• Tech News
    ဒီနှစ် Apple ပွဲကို ဖမ်းစားခဲ့တဲ့ ထုတ်ကုန်များ
Nyein Min Wai
[Unicode Version]

တစ်နှစ်လုံး စောင့်မျှော်ခဲ့တဲ့ iPhone သစ် မိတ်ဆက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ မိတ်ဆက်ခဲ့သမျှကို စိစစ်ကြည့်ရင် Apple ဟာ ဒီပွဲမှာ ကြေငြာချက် ၄ ခုကို အဓိကထား မိတ်ဆက်သွားတယ်လို့ဆိုရမှာပါ။

 

(၁) Apple Watch Series 4

  SJM-L-APPLEEVENT-0913-14.jpg

Photo: San Jose Mercury News

ဒီပွဲဟာ iPhone မိတ်ဆက်ပွဲလို့ပြောကြပေမယ့် တကယ်တမ်း နည်းပညာ ဆန်းသစ်မှု အမြင့်ဆုံးက စတုတ္ထမျိုးဆက် Apple Watch Series 4 လို့ပြောနိုင်ပါတယ်။ ထူးခြားတာက အရင် Watch Series 3 ထက် မျက်နှာပြင် ၃၀% ကျော်စီ ပိုကြီးလာပေမယ့် ပိုပြီး ပါးလွှာတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ထွက်လာတာပါ။

အထူးခြားဆုံးက စက္ကန့်၃၀ အတွင်း ECG ဖတ်ပေးနိုင်တဲ့ စနစ်ပါရှိတာ ဖြစ်ပါတယ်။ နာရီအိုးဘေးက Digital Crown ပေါ်က haptic feedback ကို ထိပြီး နှလုံးခုန်းနှုန်းတိုင်းတာနိုင်တဲ့ ဒီ feature ဟာ ဒီပွဲမှာ လူပြောများခဲ့တဲ့ နည်းပညာတစ်ခုပါ။

 

(၂) iPhone XS ၊ iPhone XS Max

apple-iphone-xs-xs-max-hands-on-2-720x720.jpg

Photo: Digital Trends

 

Apple ကတော့ မျက်နှာပြင်အကြီးစား iPhone ခေတ်ကို ရွှေ့လာနေပြီ ဖြစ်ပါတယ်။ ဒီထဲကမှ OLED display သုံး မော်ဒယ် ၂ မျိုး ထွက်လာခဲ့တာ ဖြစ်ပြီး storage ကို 512GB အထိ အမြင့်ဆုံး သုံးလာတာပါ။

Appl Event မှာ အားလုံး စိတ်ဝင်စားကြတဲ့ နောက်တစ်ချက်က ဒီနှစ် iPhone သုံးမျိုးစလုံးဟာ ရေစိုခံတာပါပဲ။ dual SIM သုံးလာတဲ့ iPhone XS နဲ့XS Max တို့ကတော့ ရေစို/ဖုန်တင်ခံနှုန်း အမြင့်ဆုံး ဖြစ်တဲ့ IP68 rating ပါလာလို့ရေအနက် ၆ ပေခွဲကို မိနစ် ၃၀ အထိ အစိမ်ခံနိုင်မယ်လို့ဆိုပါတယ်။

တစ်ခုရှိတာက ဈေးသိပ်မြင့်လာတာပါပဲ။ ဈေးကွက်မှာတော့ iPhone XS အနိမ့်ဆုံးမော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့iPhone XS Max ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်း ခန့်) ဈေးတွေနဲ့လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောင်းချသွားမှာပါ။

 

(၃) အောက်တိုဘာလလယ်ကျော်မှ ဝယ်လို့ရမယ့် iPhone XR

iPhone-Xr2.png

Photo: Fossbytes

 

ဒီနှစ်ရဲ့ တစ်လုံးတည်းသော LCD မော်ဒယ် ဖြစ်ပြီး အရောင် ၅ မျိုးနဲ့ထွက်လာတဲ့ iPhone ပါ။ မျက်နှာပြင် ၆.၁ လက်မဆိုပေမယ့် ကိုယ်ထည်ဖွဲ့စည်းချက်ကြောင့် ၅.၅ လက်မမော်ဒယ် iPhone 8 Plus ထက်တောင် သေးလာပါတယ်။

၂၀၁၈ ရဲ့ တန်ဖိုးအနည်းဆုံး iPhone ဖြစ်ပေမယ့် တစ်ခြားအမြင့်မော်ဒယ်နှစ်မျိုးအတိုင်း 7nm process နဲ့ပထမဆုံး ထုတ်ထားတဲ့ A12 Bionic chip နဲ့အတူ အဆင့်မြင့် Face ID စနစ်ကို သုံးလာခဲ့ပါတယ်။  အောက်တိုဘာ ၁၉ ရက်နေ့မှ ဈေးကွက်ထဲ ရောက်မှာပါ။

 

(၄) ဆော့ဖ်ဝဲလ် updates များ

appleiphone2018_0493.jpg

Photo: Ars Technica

 

iOS 12 ကို စက်တင်ဘာ ၁၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ဖို့ကြေငြာခဲ့သလို macOS ဖြစ်တဲ့ Mojave ကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထွက်လာမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

 

[Zawgyi Version]

တစ္ႏွစ္လံုး ေစာင့္ေမွ်ာ္ခဲ့တဲ့ iPhone သစ္ မိတ္ဆက္ပဲြၾကီး ျပီးဆံုးသြားခဲ့ျပီ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၂ ရက္ေန ့ မိတ္ဆက္ခဲ့သမွ်ကို စိစစ္ၾကည့္ရင္ Apple ဟာ ဒီပဲြမွာ ေၾကျငာခ်က္ ၄ ခုကို အဓိကထား မိတ္ဆက္သြားတယ္လို ့ဆိုရမွာပါ။

