• Tech News
    USB ကနေ Passcode ဝင်မဖြည်နိုင်စေဖို့security mode တစ်ခု Apple ထည့်သွင်း
Nyein Min Wai
[Unicode Version]

ဇူလိုင်လ ၉ ရက်နေ့က iOS 11.4.1 ဖြန့်ချိချိန်မှာ USB Resticted Mode ဆိုပြီး လုံခြုံရေး feature သစ်တစ်ခု ပါဝင်လာပါတယ်။

4E12508400000578-0-image-a-29_1531167727714.jpg

photo: DailyMail

 

iOS ထုတ်ကုန်တွေရဲ့ passcode ဟာ လုံခြုံရေးမြင့်မားပေမယ့် ပြဿနာတစ်ခု ရှိပါတယ်။ အဲဒါကတော့ iPhone/iPad တွေမှာ Lightning Port ကနေ တစ်ဆင့် USB နဲ့ချိတ်ဆက်ပြီး passcode တွေကို crack ဖြည်နိုင်တာပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့Apple ဟာ iOS 11.4.1 မှာ iPhone တွေကို USB device တွေ ချိတ်လို့မရအောင် ကာကွယ်ပေးမယ့် feature သစ်ကို ထည့်သွင်းလိုက်တာပါ။

Apple ဟာ GrayKey လိုမျိုး passcode cracking tools သုံးပြီး ဖုန်းထဲ ဝင်လို့မရစေဖို့USB Resticted Mode ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ USB Restricted Mode ဖွင့်ထားချိန်မှာ iPhone ဟာ တစ်နာရီကြာတာနဲ့lock ကျသွားမှာ ဖြစ်ပြီး  USB access ပိတ်နေမှာပါ။ iOS ကနေ Lightning port ချိတ်မရအောင် ဖြတ်တောက်သွားမှာ ဖြစ်ပြီး အားပဲသွင်းနေမှာ ဖြစ်ပါတယ်။

iOS 11.4.1 မှာ ပါတဲ့ USB Restricted Mode ကို enable လုပ်ဖို့အတွက် Settings ကနေ Touch ID & Passcode (iPhone X မှာဆိုရင် FaceID & Passcode) ထဲ ဝင်ပြီး USB Accessories toggle ကို ပိတ်လိုက်ရမှာပါ။ ဒါဆိုရင် USB Restricted Mode က ပွင့်နေမှာ ဖြစ်ပါတယ်။

ximg_5b44bc9c1a448.png.pagespeed.gp+jp+jw+pj+ws+js+rj+rp+rw+ri+cp+md.ic.DfFoWH0sF7.png

photo: HowToGeek

 

third party software တွေကနေ iPhone ရဲ့ လုံခြုံရေးစနစ်ထဲ ဝင်မရအောင် ပိတ်သွားမယ့် ဒီစနစ်မှာ ပြဿနာတစ်ခုရှိတယ်လို့ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ElcomSoft က သုတေသီတွေကတော့ ဆိုပါတယ်။

"ကျွန်တော်တို့အကြိမ်ကြိမ် စမ်းကြည့်တော့ USB Restricted mode ကို reboot ကနေ ထိန်းပြီး Recovery Mode ကနေ တစ်ဆင့် software ကို ဆက် restore လုပ်သွားတယ်လို့တွေ့ပါတယ်။ ပြောရရင် တစ်ခါတည်းနဲ့တော့ ဒီ mode ကို ဝင်လို့မရဘူးပေါ့။ ကျွန်တော်တို့တွေ့လိုက်တာက iPhone မှာ အရင်က မချိတ်ဘူးတဲ့ USB accessory တစ်ခုခု ချိတ်လိုက်ပြီဆိုရင် USB Restricted Mode ကနေ ဖုန်းကို တစ်နာရီကြာရင် လော့ခ်ပိတ်ဖို့countdown လုပ်လိုက်တာပါပဲ။ "

"ဒီတော့ ရဲတစ်ယောက်ကသာ တရားခံရဲ့ iPhone ကို ရပြီဆိုပါစို့။ ဒီဖုန်းကို compatible ဖြစ်တဲ့ USB နဲ့ချက်ချင်းချိတ်လိုက်ရင် တစ်နာရီကြာမှ active ဖြစ်မယ့် ဒီ mode ကို ရှောင်နိုင်မှာပါ ။ အရေးကြီးတာက ဒီလိုလုပ်ဖို့ကတော့ iPhone ဟာ USB Restricted Mode မဝင်ထားမှ အလုပ်ဖြစ်မှာပါ။"  လို့ElcomSoft မှ လုံခြုံရေးပညာရှင် အိုလက်အက်ဖိုနင်က ပြောပါတယ်။

4E12506400000578-0-image-a-35_1531167937905.jpg

iPhone လော့ခ်ဖြည်တဲ့ GrayKey တစ်ခု (photo: DailyMail)

 

အက်ဖိုနင်ကတော့ ဒီလိုလုပ်ဖို့Apple ထုတ် USB 3 Camera adapter အတွက် သုံးတဲ့ Lightnign တောင် သုံးလို့ရနိုင်တယ်လို့ဆိုပါတယ်။ တစ်ခုရှိတာက  USB Restricted Mode ကိုတော့ ဝင်ဟက်လို့မရသေးပါဘူး။

