• Tech News
    ခေတ်မီဆန်းသစ်သော X Series Mirrorless ကင်မရာအသစ် မိတ်ဆက်
Wai Yan Thwin
[Unicode Version]

ဖူဂျီမှ ခေတ်မီဆန်းသစ်သော X Series Mirrorless ဒီဂျစ်တယ်ကင်မရာအသစ်ဖြစ်တဲ့ ဖူဂျီဖလင် X-T 100 ကို မိတ်ဆက်လိုက်ပါတယ်။

xt100.jpg

Photo : X-T100

 

ယခုနှစ်တွင် ဖူဂျီဖလင်မှ စတင်ဖြန့်ဖြူးရောင်းချမည့် နောက်ဆုံးထွက်ရှိသော X-T100 ကင်မရာသည် ဓါတ်ပုံရိုက်ခြင်း နှင့် ဓါတ်ပုံကို ချစ်မြတ်နိုးသော မျိုးဆက်သစ် လူငယ်ပရိတ်သတ်များအား ရည်ရွယ်ထားပါသည်။ Electronic Viewfinder တပ်ဆင်ထားသော ရုပ်ထွက်ကောင်းမွန်စေသည့် 24.2 Megapixel APS-C CMOS sensor ပေါင်းစပ်ထားသည်။ 4K video recording ကို ပံ့ပိုးရန်၊ ရွေ့လျားပုံရိပ်များကို ရိုက်ကူးရန် Touch Screen control လျင်မြန်သော အလိုအလျောက် focus စနစ်တို့ပါဝင်ကြောင်း သိရသည်။

 

ဂန္တဝင်ဆန်သော Retro ပုံစံနှင့် ကိုင်တွယ်ရာတွင် သက်တောင့်သက်သာ ခံစားရစေမည့် ကင်မရာဖြစ်သောကြောင့် သုံးစွဲသူများ ပိုမိုနှစ်သက်စေမည်ဟု ယုံကြည်ကြောင်းသိရသည်။ ဖူဂျီဖလင်မြန်မာ လီမိတက်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. KoJi Wada မှ "ဖူဂျီဖလင်သည် ၂၀၁၇ ခုနစ်အတွင်း မြန်မာနိုင်ငံရှိ သုံးစွဲသူများအလိုက် ရည်ရွယ်ထားသော ထုတ်ကုန်များ၊ X-Series ကင်မရာများနှင့် အတူ Mirrorless ကင်မရာဈေးကွက်အတွင်း ကောင်းစွာ အောင်မြင်နေပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်သော ပစ္စည်းများ အနက်မှ အထူးသဖြင့် X-T20 ဟာလည်း အလယ်အလတ်တန်း ဈေးကွက်အတွင်း လူကြိုက်အများဆုံးအဖြစ် ဆက်လက်ရှိနေပါဦးမယ်" ဟု ပြောကြားခဲ့ပါသည်။

fuji.jpg

Photo : Fujiflim Myanmar Event

 

X-T100 ကင်မရာအသစ်တွင် သယ်ဆောင်ရလွယ်ကူပြီး အဆုံးစွန်ထိ ပုံရိပ်ပြတ်သားမှုကို ပေးစွမ်းရန် လွယ်ကူလျင်မြန်စွာဖြင့် အလိုအလျောက် လွှဲပြောင်းပေးသော Bluetooth ဆက်သွယ်မှုစနစ်များကိုလည်း အသုံးပြုတပ်ဆင်ထားကြောင်း သိရသည်။

[Zawgyi Version]


Photo : X-T100

 


 



 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs