လာမယ့် ၆ လအတွင် ပိတ်ပင်ဖို့ ရှိပါတယ်

ယူကေဟာ နိုင်ငံရဲ့ 5G ကွန်ရက်အတွင်း Huawei ရဲ့ ပါဝင်မှုကို ပိတ်ပင်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ 5G ကွန်ရက်တွေမှာရှိတဲ့ Huawei ထုတ် ပစ္စည်းအစိတ်အပိုင်းတွေကို ဒီနှစ်ထဲက စပြီး ဖယ်ရှားဖို့ ပြင်ဆင်နေတယ်လို့ Bloomberg သတင်းက ဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ Huawei ပေါ် ပိတ်ဆို့အရေးယူမှုကလည်း ယူကေအမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာအနေနဲ့ Huawei ရဲ့ နည်းပညာတွေကို အသုံးပြုခြင်းဟာ လုံခြုံရေးအန္တရာယ်ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။




Photo: Mirror

ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ Huawei ကို နိုင်ငံရဲ့ 5G ကွန်ရက်မှာ ကန့်သတ်ချက်တစ်ချို့နဲ့ ပါဝင်ခွင့်ပြုခဲ့တာပါ။ ဗြိတိန်အစိုးရဟာ Huawei ကို နိုင်ငံရဲ့ အရေးကြီး ပင်မ 5G ကွန်ရက်အစိတ်အပိုင်း တည်ဆောက်ရေးကလွဲပြီး ပါဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ Huawei ရဲ့ နိုင်ငံအတွင်း ဈေးကွက်ပမာဏကိုလည်း ၃၅% နဲ့ ကန့်သတ်ထားပါတယ်။

Huawei ကို ဗြိတိန်ရဲ့ 5G ကွန်ရက်မှာ ပါဝင်ခွင့်ပြုခြင်းကြောင့် အမေရိကန်နဲ့ ဗြိတိန်အကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ Telegraph ရဲ့ သတင်းအရ ဗြိတိန်အစိုးရအဖွဲ့ဟာ လာမယ့် ၆ လအတွင်း 5G ကွန်ရက်မှာ Huawei ပစ္စည်းအစိတ်အပိုင်းသစ် အသုံးပြုမှု ပိတ်ပင်မယ့် အဆိုပြုချက်တွေ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

Photo: Yahoo Finance

ရှိပြီးသား ကွန်ရက်ပစ္စည်းတွေ ဖယ်ရှားဖို့အတွက်လည်း အရှိန်မြှင့်တင်သွားဖို့ ရှိနေပါတယ်။ အရင်က သုံးသပ်ခဲ့တဲ့ Huawei ထုတ်ကုန်တွေ သုံးစွဲတာကြောင့် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ လုံခြုံရေးအန္တရာယ်တွေကို ကိုင်တွယ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကိုလည်း အစိုးရဆက်သွယ်ရေးဌာနချုပ် GCHQ ထောက်လှမ်းရေးအေဂျင်စီဟာ ပြန်လည် စိစစ်သုံးသပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်အစိုးရဟာ Huawei နဲ့ ZTE တို့ကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ် မေလက စတင်ပြီး Huawei ပေါ် ကုန်သွယ်ရေးပိတ်ပင်ကန့်သတ်မှု လုပ်ထားတဲ့အပြင် မဟာမိတ်နိုင်ငံတွေကိုလည်း Huawei ထုတ်ကုန်များ မသုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

Share

Loading Next Article...
က္က