[Zawgyi Version]

ဇူလိုင္လ ၉ ရက္ေန ့က iOS 11.4.1 ျဖန္ ့ခ်ိခ်ိန္မွာ USB Resticted Mode ဆိုျပီး လံုျခံဳေရး feature သစ္တစ္ခု ပါဝင္လာပါတယ္။

photo: DailyMail

 

iOS ထုတ္ကုန္ေတြရဲ့ passcode ဟာ လံုျခံဳေရးျမင့္မားေပမယ့္ ျပႆနာတစ္ခု ရိွပါတယ္။ အဲဒါကေတာ့ iPhone/iPad ေတြမွာ Lightning Port ကေန တစ္ဆင့္ USB နဲ ့ခ်ိတ္ဆက္ျပီး passcode ေတြကို crack ျဖည္ႏိုင္တာပါပဲ။ ဒီျပႆနာကို ေျဖရွင္းဖို ့Apple ဟာ iOS 11.4.1 မွာ iPhone ေတြကို USB device ေတြ ခ်ိတ္လို ့မရေအာင္ ကာကြယ္ေပးမယ့္ feature သစ္ကို ထည့္သြင္းလုိက္တာပါ။

Apple ဟာ GrayKey လိုမ်ိဳး passcode cracking tools သံုးျပီး ဖုန္းထဲ ဝင္လို ့မရေစဖို ့USB Resticted Mode ကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။ USB Restricted Mode ဖြင့္ထားခ်ိန္မွာ iPhone ဟာ တစ္နာရီၾကာတာနဲ ့lock က်သြားမွာ ျဖစ္ျပီး  USB access ပိတ္ေနမွာပါ။ iOS ကေန Lightning port ခ်ိတ္မရေအာင္ ျဖတ္ေတာက္သြားမွာ ျဖစ္ျပီး အားပဲသြင္းေနမွာ ျဖစ္ပါတယ္။

iOS 11.4.1 မွာ ပါတဲ့ USB Restricted Mode ကို enable လုပ္ဖို ့အတြက္ Settings ကေန Touch ID & Passcode (iPhone X မွာဆိုရင္ FaceID & Passcode) ထဲ ဝင္ျပီး USB Accessories toggle ကို ပိတ္လိုက္ရမွာပါ။ ဒါဆိုရင္ USB Restricted Mode က ပြင့္ေနမွာ ျဖစ္ပါတယ္။

photo: HowToGeek

 

third party software ေတြကေန iPhone ရဲ့ လံုျခံဳေရးစနစ္ထဲ ဝင္မရေအာင္ ပိတ္သြားမယ့္ ဒီစနစ္မွာ ျပႆနာတစ္ခုရိွတယ္လို ့ဆိုက္ဘာလံုျခံဳေရးကုမၸဏီ ElcomSoft က သုေတသီေတြကေတာ့ ဆိုပါတယ္။

"ကြ်န္ေတာ္တို ့အၾကိမ္ၾကိမ္ စမ္းၾကည့္ေတာ့ USB Restricted mode ကို reboot ကေန ထိန္းျပီး Recovery Mode ကေန တစ္ဆင့္ software ကို ဆက္ restore လုပ္သြားတယ္လို ့ေတြ ့ပါတယ္။ ေျပာရရင္ တစ္ခါတည္းနဲ ့ေတာ့ ဒီ mode ကို ဝင္လို ့မရဘူးေပါ့။ ကြ်န္ေတာ္တို ့ေတြ ့လိုက္တာက iPhone မွာ အရင္က မခ်ိတ္ဘူးတဲ့ USB accessory တစ္ခုခု ခ်ိတ္လိုက္ျပီဆိုရင္ USB Restricted Mode ကေန ဖုန္းကို တစ္နာရီၾကာရင္ ေလာ့ခ္ပိတ္ဖို ့countdown လုပ္လိုက္တာပါပဲ။ "

"ဒီေတာ့ ရဲတစ္ေယာက္ကသာ တရားခံရ့ဲ iPhone ကို ရျပီဆိုပါစို ့။ ဒီဖုနး္ကို compatible ျဖစ္တဲ့ USB နဲ ့ခ်က္ခ်င္းခ်ိတ္လိုက္ရင္ တစ္နာရီၾကာမွ active ျဖစ္မယ့္ ဒီ mode ကို ေရွာင္ႏိုင္မွာပါ ။ အေရးၾကီးတာက ဒီလိုလုပ္ဖို ့ကေတာ့ iPhone ဟာ USB Restricted Mode မဝင္ထားမွ အလုပ္ျဖစ္မွာပါ။"  လို ့ElcomSoft မွ လံုျခံဳေရးပညာရွင္ အိုလက္အက္ဖိုနင္က ေျပာပါတယ္။

iPhone ေလာ့ခ္ျဖည္တဲ့ GrayKey တစ္ခု (photo: DailyMail)

 

အက္ဖိုနင္ကေတာ့ ဒီလိုလုပ္ဖို ့Apple ထုတ္ USB 3 Camera adapter အတြက္ သံုးတဲ့ Lightnign ေတာင္ သံုးလို ့ရႏိုင္တယ္လို ့ဆိုပါတယ္။ တစ္ခုရိွတာက  USB Restricted Mode ကိုေတာ့ ဝင္ဟက္လို ့မရေသးပါဘူး။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs