့ အကြောင်းအရာတွေ တင်ခွင့်ပေးခဲ့တယ်ဆိုပြီး ဝေဖန်ခံထားရတာကြောင့် ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမတိုင်ခင်မှာ ပွင့်လင်းမြင်သာမှုဆိုင်ရာအစီရင်ခံစာတွေ ထုတ်ပြန်နေတာလည်း ဖြစ်ပါတယ်။




loading...

က္က