waiting area မှ သတ်လို့မရတဲ့ ဇွန်ဘီးတွေနဲ့beta ဗားရှင်း

PUBG Mobile ကစားဖြစ်သူတွေအတွက် သတင်းကောင်းတစ်ခုက PUBG mobile 0.10.5 update သစ်မှာ ဇွန်ဘီးကောင်တွေကို ဂိမ်းထဲ ထည့်သွင်းလာတော့မှာပါ။

Photo: moneycontrol

         ပြီးခဲ့တဲ့နှစ်က PUBG ကို ပိုင်တဲ့ Tencent ဟာ Resident Evil 2 ကို ထုတ်ထားတဲ့ Capcom နဲ့ပူးပေါင်းမှုတွေ လုပ်ကတည်းက PUBG Mobile မှာ zombies mode ပါလာတော့မလားလို့အားလုံးက မျှော်လင့်နေကြတာပါ။ မကြာခင် ထွက်လာမယ့် update သစ်မှာ ဇွန်ဘီးတွေအပြင် Zombies mode map အသစ်လည်း ထည့်သွင်းလာမယ်လို့ယူဆထားကြပါတယ်။

         PUBG Mobile YouTuber တစ်ဦးဖြစ်တဲ့ Mr.Ghost Gaming တင်ထားတဲ့ ဗွီဒီယိုမှာ 0.10.5 beta update ထဲ ပါလာတဲ့ ဇွန်ဘီးတွေကို စောင့်ရတဲ့ဧရိယာနဲ့မြေပုံမှား တွေ့ရမယ်လို့ပြထားပြီး ဒီကောင်တွေကို သတ်လို့တော့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီထဲမှာပဲ Zombie mode အတွက် အထူးမြေပုံတစ်ခု ပါဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။

         zombie mode မှာ မတူညီတဲ့ ဇွန်ဘီး အမျိုးအစား ၉၈ မျိုးနဲ့အထူးလေ့ကျင့်ထားတဲ့ လက်ရွေးစင် ပလေယာတစ်ဖွဲ့တို့တိုက်ခိုက်ရမှာဖြစ်ပြီး အရင်လို လက်နက်သုံးခွင့်မပါတာက ထူးခြားနေမှာပါ။ ဇွန်ဘီးတွေမှာလည်း လက်နက်သုံးခွင့်ပေးမထားပဲ သူတို့ရဲ့ ရန်သူဖြစ်တဲ့ ပလေယာတွေကို တိုက်ခိုက်ဖို့ဇွန်ဘီးအင်အားအများအပြားကို သုံးသွားမှာ ဖြစ်ပါတယ်။

         နောက်ထပ် update ဗားရှင်းမှာ အသစ်ထပ်ထည့်လာဖို့ရှိတာကတော့Season 5 နဲ့အတူ တွေ့ရမယ့် Royale Pass အတွက် အသုံးအဆောင်တွေပါပဲ။ ဒီထဲမှာ ဝတ်စုံသစ်တွေ ၊ gun skins နဲ့ဆံပင်ပုံစံအသစ်တွေပါ တွေ့ရဖို့ရှိပါတယ်။ zombies theme နဲ့လိုက်ဖက်မှု ရှိအောင် Mad Max ထဲကလိုမျိုး ကမ္ဘာပျက်ကိန်း အလွန် မြင်ကွင်းတွေ ပါဝင်လာမှာပါ။    

         zombie mode လိုပဲ နောက်ထပ် တွေ့ရမယ့် feature ကတော့ အပေါ့စား AR ရိုင်ဖယ်နဲ့စက်သေနတ်တွေ ၊ Vikedi stable map နဲ့Night Mode တွေ ပါဝင်လာဖို့ရှိပါတယ်။ ဒီ features တွေကို ခေါ်မယ့် တရားဝင်နာမည်တော့ PUBG ဘက်မှ မကြေငြာသေးပါဘူး။ PUBG ဟာ Vikendi Snow map သစ်ကို ဂိမ်းမှာ စတုတ္ထမြောက် မြေပုံအဖြစ် ဖြန့်ချိထားသလို တရုတ်နှစ်သစ်ကူး theme နဲ့ locations တွေလည်း ဖြန့်ချိသွားဖို့စီစဉ်ထားပါတယ်။



         version သစ်မှာ စိတ်ဝင်စားဖို့ကောင်းတာက ကစားရင်း သေသွားတာကို နောက်ကြောင်းပြန်ကြည့်လို့ရတဲ့ Death Cam feature သစ်လည်း ပါလာမှာပါ။ လက်နက်သစ်အနေနဲ့MK 47 Mutant ၊ သုံးဘီးကားသစ် Tukshai တို့လည်း မြင်ရဖို့ရှိပါတယ်။ Mr.Ghost Gaming ကတော့ PUBG Mobile zombie update ကို ထင်ထားတာထက် ပိုစောစော မြင်ရဖို့ရှိမယ်လို့ဆိုတာကြောင့် ဇန်နဝါရီ တတိယအပတ်အတွင်း မြင်ရမလား စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က