 

(၁) Apple Watch Series 4

 

Photo: San Jose Mercury News

ဒီပဲြဟာ iPhone မိတ္ဆက္ပဲြလို ့ေျပာၾကေပမယ့္ တကယ္တမ္း နည္းပညာ ဆန္းသစ္မႈ အျမင့္ဆံုးက စတုတၳမ်ိဳးဆက္ Apple Watch Series 4 လို ့ေျပာႏိုင္ပါတယ္။ ထူးျခားတာက အရင္ Watch Series 3 ထက္ မ်က္ႏွာျပင္ ၃၀% ေက်ာ္စီ ပိုၾကီးလာေပမယ့္ ပိုျပီး ပါးလႊာတဲ့ကိုယ္ထည္ဒီဇိုင္းနဲ ့ထြက္လာတာပါ။

အထူးျခားဆံုးက စကၠန္ ့၃၀ အတြင္း ECG ဖတ္ေပးႏိုင္တဲ့ စနစ္ပါရိွတာ ျဖစ္ပါတယ္။ နာရီအိုးေဘးက Digital Crown ေပၚက haptic feedback ကို ထိျပီး ႏွလံုးခုန္းႏႈန္းတိုင္းတာႏိုင္တဲ့ ဒီ feature ဟာ ဒီပဲြမွာ လူေျပာမ်ားခဲ့တဲ့ နည္းပညာတစ္ခုပါ။

 

(၂) iPhone XS ၊ iPhone XS Max

Photo: Digital Trends

 

Apple ကေတာ့ မ်က္ႏွာျပင္အၾကီးစား iPhone ေခတ္ကို ေရႊ ့လာေနျပီ ျဖစ္ပါတယ္။ ဒီထဲကမွ OLED display သံုး ေမာ္ဒယ္ ၂ မ်ိဳး ထြက္လာခဲ့တာ ျဖစ္ျပီး storage ကို 512GB အထိ အျမင့္ဆံုး သံုးလာတာပါ။

Appl Event မွာ အားလံုး စိတ္ဝင္စားၾကတဲ့ ေနာက္တစ္ခ်က္က ဒီႏွစ္ iPhone သံုးမ်ိဳးစလံုးဟာ ေရစိုခံတာပါပဲ။ dual SIM သံုးလာတဲ့ iPhone XS နဲ ့XS Max တို ့ကေတာ့ ေရစို/ဖုန္တင္ခံႏႈန္း အျမင့္ဆံုး ျဖစ္တဲ့ IP68 rating ပါလာလို ့ေရအနက္ ၆ ေပခဲြကို မိနစ္ ၃၀ အထိ အစိမ္ခံႏိုင္မယ္လို ့ဆိုပါတယ္။

တစ္ခုရိွတာက ေစ်းသိပ္ျမင့္လာတာပါပဲ။ ေစ်းကြက္မွာေတာ့ iPhone XS အနိမ့္ဆံုးေမာ္ဒယ္ကို ၉၉၉ ေဒၚလာ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) နဲ ့iPhone XS Max ကို ၁၀၉၉ ေဒၚလာ (ျမန္မာေငြ ၁၇ သိန္း ခန့္) ေစ်းေတြနဲ ့လာမယ့္ စက္တင္ဘာ ၂၁ ရက္ေန ့မွာ ေရာင္းခ်သြားမွာပါ။

 

(၃) ေအာက္တုိဘာလလယ္ေက်ာ္မွ ဝယ္လို ့ရမယ့္ iPhone XR

Photo: Fossbytes

 

ဒီႏွစ္ရဲ့ တစ္လံုးတည္းေသာ LCD ေမာ္ဒယ္ ျဖစ္ျပီး အေရာင္ ၅ မ်ိဳးနဲ ့ထြက္လာတဲ့ iPhone ပါ။ မ်က္ႏွာျပင္ ၆.၁ လက္မဆိုေပမယ့္ ကိုယ္ထည္ဖဲြ ့စည္းခ်က္ေၾကာင့္ ၅.၅ လက္မေမာ္ဒယ္ iPhone 8 Plus ထက္ေတာင္ ေသးလာပါတယ္။

၂၀၁၈ ရဲ့ တန္ဖိုးအနည္းဆံုး iPhone ျဖစ္ေပမယ့္ တစ္ျခားအျမင့္ေမာ္ဒယ္ႏွစ္မ်ိဳးအတိုင္း 7nm process နဲ ့ပထမဆံုး ထုတ္ထားတဲ့ A12 Bionic chip နဲ ့အတူ အဆင့္ျမင့္ Face ID စနစ္ကို သံုးလာခဲ့ပါတယ္။  ေအာက္တိုဘာ ၁၉ ရက္ေန ့မွ ေစ်းကြက္ထဲ ေရာက္မွာပါ။

 

(၄) ေဆာ့ဖ္ဝဲလ္ updates မ်ား

Photo: Ars Technica

 

iOS 12 ကို စက္တင္ဘာ ၁၇ ရက္ေန ့မွာ တရားဝင္ ထုတ္ျပန္ဖို ့ေၾကျငာခဲ့သလို macOS ျဖစ္တဲ့ Mojave ကိုေတာ့ စက္တင္ဘာ ၂၄ ရက္ေန ့မွာ ထြက္လာမယ္လို ့ထုတ္ျပန္ခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs