ဇူလိုင်လ ၅ ရက်နေ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။
William Y

ASUS Myanmar မှ ZenFone5 နှင့် ZenFone Max Pro တို့ကို ဇူလိုင် ၅ ရက်နေ့က ဈေနှုန်းများနဲ့ အတူ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Photo : ZenFone5

 

AI စနစ်တွေ အသုံးပြုထားတဲ့ ZenFone5 နဲ့ အကောင်းဆုံး Performance တွေကို ပေးစွမ်းနိုင်မဲ့ ZenFone Max Pro တို့ကို ရန်ကုန်မြို့ sule shangri-la hotel မှာ ဇူလိုင်လ ၅ ရက်နေ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဒီပွဲမှာ ASUS Myanmar မှ ဖုန်းအမျိုးအစား နှစ်မျိုးကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ AI စနစ်များပါဝင်တဲ့ ZenFone 5 ဟာ မျက်နှာပြင် ၆.၂ လက်မရှိပြီး Dual-camera smartphone တစ်လုံးဖြစ်ပါတယ်။ ZenFone 5 ဟာ Qualcomm Snapdragon 636 Mobile Platform ကို အသုံးပြုထားြသော ပထမဆုံး Smart Phone ဖြစ်ပြီး AI Scene Detection, Real-time portrait effects, AI Photo Learning and Real-time Beautification ပါဝင်သော AI-enhanced camera Features? flagship Sony IMX363 sensor, 120 degree wide-angle secondary များပါဝင်သော ဖုန်းတစ်လုံးဖြစ်သည်။ ဘေးဘောင်များနှင့် Screen အပြည့် ဖြစ်နေခြင်းတို့က 90% screen-to-body ratio ပိုင်ဆိုင်ထားပြီး သာမန် ၅.၅လက်မ ဖုန်းများကဲ့သို့ ဖြစ်သော်လည်း မျက်နှာပြင် ၆.၂ လက်မ ဖြစ်အောင်ဖန်တီးထားကြောင်း သိရသည်။

Photo : ZenFone Max Pro

 

ZenFone Max Pro ဟာ မျက်နှာပြင် ၆ လက်မရှိပြီး Snapdragon 636 အသုံးပြုထားကြောင်း ZenFone Max Pro ကို Memory 6GB/64GB Storage, Memory 4GB/64GB Storage အပြင် Memory 3GB/32GB Storage စသဖြင့်ဝယ်ယူနိုင်ကြောင်းသိရသည်။ "ZenFone Max Pro ဟာ ASUS ၏ ပထမဆုံး Pure Android စနစ်အသုံးပြုထားပြီး နောက်ဆုံးပေါ် Andriod Version 8.1 ပါဝင်သည်။ ဒါကြောင့် version အသစ်များ လျှင်မြန်စွာ မြှင့်တင်နိုင်မှာဖြစ်ပြီး သုံးစွဲရာတွင်လည်း များစွာ လျှင်မြန်မှု ရှိနေမယ်" လို့ ASUS APAC ရဲ့ Deputy General Manager ဖြစ်တဲ့ Peter Chang က ပြောပါတယ်။

 

ZenFone5 ကို Memory 4GB/64GB Storage ကို 399,000 ကျပ် ဖြင့်ရောင်းချပေးသွားမှာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့ထိ pre-order ဈေး 389,000 ကျပ်ဖြင့် မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Zenfone Max Pro ကိုတော့ Memory 6GB/64GB Storage ကို 319,000 ကျပ်၊ Memory 4GB/64GB Storage ကို 279,000 ကျပ်နှင့် Memory 3GB/32GB Storage ကို 219,000 ကျပ်ဖြင့်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


Author


က္က